Saturday, August 13, 2016

“သြဂတ်စ်မှတ်တမ်း”

“သြဂတ်စ်မှတ်တမ်း”

ကျောက်သားထက်မှာ ရေးထိုးထားတဲ့ စာတွေ
ပျက်ရင် ပျက်သွားလိမ့်မယ်
ပေထက်မှာ တင်ထားတဲ့ အက္ခရာတွေ...

ပြယ်ရင် ပြယ်သွားလိမ့်မယ်…

နှလုံးထက်မှာ တင်ရေးခဲ့ရတဲ့ မှတ်တမ်းဟာ
တရံတခါမှ မပျက်ပြယ်ခဲ့ဘူး…

မိုးကောင်းကင်နဲ့ ထပ်တူတည်တယ်
မဟာပထ၀ီမြေကြီးနဲ့ ထပ်တူတည်တယ်
စကြာဝဠာ ကမ္ဘာနဲ့ ထပ်တူတည်တယ်..

သြဂတ်စ်မှတ်တမ်းမှာ
အချပ်ပို အပျော်ဖတ်စရာ စာတစ်မျက်နှာမှမပါဘူး
စာမျက်နှာတိုင်းမှာ
ရာဇ၀င်တွင်မယ့် သမိုင်းတွေအပြည့်နဲ့..။


ဆောင်းယွန်းလ (သြဂတ်စ် ၈ရက်၊ ၂၀၁၆)

 

No comments: