Saturday, August 13, 2016

ဆင်းရဲနွမ်းပါးသူများ လူမှုစီးပွားဖွံ့ဖြိုးရေးစီမံကိန်း နော်ဝေနှင့် လက်မှတ်ရေး ထိုး

ဆင်းရဲနွမ်းပါးသူများ လူမှုစီးပွားဖွံ့ဖြိုးရေးစီမံကိန်း နော်ဝေနှင့် လက်မှတ်ရေး ထိုး

Saturday, August 13, 2016 
 
မြန်မာနိုင်ငံအတွင်း ဆင်းရဲနွမ်းပါးသူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်းများ ဆောင်ရွက် ရန် ဩဂုတ် ၁၂ ရက်က နော်ဝေနိုင်ငံ အခြေ စိုက် Stromme Foundation နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့သည်။
...
ယင်းစီမံကိန်းကို ၂ဝ၁၆ မှ ၂ဝ၁၉ခုနှစ်အထိ သုံးနှစ်စီမံကိန်းအဖြစ် ဆောင် ရွက် သွားမည်ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီးရှိ ဆင်းရဲနွမ်းပါးသည့်မိသားစု သုံးထောင်ကို အသက်မွေးဝမ်းကျောင်း ပညာနှင့် ငွေကြေး ထောက် ပံ့ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။
“နော်ဝေနိုင်ငံအခြေစိုက် ဖောင်ဒေးရှင်းက အမေရီကန်ဒေါ်လာ နှစ်သန်း ထည့်ဝင်ပြီး ဧရာဝတီတိုင်းက မိသားစု သုံးထောင်ကို အသက်မွေးဝမ်းကျောင်း ပညာသင်ပေးမယ်။ ငွေကြေးတွေ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်”ဟု အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
လူထုအခြေပြုအစိုးရ ဖြစ်လာစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကြောင်း ပညာများ သင်ကြားပေးကာ ဆင်းရဲနွမ်းပါးမှုများ လျှော့ချရန်၊ အလုပ်အကိုင် အခွင့်အလမ်းများပိုမိုရရှိပြီး လူမှုစီးပွားဘဝများ တိုးတက်လာစေ ရန် နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်းနှင့် Stromme Foundation သည် နိုင်ငံပေါင်း ၁၄ နိုင်ငံရှိ လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျှက်ရှိသည့် အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။
The Voice

No comments: