Friday, August 26, 2016

ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားသော ပုဂံရှေးဟောင်း စေတီပုထိုးများမှာ အသစ်ပြုပြင်ထားသော စေတီပုထိုးများဖြစ်

ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားသော ပုဂံရှေးဟောင်း စေတီပုထိုးများမှာ အသစ်ပြုပြင်ထားသော စေတီပုထိုးများဖြစ်

အင်းအားပြင်းငလျင်ကြောင့် ပျက်စီးပြိုကျသွားသည့် ပုဂံမြို့ရှိ စေတီ၊ ပုထိုးများနှင့် လာရောက်ဖူးမြော်နေသူအချို့ကို သြဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ငလျင်ကြောင့် ပျက်စီးသွား သော စေတီပုထိုးများသည်ယခင် ပုဂံ ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားပြီး အသစ်ပြုပြင် တည်ဆောက်ထားသည့် စေတီပု ထိုးများသာဖြစ်ကြောင်း သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပြောသည်။
‘‘အခု ပျက်စီးသွားတဲ့ စေတီ ပုထိုးတော်များသည် ၁၉၇၅ ခုနှစ် တုန်းက ပျက်စီးထားတဲ့ စေတီအ များစုဖြစ်တယ်ဆိုတာ တွေ့ရပါ တယ်။ ၁၉၇၅  ပုဂံငလျင်မှာ ကြုံ တွေ့တဲ့အခါတုန်းကလေ။ ယဉ် ကျေးမှုဝန်ကြီးဌာနမှာလည်း ၀န် ထမ်းဖွဲ့စည်းပုံရော၊ လူအင်အား ရော ထောက်ပံ့မှုရော အပြည့်အစုံ မရှိပါဘူး။ တခြားဝန်ကြီးဌာနတွေရဲ့ ပူးပေါင်းမှုအားနဲ့ ချီတက်ခဲ့တာဖြစ်ပါတယ်။ နည်းနည်းလေးနည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုလည်းရှိခဲ့ပါတယ်။ တချို့လည်းပေါ့ အမြန်လုပ်တဲ့အခါကျ အရည်အသွေးမြင့်ပြီး မလုပ်ခဲ့နိုင်ဘူးဆိုတဲ့ မှတ်တမ်းများလည်း တွေ့ရှိရပါတယ်။ အဲဒီမှတ်တမ်းတွေနဲ့ပတ်သက်လို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုပြတိုက် အောက်ထပ်မှာ တစ်ဆူချင်းစီရဲ့ မှတ်တမ်းတွေရှိပါတယ်’’ ဟု ၀န်ကြီး သူရဦးအောင်ကိုက ပြောသည်။
သြဂုတ် ၂၄ ရက်က ငလျင် ဒဏ်ကြောင့် ပျက်စီးသွားသော ပုဂံမြို့ရှိ စေတီပုထိုးများသည် အ သစ်ပြုပြင်ထားသည့် အပေါ်ပိုင်း နေရာများသာဖြစ်ကြောင်း ယဉ် ကျေးမှုဦးစီးဌာန၊ ရှေးဟောင်းသု တေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးသိန်းလွင်က ပြောသည်။
‘‘များသောအားဖြင့်တော့ တော်တော်များများက ဟုတ်ပါ တယ်။ အဲဒီတုန်းက အပေါ်ပိုင်း လေးတွေ ပြင်ထားတာလေ။ အခု ကျ ငလျင်တွေ ခါလိုက်တော့ အောက်ပိုင်းက အဟောင်းနဲ့ အ ပေါ်ပိုင်းက အသစ်က ခါထွက်သ လိုဖြစ်တာပေါ့။ လှုပ်လိုက်သလို ဖြစ်ပြီးတော့ အသစ်ပြင်ထားတာ က ပြုတ်ကျတာပေါ့။ အခုဖြစ်တာက အဲဒီလိုဟာတွေ များပါတယ်’’ဟု ဒုညွှန်ကြားရေးမှူး ဦးသိန်းလွင်ကပြောသည်။
ယခု ဖြစ်ပွားခဲ့သော ပုဂံ ငလျင်သည် မူလ ရှေးလက်ရာ ဟောင်းများဖြင့် တည်ရှိသော စေတီပုထိုးနေရာများ၌ ထိခိုက်ပျက်စီးခြင်းမရှိကြောင်း ပုဂံဒေသခံများက ပြောသည်။
‘‘ကျွန်တော်တို့ စေတနာကြီး မှာ အရင်က ထိပ်ပိုင်းက အလုံး ကြီး။ ထီးတင်ထားတာလည်းမရှိ ဘူး။ အဲဒါကို ဦးခင်ညွန့်လက် ထက်တုန်းက အပေါ်ပိုင်းကို ထပ် မြှင့်ပြီး ထီးတင်လိုက်တယ်။ အခု အဲဒီထပ်မြှင့်ထားတဲ့နေရာ ပြုတ် ကျတာပဲ။ ဥပမာတစ်ခုပြမယ်။ အခု လောကနန္ဒာဘုရား အောက် ပိုင်းတွေမှာ ဘာမှမဖြစ်ဘူး။ သူ ထီးတင်ခဲ့တဲ့ ထီးတော်တစ်ခုပဲ အောက်ပြုတ်ကျတယ်’’ ဟု စေတနာကြီး ဘုရား လုံခြုံရေး အ စောင့် ကိုမောင်မောင်ကြီးက ရှင်း ပြသည်။
သြဂုတ် ၂၄ ရက်တွင်ချောက်မြို့ အနီး၌ အင်အား ၆ ဒသမ ၈ ရစ်ခ်ျတာစကေးရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ရာ  ပုဂံဒေသရှိ စေတီပုထိုး ၁၈၇ ဆူ ထိခိုက်ပျက်စီးခဲ့သည်။ ငလျင်ကြောင့် ပျက်စီးခဲ့ရသော စေတီပုထိုးများ တွင် ဓမ္မာရံကြီး၊ ထီးလိုမင်းလို၊ ရွှေဆံတော်၊ စူဠာမဏိ၊ အာနန္ဒာ၊ လောကနန္ဒာ၊ ဂူပြောက်ကြီး၊ ပြဿဒ်ကြီး စသည့်နာမည်ကြီး စေတီပုထိုးများ ပါဝင်သည်။
ပျက်စီးမှုဖြစ်ပွားသော စေ တီပုထိုးများကို 7Day သတင်း ထောက်က လိုက်လံကြည့်ရှုရာ အားလုံးနီးပါးမှာ ယခင်ငလျင် ဒဏ်ကြောင့် အသစ်ပြုပြင်တည် ဆောက်ထားသည့် နေရာများသာ အဓိက ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

http://www.7daydaily.com/story/73814

No comments: