Sunday, August 7, 2016

၂၈ နှစ်မြောက် ( ၈၈၈၈ )နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ၂၁ရာစုပင်လုံညီလာခံကြီးထောက်ခံဆန္ဒပြုလွှာ လက်မှတ်များကောက်ခံ၇ရှိခြင်း

၂၈ နှစ်မြောက် ( ၈၈၈၈ )နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ၂၁ရာစုပင်လုံညီလာခံကြီးထောက်ခံဆန္ဒပြုလွှာ လက်မှတ်များကောက်ခံ၇ရှိခြင်း

6 August 2016
Toranto, Canada

သြဂုတ်လ ( ၆ )ရက် ၂၀၁၆ ခုနှစ်တွင် ကနေဒါနိုင်ငံ တိုရန်တိုမြို့ ၌ ( ၂၈ )နှစ်မြောက် ( ၈၈၈၈ ) အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည် ။ အဆိုပါ( ၂၈ )နှစ်မြောက် ( ၈၈၈၈ ) အခမ်းအနားသို့ တို၇န်တို မြို့ ရှိ  (၈၈၈၈ ) ကျောင်းသားကျောင်းသူ ရဟန်းရှင်လူ တိုင်းရင်းသားပြည်သူများအပြင် ကနေဒါနိုင်ငံ အိုတာဝါမြို့ မှ၎င်း ၊ အမေရိကန် ဘတ်ဖဲလိုမြို့ ၊ ဖော့ဝေးမြို့ မှ ၈၈၈၈ ကျောင်းသားကျောင်းသူစုစုပေါင်း ( ၈၀ ) နီးပါးမျှ တက်ရောက်ခဲ့ကြသည် ။

( ၂၈ )နှစ်မြောက် ( ၈၈၈၈ ) အခမ်းအနားတွင် ၁၉၈၈မှယနေ့ထိကျဆုံးခဲ့ကြသောရဟန်းရှင်လူကျောင်း
သားပြည်သူအပေါင်းအား ကနေဒါရောက် ၈၈မောင်နှမများမှ ရေစက်ချ အမျှအတန်းပေးဝေခဲ့ကြသည် ။

( ၈၈၈၈ ) ဒီမိုကရေစီ ပြည်သူ့ အရေးတော်ပုံကြီးအတွင်းကျဆုံးခဲ့သော ဒီမိုကရေစီသူရဲကောင်းများအား အလေးပြုခြင်း ၊ အခမ်းအနားသို့ တက်ရောက်လာသူများမှ ( ၈၈၈၈ ) အတွေ့ အကြုံများအား ပြောကြားခြင်း ၊ (၂၁ )ရာစုပင်လုံညီလာခံအပါအ၀င် လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေကိုသုံးသပ်ဆွေးနွေးခြင်း ၊စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြည်သူ့ အစိုးရမှ ဦးဆောင်ကျင်းပမည့် ( ၂၁ ) ရာစုပင်လုံညီလာခံ ထောက်ခံကြိုဆိုကြောင်း လက်မှတ်များ ကောက်ခံခြင်း ၊သတင်းရရှိပါသည် ။

အခမ်းအနားသို့ တက်ရောက်လာသူများအား မြန်မာမုန့် ဟင်းခါးဖြင့် တည်ခင်း ကျွေးမွေးခြင်း ၊ ကနေဒါ တိုရန်တိုမြို့ မှထုတ်လုပ်သော မြန်မာကဗျာ များ ၊မဂ္ဂဇင်းများ မေတ္တာလက်ဆောင်ပေးခြင်းကို လည်းပြုလုပ်ခဲ့ကြပါသည် ။တော်လှန်ရေး ၊ ငြိမ်းချမ်းရေးကဗျာများရွတ်ဆိုခြင်း ၊ တော်လှန်ရေး ၊ငြိမ်းချမ်းရေးသီချင်းများသီဆိုခြင်းများ ကျင်းပ ပြုလုပ်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြကြောင်း သတင်းရရှိပါသည် ။

အောင်ခိုင်မြင့်
https://www.blogger.com/

ဓာတ်ပုံများကို ကိုဘသာ ၊ကိုမောင်မောင်ဦး ၊မလေးလေးနွယ် ၊ ကိုမင်းသူ ဖေ့ဘုတ်စာမျက်နှာများမှ ရယူပါသည် ။




 

 

 

 

No comments: