Monday, August 29, 2016

ဆောက်လုပ်ပြီး တန်ဖိုးနည်းအိမ်ရာများအား ရှစ်နှစ်အရစ်ကျဖြင့် ရောင်းချပေးသွားရန်ရှိဟုဆို

ဆောက်လုပ်ပြီး တန်ဖိုးနည်းအိမ်ရာများအား ရှစ်နှစ်အရစ်ကျဖြင့်
ရောင်းချပေးသွားရန်ရှိဟုဆို

29 August 2016

----- ----- -----
လက်ရှိဆောက်လုပ်ပြီးစီးထား သည့် ငွေကျပ်သိန်း ၁၂၀ နှင့် သိန်း ၇၀ ကြားရှိ တန်ဖိုးနည်း တိုက်ခန်း ၂၂၀၈ ခန်း အား အိမ်ပိုင်မရှိသူများအား ရှစ်နှစ် အရစ်ကျဖြင့် ရောင်းပေးသွားရန်ရှိကြောင်း မြိုရွာနှင့်အိုးအိမ်ဖွံဖြိုးရေးဦးစီး...
ဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

အဆိုပါဆောက်လုပ်ပြီးစီးသည့် တန်ဖိုးနည်းတိုက်ခန်းများ ၀ယ်ယူလိုသူ များအနေဖြင့် အိမ်ပိုင် ပိုင်ဆိုင်မှုမရှိကြောင်းတင်ပြရမည် ဖြစ်ပြီး မိသားစုဝင်ငွေအနေဖြင့် သုံးသိန်းမှ ငါးသိန်းအထိရှိရမည်ဖြစ်သည်။
တိုက်ခန်းကို အရစ်ကျစနစ်နှင့်ဝယ်ယူသူများအနေဖြင့်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အကောင့်ဖွင့်ပြီး အတိုးနှုန်းအပါအ၀င် ရှစ်နှစ်အရစ်ကျ ရောင်းချမည်ဖြစ်ပြီး ဆောက်လုပ်မှုပြီးစီးပြီဖြစ်သည့်
အဆိုပါ တန်ဖိုးနည်းတိုက်ခန်များကို အိမ်ပိုင်မရှိသူ ၀င်ငွေနည်းပြည်သူ
များနှင့် အစိုးရ၀န်ထမ်းများ အား ရောင်းချပေးသွားမည်ဖြစ်ကာ ၀ယ်ယူ လိုသူများအနေဖြင့် အိမ်ပိုင် ပိုင်ဆိုင်မှုမရှိကြောင်းတင်ပြရမည်ဖြစ်ပြီး မိသားစုဝင်ငွေအနေဖြင့် သုံးသိန်းမှ ငါးသိန်းအထိရှိရမည်ဖြစ်ကြောင်း သိရှိရသည်။

တိုက်ခန်းကို အရစ်ကျစနစ်ဖြင့် လက်ငင်းဝယ်ယူလိုသူများအနေဖြင့်
လေးလ ခွဲသွင်းပြီး ၀ယ်ယူနိုင်ကြောင်း သိရသည်။

ရောင်းချသွားမည့် အိမ်ရာ စီမံကိန်းများမှာ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း(၁)မှ ၈၆၄ခန်း၊ဒဂုံဆိပ်ကမ်းမြို့နယ် ကနောင်အိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၈၄၀ခန်း၊လှိုင်သာယာ မြို့နယ် ရွှေလင်ဗန်းအပိုင်း (၃)မှ ၅၀၄ခန်း စုစုပေါင်း၂၂၀၈ခန်း ကို ရောင်းချပေးသွားမည်ဖြစ်ပြီး တိုက်ခန်းများမှာ ခြောက်ခန်း တွဲ လေးထပ်နှင့် ရှစ်ခန်းတွဲ လေးထပ်ရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခန်းများလျှောက်လွှာဝယ်ယူရမည့်နေ့ရက်နှင့် စည်ကမ်းချက်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့က သတင်းစာများတွင်ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်း
သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရောင်းချမည့်အခန်း၏ ၇၀ရာခိုင်နှုန်း
ကို အများပြည်သူများအား ရောင်းချပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ၃၀ရာခိုင်နှုန်းအား ပြည်ထောင်စုအစိုးရက အစိုးရ၀န်ထမ်းများ အားရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ပြီး ယခုအစိုးရသက်တမ်းတွင် မြန်မာနိုင်ငံအတွင်း အိမ်ပိုင်
မရှိသူ အစိုးရ၀န်ထမ်းများနှင့် အများပြည်သူများ ပိုင်ဆိုင်နိုင်သည့် အခွင့်အရေးများရရှိနိုင်ရန် ကျပ် သိန်း တစ်ရာအာက် တန်ဖိုးနည်း
အိမ်ရာများ အလုံး နှစ်သိန်းခန့် ဆောက်လုပ်ပေးသွားရန်ရှိကြောင်း
သိရသည်။

စိုင်းဟန်
Photo _ MOI
The Ladies News

No comments: