Tuesday, August 30, 2016

၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံကြိုဆိုပွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနီးမှာ ပြုလုပ်

၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံကြိုဆိုပွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနီးမှာ ပြုလုပ်
 30 August 2016

၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံကြိုဆိုပွဲကို ဒီကနေ့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနီးမှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီ့ပွဲ ဦးဆောင်ကျင်းပသူတွေဟာ ၂၁ ရာစု ပင်လုံညီလာခံ ကြိုဆိ...ုထောက်ခံတဲ့ လက်မှတ်တွေကို တိုင်းနှင့်ပြည်နယ်အသီးသီးမှာ ကောက်ခံခဲ့ကြပါတယ်။
၂၁ ရာစု ပင်လုံညီလာခံကို ပြည်သူတွေ ထောက်ခံကြိုဆိုကြောင်းသိရှိအောင် ရရှိလာတဲ့ လက်မှတ် နှစ်သောင်းကျော်ကို လွှတ်တော်နဲ့ နိုင်ငံတကာမှာရှိတဲ့ အဖွဲ့အစည်းတွေကို ပေးပို့သွားမှာ ဖြစ်ပါတယ်။
Photo: Kyaw Zawe Win, Aung Thain Kha/RFA


၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြိုဆိုတဲ့အနေနဲ့ လူအင်အား ၅ဝ ကျော်က ရန်ကုန်မြို့တော်ခန်းမရှေ့က မဟာဗန္ဓုလပန်းခြံမှာ ကဗျာရွတ်တာတွေ၊ ထောက်ခံကြောင်းလက်မှတ်တွေ ကောက်ခံခဲ့ပါတယ်။
RFA သတင်းထောက် ကိုကျော်ဇောဝင်း က တင်ပြထားပါတယ်။
ရိုက်ကူး - အောင်သိင်္ခ၊ ကျော်ဇောဝင်း

 













 

No comments: