Friday, August 5, 2016

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာခရီးစဉ် ပုံမှန်အတိုင်း သွားမည်ဟုဆို

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာခရီးစဉ် ပုံမှန်အတိုင်း သွားမည်ဟုဆို

Friday, August 5, 2016
 
အိုင်အက်စ်စစ် သွေးကြွအဖွဲ့က ပစ်မှတ်ထား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခံရ သော စာရင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် အမည်ပါရှိနေသော် လည်း နိုင်ငံတကာခရီးစဉ်များ ပုံ မှန်အတိုင်း သွားရောက်မည်ဖြစ် ကြောင်း နိုင်ငံခြားရေးဒုဝန်ကြီး ဦးကျော်တင့်က 7 Day Daily ၏ မေးမြန်းချက်ကို ဖြေကြားသည်။
...
‘‘နိုင်ငံတကာခရီးစဉ်တွေနဲ့ က လျာထားတဲ့ပုံမှန် Commitment (ကတိပေးပြီးသောကိစ္စ) တွေ အတိုင်းသွားဖို့ရှိပါတယ်။ အာဆီယံနိုင်ငံတွေနဲ့ ကျန်တဲ့ဖိတ် ကြားထားတဲ့ နိုင်ငံတွေတော့သွား ဖို့ရှိပါတယ်’’
သို့သော် အိုင်အက်စ်က ခြိမ်းခြောက်စာပို့ထားသည့် မ လေးရှားနိုင်ငံသို့ လတ်တလော သွားရောက်ရန်မရှိသေးကြောင်း ဒုဝန်ကြီးက ပြောသည်။
‘‘ဒါပေမဲ့ အာဆီယံနိုင်ငံတွေ ကိုတော့ တတ်နိုင်သမျှ သမ္မတ ကြီးရော အတိုင်ပင်ခံပုဂ္ဂိုလ်ပါ အ ပြန်အလှန်သွားရောက်လည်ပတ် ရတာတော့ ရှိပါတယ်။ ဒါပေမဲ့ နေ့ရက်တွေတော့ မသတ်မှတ်ရ သေးပါဘူး။ ကုလညီလာခံနဲ့ အာ ဆီယံဆန်းမစ် တက်ရောက်ဖို့ တော့ ရှိမှာပါ’’ဟု ဒုဝန်ကြီးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန်ခရီးစဉ်ကို နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ ဌာနချုပ်၌ စက်တင်ဘာ ၁၃ ရက်မှ ၂၆ ရက်အထိ ပြုလုပ်မည့်(၇၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် အချိန်ကိုက်စီစဉ်ထားကြောင်း သိရသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစု ကြည်ကို တရုတ်၊ မြောက်ကိုရီး ယား၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့ကလည်း အလည်အပတ် ဖိတ်ခေါ်ထားသည်။ ဒေါ်အောင်ဆန်းစု ကြည်က အိန္ဒိယသို့ လည်ပတ်လို စိတ်ရှိကြောင်း အာဆီယံအစည်း အဝေးအတွင်း ဖော်ပြသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားသည်။ ဒေါ်အောင် ဆန်းစုကြည်၏ ပထမဆုံးနှင့် ဒုတိယမြောက် နိုင်ငံတော်အဆင့် တရားဝင် ပြည်ပခရီးစဉ်နှစ်ခုစလုံး သည် လာအိုနိုင်ငံဖြစ်ပြီး မေလ နှင့် ဇူလိုင်လအတွင်း သွားရောက်ခဲ့သည်။
အိုင်အက်စ်စစ်သွေးကြွအ ဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်မည် ဟု ခြိမ်းခြောက်ခံရသော စာရင်း တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမည်ပါရှိနေသဖြင့် ဒေါ်အောင် ဆန်းစုကြည်၏ လုံခြုံရေးကို တိုး မြှင့်ထားပြီး အိုင်အက်စ်အဖွဲ့က တိုက်ခိုက်သည့် လုပ်ပုံလုပ်နည်း များကို အလေးထား လေ့လာ ဆောင်ရွက်နေကြောင်း နိုင်ငံ တော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိ သူ ဦးဇော်ဌေးက ပြောသည်။
‘‘အကြမ်းဖက်ခြိမ်းခြောက်မှု သတင်းနဲ့ပတ်သက်လို့ ကျွန်တော် တို့က လျှော့တွက်လို့လည်းမရ ဘူး။ ပိုတွက်လို့လည်း မရဘူး။ အဲဒီကြားထဲက လုပ်သင့်လုပ် ထိုက်တာကို အထူးသတိထားပြီး တော့ လုပ်ဆောင်ရမှာပါ။ ကမ္ဘာ တစ်ဝန်းဖြစ်စဉ်တွေ ပြန်ကြည့် လိုက်ရင် အိုင်အက်စ်က သူတို့မ လာဘဲ ဒေသတွင်းမှာ ရှိနေတဲ့သူတို့ရဲ့ သစ္စာခံတွေက တိုက်ခိုက် တဲ့ (Home Grown Cells) ပုံစံ အဲဒါတွေ အခြေခံပြုလုပ်သွားတာ များတယ်ပေါ့။ အဲဒီ Home Grown Cells တွေကို ဒီဘက်မှာ လည်း ပြည်ထဲရေးဝန်ကြီးဌာနက အလေးထားဆောင်ရွက်နေတာ တွေရှိတယ်။ နိုင်ငံတကာနဲ့လည်း ချိတ်ဆက်ပြီး လုပ်နေတာတွေရှိ တယ်’’ဟု ဦးဇော်ဌေးက ပြောကြား သည်။
အိုင်အက်စ်စစ်သွေးကြွအ ဖွဲ့သည် မလေးရှားရဲတပ်ဖွဲ့ထံသို့ ‘အိုင်အက်စ် ခြိမ်းခြောက်မှု’ ခေါင်းစဉ်ဖြင့် သြဂုတ် ၁ ရက်က ပေးပို့သည့် ခြိမ်းခြောက်စာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၎င်းတို့ ပစ်မှတ်စာရင်း၌ ထည့် သွင်းထားကြောင်း မလေးရှားအ ခြေစိုက် The Star သတင်းဌာနက ဖော်ပြသည်။
7Day
ဇွန်လ ၂၃ ရက်က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ ခရီးထွက်ခွာခဲ့စဉ် (ဓာတ်ပုံ - Myanmar State Counsellor Office)

No comments: