Saturday, August 20, 2016

မြန်မာ့ကျောက်စိမ်းများကို ဥရောပဈေးကွက် အထိ ထိုးဖောက်ရန် လိုအပ် ဟုဆို

မြန်မာ့ကျောက်စိမ်းများကို ဥရောပဈေးကွက် အထိ ထိုးဖောက်ရန် လိုအပ် ဟုဆို
20 August 2016
 
×××××××××××××××××××××××××××××××××××××××××××××
နေပြည်တော်၊ သြဂုတ်
...
မြန်မာ့ ကျောက်စိမ်းဈေးကွက် အခြေအနေ ထိန်းသိမ်းနိုင်ရေး တရုတ်ဈေးကွက်တစ်ခုသာ အားထားနေရခြင်းထက် ဥရောပဈေးကွက်အထိ ထိုးဖောက် နိုင်ရန် လိုအပ်နေပြီဖြစ်ကြောင်း မန္တလေးမြို့ ကျောက်စိမ်း အရောင်း အဝယ်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရသည်။ ကျောက်စိမ်းဈေးကွက် ပြန်လည်ကောင်းမွန်ရေးနှင့် ဥရောပ ဈေးကွက်သို့ ထိုးဖောက်နိုင်ရန်အတွက် ပြည်တွင်းရှိ ကျောက်အချော ထည်ထုတ်လုပ်ခြင်း နည်း ပညာ မရှိခြင်းနှင့် ပြည်ပသို့ကျောက်စိမ်း တရားမဝင် တင်ပို့နေသည်များကို ထိန်းချုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ကျောက်စိမ်းလုပ်ငန်းရှင်များထံမှ သိရသည်။
''တရုတ်က ကျောက်ချင်းအတူတူ၊ ထုထားတဲ့ပုံချင်းတူနေတာတောင် လက်ရာကကောင်းတော့ ဝယ်သူမျက်စိကျတယ်။ သူတို့လက်ရာအ တိုင်းထုနိုင်ပြီဆိုရင်တောင် ပြည် တွင်းကိုလာတဲ့ နိုင်ငံခြားခရီးသွား တွေလည်း ဝယ်လာလိမ့်မယ်။ မြန်မာနိုင်ငံအနေနဲ့ နည်းပညာရဖို့တော့ အရမ်းခက်ခဲနေပါသေးတယ်''ဟု မန္တလေးမြို့မှ ကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကျော်သူက ပြောသည်။ မြန်မာနိုင်ငံကျောက်စိမ်းဈေးကွက် အတွင်း ကျောက်အချောထည်ပစ္စည်းများ ကောင်းမွန်စွာထုတ်လုပ် နိုင်ပါက ဥရောပဈေးကွက်သို့ချဲ့ထွင်နိုင်မည်ဖြစ်ပြီး အဓိကကျောက်စိမ်းဝယ်လက်များမှာလည်း နိုင်ငံတကာခရီးသွားနေသည့် တရုတ်လူမျိုးများ သာဖြစ်ကြောင်း ဦးကျော် သူကပြောသည်။
''ပြည်တွင်းက အကြမ်းထည် တွေပဲထုတ်နိုင်တော့ အကြမ်းထည်ကိုတရုတ်ကိုပို့တယ်။ တရုတ်ကအ ချောထည်ပြန်လုပ်ပြီး တစ်ကမ္ဘာလုံးကိုပြန်ဖြန့်တယ်။ နိုင်ငံတကာက ကျောက်စိမ်းလိုချင်တဲ့သူတွေနဲ့ တရုတ်က လည်း ဝယ်ကြတော့ ဈေးကွက်ကကောင်းတယ်''ဟု ကျောက်စိမ်းအရောင်းအဝယ် လုပ်ကိုင်သူ ဦးမျိုးမြင့်နိုင်က ပြောသည်။ မြန်မာနိုင်ငံအတွင်း ကျောက်အချောထည် ထုတ်လုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံမှ ကျောက် စိမ်းအချောထည် ထုတ်လုပ်သောလုပ်ငန်းများ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ဖူးသော်လည်း မြန်မာနိုင်ငံအတွင်း မြေငှားရမ်းခဈေးမြင့်ခြင်း၊ လျှပ်စစ်မီးမမှန် ခြင်းများရှိနေသဖြင့် လာရောက်လုပ် ကိုင်ခြင်းမရှိကြောင်း ကျောက် စိမ်းလုပ်ငန်းရှင်များထံမှ သိရသည်။ အရှေ့တောင်အာရှနိုင်ငံများ အတွင်းထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တရုတ်နှင့်မြန်မာနိုင်ငံများတွင် ကျောက်စိမ်းထွက်ရှိနေပြီး ကမ္ဘာ့အဆင့်မီ အရည်အသွေးမြင့်ကျောက်စိမ်းများ ကို ကချင်ပြည် နယ်၊ ဖားကန့်ဒေသမှ အများဆုံးထွက် ရှိကြောင်း သိရသည်။
TH(MMK)

1 comment:

Blogger said...

Did you know that you can create short urls with Shortest and make $$$$ from every click on your short urls.