Wednesday, August 3, 2016

ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် အလျင်မြန်ဆုံးနှစ် ဖြစ်လာမည်ဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်

ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် အလျင်မြန်ဆုံးနှစ် ဖြစ်လာမည်ဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်

Wednesday, August 3, 2016
 
မြန်မာနိုင်ငံ၏ ယခုနှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးမှုသည် အလျင်မြန်ဆုံး ဖြစ်လာမည်ဖြစ်ကြောင်း ကမ္ဘာဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
...
မြန်မာနိုင်ငံတွင် အစိုးရသစ်ပြောင်းလဲပြီး နောက်တွင် ပြည်ပပိတ်ဆို့မှုများကို လျှော့ချပေးခဲ့ခြင်းတို့ကြောင့် နိုင်ငံခြားမှ လုပ်ငန်းရှင်များအတွက် မြန်မာနိုင်ငံ၏ စီးပွားရေးအနာဂတ်သည် အလားအလာ ကောင်းလာနိုင်ကြောင်း သိရသည်။
ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၈ ဒသမ ၄ ရာခိုင်နှုန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟု ခန့်မှန်းထားပြီး ယင်းပမာဏမှာ အာရှ-ပစိဖိတ်ဒေသတွင် အမြင့်မားဆုံး ဖွံ့ဖြိုးမှုဖြစ်သည်ကြောင်း ဖော်ပြထားသည်။
ဆက်လက်၍ ဒီိမိုကရေစီအစိုးရသစ်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စီးပွားရေးမူဝါဒ တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ စီးပွားရေးမူဝါဒတွင် ပါဝင်သည့် အချို့သော ဖြေလျော့သည့် အချက်တို့ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ယခင်ကထက် ပိုမိုဖွံ့ဖြိုးလာနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များကလည်း သုံးသပ်ကြသည်။
“အရင်က ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ မူဝါဒဆိုင်ရာကိုပြောရရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက သိပ်အရေးကြီးတယ်။ နိုင်ငံခြားကလာမယ့် သူတွေကို ကန့်သတ်ချက်တွေ ဖြေလျော့ပေးဖို့လိုတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ဆုံး အထူးစီးပွားရေးဇုန်တွေကို များများလုပ်ပေးရမယ်။ မြန်မြန် အကောင်အထည် ဖော်ပေးရမယ်” ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ရင်းနှီးမြှုပ်နှံမှု မူဝါဒနှင့် ပတ်သက်၍ The Ladies သို့ သုံးသပ်ပြောကြားသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက်ကိုမူ နိုင်ငံခြားလုပ်ငန်းရှင်များ ပိုမိုစိတ်ဝင်စားသော အထူးစီးပွားရေးဇုန်များ များများဖော်ဆောင်ပေးရန် လိုအပ်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်အတွင်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံရှိခဲ့ပြီး ယင်းအနက် ကန်ဒေါ်လာ ၃ ဘီလီယံကျော်မှာ မြန်မာအိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်၏အစီရင်ခံစာအရ မြန်မာနိုင်ငံအတွင်း ပိုမိုကောင်းမွန်သော ငွေလဲလှယ်မှုစနစ်၊ လျှပ်စစ်မီးနှင့် နိုင်ငံပိုင်ဘဏ်များ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နိုင်ပါက လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ၏စီးပွားရေးသည် ပြန်လည် တိုးတက်လာနိုင်မည်ဖြစ်ရာ တိုးတက်မှုနှုန်း ၇၅ ရာခိုင်နှုန်း အထိ တိုးတက်လာမည်ဟု ထောက်ပြထားသည်။
ဝသန်
The Ladies News
Myanmar Online News's photo.
 

No comments: