Sunday, August 14, 2016

Contract (ပဋိဥာဉ်)ဆိုတာဘာလဲ?

Contract (ပဋိဥာဉ်)ဆိုတာဘာလဲ?
 
MOU & MOA ဆိုတာဘာလဲ?
 
14 August 2016

။Contract
(ပဋိဥာဉ်)ဆိုတာ ဘာလဲလို့တိုက်ရိုက်မပြောခင် သူနဲ့ဆက်နွှယ်နေသော...

စကားလုံးတွေကို နားလည်အောင်လုပ်ဖို့လိုပါတယ်။ အဲဒါတွေကတော့ Promise
And Agreement စကားလုံးတွေပါ။ ထို Promise & Agreement တို့နဲ့ဆက်နွှယ်နေတာကတော့ MOU ပါ ။ Promise ဆိုတာက မြန်မာလို ကတိ လို့ လူတိုင်းအားလုံးသိပါတယ်။ Ordinary Sense ဆိုတဲ့ လူမှုအသိုင်း အ၀ိုင်းထဲမှာ နေ့စဉ်သုံးနေတဲ့စကားလုံးပါ ။ Legal Sense ဆိုတဲ့ ဥပဒေအကြောင်းအရသတ်မှတ်ထားသော အဓိပ္ပာယ်က တစ်မျိုးရှိပါတယ်။
Ordinary Sense ထဲမှာ ကတိဆိုတာ တစ်စုံတစ်ရာလုပ်မယ်၊တစ်စုံတစ်ရာ
မလုပ်ဘူးဆိုပြီးတော့ တာဝန်ယူတာပါဘဲ။အဲဒီတာဝန်ယူမှုက တစ်ဖက်သတ်
တာဝန်ယူမှုဖြစ်ပါတယ်။ ဥပမာ ---- အနေနဲ့ပြောရရင် အမျိုးသားတစ်
ယောက်က အမျိုးသမီးတစ်ယောက်ကို ကျွန်တော် တစ်သက်လုံးအလုပ်
အကျွေးပြုပါမယ်လို့ ကတိပြုလိုက်တယ်။ တစ်စုံတစ်ရာလုပ်ပေးပါမယ်လို့
တာဝန်ယူလိုက်တာပါဘဲ။ အဲဒီတာဝန်ယူမှုက တစ်ဖက်သတ်တာဝန်ယူမှုဖြစ်
ပါတယ် ။ Ordinary Sense နေ့စဉ်ဘ၀မှာ အဲဒါကို ကတိလို့ခေါ်ပါတယ်။
Legal Sense မှာတော့ တစ်စုံတစ်ယောက်က တစ်စုံတစ်ခုလုပ်ပေး
မယ် ၊မလုပ်ပေးဘူးဆိုပြီး တစ်ဖက်သတ်ပြောတာကို နောက်တစ်ဖက်ကနေ
လက်ခံလိုက်တယ်၊ သဘောတူလိုက်တယ်ဆိုတော့မှ Promise လို့သုံးပါ
တယ်။ Ordinary Sense နေ့စဉ်လူနေမှုဘ၀တွေမှာတော့ Promise တစ်ဖက်သတ်ပြောတာပါဘဲ။ တစ်ယောက်ကပြောပြီး တစ်ယောက်ကသဘောတူသွားတာ ကိုနေ့စဉ်သုံးမှာ Agreement ဖြစ်သွားပါတယ်။
ဥပဒေအကြောင်းအရ Promise ဆိုတာကို Agreement လို့လက်ခံတယ်။
Promise and Agreement တို့က ဥပဒေအကြောင်းအရ စည်းနှောင်မှုမရှိပါ
ဘူး။ မင်းကိုငါတစ်သက်လုံးလုပ်ကျွေးပါမယ်လို့ကတိတွေပေးတယ်။မလုပ်
ကျွေးရင်အဲဒီကတိဖျက်တယ်ဆိုပြီးတရားစွဲလို့ ရမလား။အဲဒီတော့ Promise
And Agreement တို့က ဖောက်ဖျက်ရင် ဘာမှလုပ်လို့မရပါဘူး။တရားရုံးမှာ
တရားစွဲတာတို့လျော်ကြေးတောင်းတာတို့လုပ်လို့မရဘူး။နာမည်တော့ဖျက်
လို့ရတာပေါ့ ။နာမည်ပျက်တာတွေ ကတိပျက်တာတွေများသွားရင် ပတ်ဝန်း
ကျင်က သူ့ကို Black List လုပ်ပြီး လူမှုရေးနည်းလမ်းတွေနဲ့ဘဲ အရေးယူလို့ရမယ်။ ဥပဒေအကြောင်းအရအရေးယူလို့မရဘူး။
ဆိုလိုတာကတော့ Promise and Agreement တို့က Contract ရဲ့
အခြေခံတွေတော့ ဖြစ်ပါတယ်။ဒါပေမဲ့ အဲဒီအဆင့်မှာတော့အာနိသင်မရှိ
သေးဘူး။ဥပဒေအာနိသင်မရှိသေးတော့ ဖောက်ဖျက်ရင်ဘာမှလုပ်လို့
မရပါဘူး။
MOU (Memorandum of Understanding) ဆိုတာကတော့ နားလည်
မှု စာချွန်လွှာလို့ခေါ်ကြပါတယ်။တကယ်တမ်းပြောရရင် မှတ်တမ်းဖြစ်
ပါတယ်။ဘာစာချွန်လွှာ မဟုတ်ပါဘူး။စာချွန်လွှာလို့ သုံးလိုက်ရင် တရား
ရုံးကိုတိုက်ရိုက်လျှောက်ရတဲ့ WRIT လို့ ခေါ်တဲ့ စာချွန်လွှာနဲ့ရောနိုင်
ပါတယ်။ ကျွန်တော့် အမြင်ပြောရရင် နားလည်မှု စာချွန်လွှာက ခံ့ညားပေ
မဲ့ သိပ်မကြိုက်ပါဘူး။ MOU ဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက်
နားလည်မှု ဒီလိုရှိကြပါတယ်ဆိုတဲ့ မှတ်တမ်းတင်ထားတဲ့ သဘောပါဘဲ။
A ဆိုတဲ့ မြန်မာ တိုင်းရင်းသားပိုင် Comapany နဲ့ B ဆိုတဲ့ နိုင်ငံခြားသား
ပိုင် Company တို့ Joint Venture (JV) လုပ်ဖို့ အတွက် A က ၃၅ ရာခိုင်နှုန်း နဲ့ B က ၆၅ ရာခိုင်နှုန်း ပါမယ်ဆိုတာကို နားလည်မှုဖေါ်ပြ
ထားပြီး မှတ်တမ်းတင် ထားတာ MOU ( Memorandum of
Understanding) ဖြစ်ပါတယ်။ MOU ဆိုတာက ဥပဒေအရ စည်းနှောင်ဖို့
အဝေးကြီးဖြစ်ပါတယ်။ MOU လက်မှတ်ထိုးထားပြီးမလိုက်နာရင် ဘာမှ
လုပ်လို့ မရပါဘူး ။
သူနဲ့ အလားတူ LOI ဆိုတာ ရှိပါတယ် ။ LOI က (၂) မျိုးရှိပါတယ်။
တစ်မျိုးက Shipping လိုင်းမှာ သုံးတဲ့ Letter of Indemnity ဖြစ်ပါတယ်။
လျော်ကြေးပေးပါမယ်ဆိုပြီး ကတိပေးထားသောစာဖြစ်ပါတယ် ။ LOI လည်း
ဥပဒေအကြောင်းအရ ဘာမှစည်းနှောင်မှု မရှိပါဘူး ။ နောက်တစ်မျိုးကတော့
Letter of Intention ကို ပြောတော ဖြစ်ပါတယ် ။သူကလည်း Intention
ရှိတယ်ဆိုတဲ့ အကြောင်းမှတ်တမ်းတင်ထားတဲ့ သဘောဖြစ်ပါတယ်။
ဥပမာ--------တစ်နေ့ကျရင် မိမိတို့ Company နှစ်ခုပေါင်းပြီး အလုပ်လုပ်
ကြမယ်လို့ မှတ်တမ်းတင်ထားတာမျိုးဖြစ်တဲ့ အတွက် သူကလည်း MOU
နဲ့ ထူးမခြားနားပါဘဲ။ Promise ထက်အားနည်းတာပါဘဲ။ ထို့ကြောင့် ဒီိဥပ
ဒေ နှစ်ခုစလုံး သည် ဥပဒေအကြောင်းအရ ဘာမှစည်းနှောင်မှုမရှိတဲ့အ
တွက်ကြောင့် MOU ကိုဘဲချိုးချိုး ၊ LOI ကိုဘဲ ဖောက်ဖောက် ဘာမှ လုပ်လို့
မရပါဘူး။
နောက်တစ်ခုကတော့ MOA ဖြစ်ပါတယ် ။ MOA ဆိုတာကတော့
Memorandum of Agreement လို့ သုံးပါတယ်။သူ့ကိုနေရာတကာမှာ
မသုံးပါဘူး။ သူ့ကို သဘောင်္အရောင်းအ၀ယ်မှာတောင် သဘောင်္အရောင်းအ
ဝယ်လုပ်တဲ့ Contract ပုံစံတွေ အများကြီးရှိတဲ့ အထဲမှာမှ နော်ဝေနိုင်ငံက
သတ်မှတ်ထားသော Contract ပုံစံကိုဘဲ သုံးပါတယ်။
MOA (Memorandum of Agreement ) သည် Contract ပုံစံမျိုး ပြည့်စုံ
နေတာကြောင့် MOA သည် Contract ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် MOA ကို ရှေ့ပြေး Contract လို့ပြောလည်းရပါတယ်။
မည်သည့် အချိန်အခါ တွင် MOA ကို ချုပ်ဆိုကြသလဲလို့ မေးရင် စရံငွေDeposit ပေးတဲ့အချိန်မှာ MOA ကို ပထမဆုံးလက်မှတ်ရေးထိုးကြပါတယ်။
MOA ဆိုတာက ဘာနဲ့ တူသလဲလို့ ဆိုရင်တော့ မြေအရောင်းအ၀ယ်လုပ်
တဲ့အခါမှာ စရံ စာချုပ်ချုပ်ဆိုတာနဲ့ တူပါတယ်။ ထို့ကြောင့် ၀ယ်တော့မယ်လို့ ပြောဆိုပြီး စရံ ပေးထားတဲ့လူက သူမ၀ယ်ဖြစ်တော့
ဘူးဆိုရင် စရံ ရှုံးပါတယ်။
MOA (Memorandum of Agreement) သည် ရှေ့ပြေး Contract ဖြစ်တဲ့
အတွက်ကြောင့် ဥပဒေအကြောင်းအရ စည်းနှောင်မှုရှိပါတယ်။
Contract ပဋိဥာဉ် ဆိုတာကတော့ ရှေးရှေးတုန်းက ဆရာကြီးတွေ ဘာသာ
ပြန်တာ အရမ်းနီးစပ်ပါတယ်။ ပဋိဥာဉ်ဆိုတာကို ဘာသာပြန်ရင် ကတိက၀တ် ကိုပြောတာ ဖြစ်ပါတယ် ။ ကတိက၀တ်ဆိုတာ ကတိတစ်ခု
တည်းကို ပြောတာမဟုတ်ပါဘူး။ ကတိနှစ်မျိုးပါနေတဲ့ သဘောဖြစ်ပါတယ်။
တစ်နည်းအားဖြင့် တစ်ယောက်က ကတိပြုတယ်၊ အခြားတစ်ယောက်က ထို
ကတိ ကို သဘောတူတဲ့ နေရာမှာ ၄င်း ကတိကို က၀တ် လို့ခေါ်ပါတယ်။
ကတိက၀တ်ဆိုတာက တော့ Legal Sense အရ Promise နဲ့အတူတူပါဘဲ။
Contract ပဋိဥာဉ်ဆိုတာ ကတိက၀တ်လို့ ပြောလို့ ရပေမဲ့ ကတိက၀တ်တိုင်း ကတော့ Contract
ပဋိဥာဉ်ထဲမပါသေးပါဘူး ။တစ်နည်းအားဖြင့်
ဥပဒေအကြောင်းအရ စည်း
နှောင်မှု ရှိနေတဲ့ Agreement ကို Contract ပဋိဥာဉ်လို့ခေါ်တာပါဘဲ။
Agreement တိုင်းက Contract ပဋိဥာဉ် မဟုတ်ပေမဲ့ Contract ပဋိဥာဉ်တိုင်းကတော့ Agreement ဖြစ်တယ်လို့ပြောရင်တော့ မှန်ပါတယ်။
ဥပမာ------ဘုန်းကြီးတိုင်းက ကတုံး ဖြစ်ပေမဲ့ ကတုံး တိုင်းကတော့ ဘုန်း
ကြီး မဟုတ်ဘူးဆိုတာပါဘဲ။
Agreement တိုင်းကတော့ Contract ပဋိဥာဉ်မဖြစ်ဘူး ၊ Contract ပဋိဥာဉ်
တိုင်းကတော့ Agreement ဖြစ်ပါတယ်။
Contract ပဋိဥာဉ် သည် ဥပဒေအကြောင်းအရ စည်းနှောင်မှုရှိတဲ့အတွက်
ကြောင့် သူ့ကို မလိုက်နာဘူး ချိုးဖောက်မယ်ဆိုရင် ဥပဒေအကြောင်းအရ
အရေးယူဆောင်ရွက်လို့ရပါတယ်။ တရားစွဲတဲ့အခါမှာလည်း သူ့ကို ပဋိဥာဉ်
အတိုင်းလုပ်ခိုင်းမလား လျော်ကြေးတောင်းမလားစသည်ဖြင့်နည်းလမ်းတွေ
ရှိပါတယ်။
ထို့ကြောင့် Contract ပဋိဥာဉ် သည် Agreement and Promise တို့ထက်
အများကြီးသာသွားတယ်ဆိုတာပါဘဲ။ Contract ပဋိဥာဉ် ကိုဖောက်ဖျက်ရင်
အရေးယူလို့ရတဲ့ဆိုတာက အားအသာဆုံးအချက်ဘဲဖြစ်ပါတယ်။
Contract ပဋိဥာဉ်တွေ ဘယ်လောက်များသလဲဆိုရင်တော့ ရေတွက်လို့မရ
အောင် များပါတယ်။ ဘာကြောင့်လဲဆိုတော့ Law မှာ Freedom of Contract ဆိုတာရှိပါတယ်။ အဲဒီသဘောတရားကတော့ သတ်မှတ်ထားသော အချက်တွေကလွဲရင် Contract ပဋိဥာဉ် ကို လွတ်လပ်စွာ ချုပ်ချယ်ခွင့်ရှိတဲ့သဘောဖြစ်ပါတယ်။ ထို့ကြောင့် မည်သည့်
ကိစ္စတိုင်းကိုဘဲ ဖြစ်ဖြစ် Contract ပဋိဥာဉ် ချုပ်လို့ရတဲ့အပိုင်းဖြစ်နေပါတယ်။
Process of Contract
Contract ပဋိဥာဉ် တစ်ခုကို စလုပ်တော့ မယ်ဆိုရင်တော့ ပထမဆုံး ညှိနှိုင်းမှုတွေ စပြီးလုပ်ရပါမယ် ။ ပြေလည်သွားပြီဆိုရင်တော့ တစ်ယောက်
က လက်လှမ်းပေးမယ်။ တစ်ယောက်က လှမ်းယူလိုက်ပါမယ်။ တစ်ယောက်
ကအဆိုပြုချက်တစ်စုံတစ်ရာလုပ် လိုက်တယ် ။အဆိုပြုချက်ဆိုတာကတော့
အရပ်သဘောနဲ့ပြောရရင်တော့ ကတိတစ်ခုလုပ်လိုက်တာဖြစ်ပါတယ်။ နောက်တစ်ယောက်က သဘောတူတယ်၊ လက်ခံတယ်ဆိုရင် ကတိက၀တ်
ဖြစ်သွားပါပြီ။ သို့သော် သဘောတူတာကတော့ Agreement အဆင့်ဘဲရှိ
သေးတယ်။ ထို Agreement အဆင့်ကနေပြီးတော့ ဥပဒေအကြောင်းအရ
စည်းနှောင်မှုရှိအောင်လုပ်လိုက်ပြီဆိုရင်တော့ Contract ပဋိဥာဉ် အဆင့်ကို
ရောက်သွားပါပြီ။ Agreement ကနေ Contract ပဋိဥာဉ် အဆင့်ကိုရောက်ဖို့
အတွက် အရေးအကြီးဆုံးအချက်ကတော့ ဥပဒေအကြောင်းအရ စည်းနှောင်ဖို့ လိုအပ်ပါတယ် ။
ထို့ကြောင့် Agreement တစ်ခုကနေ ဥပဒေအကြောင်းအရ စည်းနှောင်ဖို့အတွက် အချက် (၅)ချက်ရှိပါတယ်။
(၁) Esssential –PAC
(၂) Communication
(၃) Capacities of parties
(၄) Consensus ad idem
(၅) Legality စသည့် အချက် (၅)ချက်ပြည့်စုံဖို့လိုအပ်ပါတယ်။
‪#‎Pyae‬ Soan Win

No comments: