Friday, August 12, 2016

ကျမ ဘဝ ရဲ့ သင်ခန်းစာအစ....( GandawinMee )

ကျမ ဘဝ ရဲ့ သင်ခန်းစာအစ....( ၁ )...

12 August 2016

ဘဝ ကြီးတခုလုံးနှင့် ချီပြီးပြောရပါသည်.
အဘယ်ကြောင့်ဆိုသော် ဤအကြောင်း
အရာသည် ကျမ နှင့်အတူ လူပေါင်းများစွာ
တို့၏ ဘဝပေါင်းများစွာကို ပြောင်းလွဲစေနိုင်ခဲ့ယုံ
သာမက...ယနေ့ မြန်မာပြည်အတွင်း ပြောင်းလဲနေသော ပြောင်းလဲခြင်းများ၏...အစ သည်လဲ....
ဤအကြောင့်အရာမှတဆင့်ခံ ဆင်းသက်လာသော
နောက်ဆက်တွဲ ...အကျီုးခံစားခွင့်များပင်ဖြစ်ပါသည့်
သမိုင်းဝင် ၈၈၈၈ အရေးတော်ပုံ အကြောင်း နှင့်
အတူ ပြောင်းလွဲသွားသော ကျမတိုဘဝ တဆစ်
ချိုးကို ပြန်ကြည် လျင်သတိရစရာ များစွာ ရှိသည်.
စက်တင်ဘါလ 18 ရက် စစ်တပ်မှ အါဏါ
သိမ်းပြီးနောက် နယ်စပ်ဒေသ အသီးသီးကို
နည်းမျီုးစုံနှင့်ကျော်ဖြတ်လာသော ကျောင်းသား အရပ်သားအလုပ်သမား ရဟန်းရှင်လူ ပြည်သူအပေါင်း
စုရပ်နေရာတခု သည် ကရင် လူမျီုးစု တော်လှန်ရေး
ပိုင်နယ်မြေ ထဲမှ သေဘောဘိုး ဆိုသော ရွာလေး ဖြစ်သည်.
ဤရွာလေးကို အခြေပြု ပြီး ကျမတို့ ၏ ဘဝ အစ မမေ့နိုင်သောသေဘောဘိုး Camp ဖြစ်လာရသည်.
သေဘောဘိုး ရွာလေး......ယိုးဒယားနိုင်ငံထွက်
ပလပ်စတစ် ပစ္စည်း မျီုး ပေါင်းစုံ ရောင်းချသည့်
အိမ်ဆိုင်ပေါင်းများစွာ ....ယိုးဒယား..ခေါကိဆွဲပြုတ်
ဆိုင် ....မှောင်ခို ကုန်သည်များ...နှင့် ကရင်လူမျီုးစု
တော်လှန်ရေး ...သမားများ..နှင်.့အသက်ရှင်...
လှူပ်ရှားနေရသော ..ရွာလေး......ကျမ၏....
အတွေးများသည် ..မိုးအေးအေး နှင့်...ဆောင်းချမ်းချမ်း
လေးမှာ...လွန်ခဲ့သော....၂၈နှစ်သို့....
ဆက်လက်ရေးသားပါအုံးမည်....
22.07.16....10:41pm
 
'အမေ အိမ်က ထွက်လာခါစ
လူလောက ကြီးထဲ စဝင်ခါစ
In 1989,in Bangkok Thailand.'
************************************************************
ကျမ ရဲ့ ဘဝ သင်ခန်းစာ အစ ( ၂ , က )

ပူပြင်းလှတဲ့ နွေညတည....

ကျမ ငယ်ငယ် က ရပ်ကွက်ထဲမှ လူများ နှင့်
ပေါင်းသင်းရချိန် နဲ့ပြီး ကျောင်းမှ သူငယ်ချင်း
ကျောင်းကားအတူတူစီး နေကြသူငယ်ချင်းများနှင့်
သာ အပြင်ထွက် စက်ဘီး စီး ချိန်းသွားတာများသည်.

ကျမ အချစ် ဆုံး သူငယ်ချင်း ကောင်မလေး
တယောက်က ကျမနဲ့အတန်းတူ TTC မှာ သူက
အင်းစိန် လမ်းသစ်လမ်းတွင် နေသည်. ကျမတို့နှစ်ယောက် လမ်းသစ်လမ်း တွင် စက်ဘီး စီးနေကြ...

လမ်းသစ်လမ်းနှင့် ရန်ကုန်အင်းစိန် လမ်းဆုံတဖက်
က ဧဒင် လက်ဘက်ရည် ဆိုင် နှစ်ယောက်သား ခိုးထိုင်နေကြ. ခိုင်ဇင် သင်းမီဘများကလဲ ကျမကိုချစ်ပါသည်.
သူတို့အိမ်က ကျမ စားအိမ်သောက်အိမ်.....

တနေ့ညနေ့ ကျမ အင်းစိန်အိမ်မှ ပြန်တာ နောက်ကျသဖြင့် အမေဆူသည်...ကျမလဲ သူကိုဘာမှပြန်မပြောဘဲ မီးပူ ထိုင်တိုက်နေလိုက်သည်...
နွေရာသီရောက်လျှင်...အမေက ...အိမ်မှာလူဆုံစေချင်
သည်....မီး နှစ်ခါ အလောင်ခံရပြီး....အမေသည်....
မီးဟေ့...ဆိုတာနဲ့ အဝတ်တွေ ထုပ်ခိုင်းသည်...
ဘယ်မှာ လောင်လဲ....သူမမေးနိုင်....

ည ၇ နာရီ ကျော်ကျော် လောက်ရှိမည်ထင်သည်.
သေနပ်သံလိုလို အသံတွေကြားရသည်...မီးသတ်
ကားသံတွေကြားရသည်....မီးဗျို့.မီးမီး ...အော်သံတွေ
လမ်းမ ပေါ်မှာ ကြားနေရသည်.

ကျမတို့အိမ်သည် သမိုင်းလမ်းဆုံမှ ၁၅ မီနစ်ခန့်
လမ်းလျှောက်ဝင်ရသည်. အလုပ်မှ ပြန်လာသော
ဦးလေးကြီးတယောက်က ကြို့ကုန်းဘက်မီးလောင်နေတယ် ထင်တယ် မီးသတ်ကားတွေ...စစ်ကားတွေ
အဲ့ဘက်သွားတာ တွေ့လိုက်တယ်.....မီးလောင်တယ်
ဆိုလဲ ဝေးပါတယ် ဒေါ်တင်ရေ....လို့ အမေကိုနစ်သိမ့်
စကားဆိုသွားတော့မှ...အမေ...အကြောက်ပြေသွားပုံရသည်.

အမေလဲ...စကားပြောလက်စ ..ခေါင်းရင်အိမ်ပြန်တက်သွားပြီး သူညီမနှင့် စကားသွားပြန်ပြော....
ကျမလဲ...ကြို့ကုန်းဆိုအင်းစိန်...နဲ့နီးတယ်...သွား
ကြည်ရင်ကောင်းမယ်ဆိုပြီး...အဖေကို ..တိုးတိုး
တိတ်တိတ်ခွင့်တောင်းပြီး...ထွက်ခဲ့သည်.

ကျမ သမိုင်းဘူတာရုံလမ်းရောက်သောအခါ
သမိုင်းလမ်းဆုံဘက် ထွက်မရတော့...စစ်ကားများကို
စတွေ့ရသည်. စိတ်ထဲတွင် ..တထင့်ထင့် ...ပိုစပ်စုချင်
စိတ်များပေါ်လာသည်.

နယ်မြေကျွမ်းကျင်သော ကျမအဖို့ တခြားလမ်းမှတဆင့် ရန်ကုန်အင်းစိန်လမ်းမကို
သွားနိုင်သည်. ကျမ ဘိုကုန်းလမ်းမှ နေ လမ်းဆုံဖက်ထွက်တော့ စစ်ကားတစီးတွေသည် စစ်သားများသည်
လည်စီး အနီများစီးထားသည်.နောက် တခါမှမမြင်ဘူး
သည် သံချပ်ကားလို ကားမျီုးတွေလဲ တွေ့ရသည်.
လမ်းဘေး ဈေးဆိုင် အိမ်များ က မီးရောင်များ အရောင်
မှိန်ထားသလိုဘဲ...ကျမ..ပုံစံက ကောင်လေးနှင့်ပိုတူနေသလို စက်ဘိန်းလေး အေးဆေး တွန်းလိုက် လူတွေ
တိုးတိုး ပြောနေတာတွေ နားထောင်လိုက် မီးကင်းတဲ့
နားမှာ လူတွေစုနေလျှင်ခဏရပ် နားစွင့်လိုက်နှင့်
တဖြေးဖြေး RIT ကျောင်းရှေ့ ရောက်သောအခါ
လမ်းနှစ်ဖက်စလုံး ကပလက်ဖောင်းတွေ ရေဆေး
ထားသလိုတွေ့ရပါသည်. နွေခေါင်ခေါင် မိုးကလဲ
မရွာ...ကျောင်းဝင်းတခုလုံးတိတ်ဆိတ်နေပါသည်...

ဦးလေးအရွယ် လူကြီးတွေ တယောက်စ...နှစ်ယောက်
စဘဲ တွေရပြီး ကျောင်းရဲ့ တဖက်ခြမ်း BPI လမ်းကြားကလဲ ပိုတိတ်ဆိတ်နေလေသည်.

ကျမ မျက်စေ့ထဲတွင် အမြင်ထူးနေသော စစ်ကားများ
တိတ်ဆိတ် လွန်းနေသော ကျောင်းဝင်း
လူတယောက်မှ မရှိသည့်ဘတ်စ်ကားမှတ်တိုင်
လိုင်းကားတွေလဲ...မရှိ...ကျောင်းရှေ့ကပလက်
တွေ ရေဆေးထားသလို...ဘာတွေလဲ....ဆိုပြီး
အိမ်ကို...အတွေးများစွာနှင့်...ပြန်လာခဲ့ရသည်

ဤတညသည် နောင်တွင် မြန်မာနိုင်ငံ
လူအခွင့်အရေးနေ့..ဖြစ်လာဘို့......အစားထိုးမရသော
ဆုံးရှုံးမူ့တွေ..နှင့်....ကျောင်းသားသမိုင်းတွင်...တွင်ရစ်
လေတော့သည်......ဆက်လက်ရေးပါအုံးမည်.
GandawinMee 23.07.16,....10:49
ကျမ၏ ဘဝ အစ နိုင်ငံရေး ပိုး ကျမ စိတ်ထဲ
ဘယ်လိုစဝင်လာသလဲ ဆိုတာ ကာရကံရှင်
ကျမကိုတိုင်ပင် အံသြရပါသည်. ဆက်လက်၍
March လနှင့် 8 August မတိုင်မှိ ပြည်တွင်း
၌ UG ကျောင်းသားများ လှူပ်လျှားမူ့...စပ်စုစိန်
ကျမ...အမေ မျက်စေ့...နောက်ကာ မော်လမြိုင်
အပို့ခံရ ...ကျိုက်သုတ် ဘုရား ..ကုန်းတော်
မီုးသည်းသောနေ့ ၌ရောက်လာသော....ကောင်
လေး သုံးယောက်...ကျေးဇူးပါ . Good Night
Everybody.


*****************************************
ကျမဘဝ ရဲ့ သင်ခန်းစာ အစ
( ၂.ခ )
ကျမကတော့ မနေညက ဖြစ်ခဲ့သည့် RIT
ကျောင်းဝန်းက သတင်းများကို အရမ်းစိတ်ဝင်
စားနေသည်. နိုင်ငံရေးတွင် ကျမ ၏ လက်ဦးဆရာ
ကျမ ၏ အမေ မသိစေချင်သော အကြောင်း အမေ
ခွင့်မပြုသောအကြောင်းများ ကအစ တိုင်ပင်စရာ
တဦးတည်းသောလူမှာ ကျမ၏ ဖခင် .....
အဖေသည် ပင်စင်စားတယောက် မနက်မိုးလင်း
ဒါနဲ့ သတင်းစာ တစောင် ရေနွေးအိုးတလုံး နှင့်
ကောက်ညှင်းပေါင်းလေး စားက ရေဒိယို နားထောင်
လိုက်သည်မှာ နေ့ခင်းထမင်းစားချိန် အထိ.....
တခါတခါ ရပ်ကွက်ထဲမှ အဖေအရွယ် သူငယ်ချင်း
ပင်စင်စားများလဲ အဖေနှင့်ရေနွေးချမ်းလာသောက်
သတင်းလာနားထောင်..ဆိုရှယ်လစ် လမ်းစဉ်ပါတီ
ငွေစက္ကူ များ အကြောင်း နိုင်ငံရေး စီးပွားရေ ရောက်တတ်ရာရာ ဆွေးနွေးကြတော့သည်.
ကျမသည် အိပ်ရာမှ ထပြီး စာအုပ်တခုခု ဖတ်နေရင်ဖတ် မဖတ်လျှင် လမ်းထိပ်ထွက်တခုခုလေးစား အဖေ
ရေနွေးချမ်းဝိုင်းနား..ယောင်လိုပင်မသွား..တခုခု ခေါ်
ခိုင်းမှာဆိုးသောကြောင့် မမြင်ရအောင်နေနေ တတ်သည်.ကျမတွင်အိမ်၌ သတ်သတ်မှတ်မှတ် ဘာလုပ်ရမည်ဟူ ၍ မရှိပေ.......
ဒိနေမနက်တော့ အဖေအသံကြားတာနဲ့ အိပ်ရာကထသည် အဖေ ရေနွေးကြမ်းဘမ်းလေး
ကို သေသေချာချာဆေးသည် ဆေးနေတုံးမှာလဲ
ရေနွေးအိုး အတွက် ရေနွေးတည်ထားသည်.
အဖေက ထူးခြားလှသော ကျမကို တချက် လှမ်း
ကြည့်သည်.
"အဖေဘာစားမလဲ မနက်စာ သမီးသွားဝယ်ပေးရမလား"
" ရပါတယ် သမီးရယ် ပဲပြုတ်သည်လေး အိမ်ရှေ့
ရောက်မှသာ လှမ်းခေါ်ဝယ်လိုက် ညတုံးကထမင်း
ကြမ်းကျန်သေးတယ်ဟုပ်" ဟုပ်ကဲ့ အဖေ.
အဖေကို ရေနွေးကျမ်း နှင့်တွဲသောက်ရန် ထန်းညှက်
ခဲလေး လေး လေးငါလုံး ပါ လင်ပန်းထဲ့ ထည့်ယူလာ
ပေးပြီး ဖေဖေ ထိုင်နေကြ အိမ်ရှေခန်းလေးတွင်ချပေးလိုက်သည်.
အဖေသည် ရေနွေးချမ်းလေးသောက်ရင်း လမ်းမဘက်သို့လည်း ခဏ ခဏ လှမ်းမျှော် နေသည် သူမိတ်ဆွေ
များ အိပ်ရာက နိုးချိန်မျှော်ပုံရသည်.
ကျမလဲ သနပ်ခါးလူး ခေါင်းဖီးပြီး အင်ကျီလဲ နေတုံး
" ဗျို့ ဦးစော ဘယ်လဲဗျ လာပါအုံး ရေနွေးကြမ်း
လေးသုံးဆောင်ပါအုံး"ဟု အိမ်ရှေ့ဖြတ်လျှောက်
လာသော သူမိတ်ဆွေ ကိုလှမ်းခေါ်သံကြားရပါတော့
သည်. ကျမ အရမ်းပျော်သွားသည်. ကျမစောင့်နေသောစကားဝိုင်း.....
နောက်ထပ် ဦးလေးကြီးနှစ်ယောက် ထပ်ရောက်လာသည်. ထိုအချိန်အမ ကြီးနိုးလာပြီး" လမ်းထိပ်
တခုခု သွားဝယ်ပါလား...အဖေတို့စားဘို့."...
ဖေဖေက ထမင်းကြမ်းစားမယ်တဲ့ ...မမဦး.....
ပဲပြုတ်သည်လဲ လာပြိ....ပဲပြုတ်သည်လာပါအုံး"
အမကို ပြန်ဖြေရင်း အိမ်ရှေ့ရောက်လာသော
ပဲပြုတ်သည်ကိုလဲလမ်းခေါ်လိုက်သေးသည်.
မနက်စာအဖြစ် ပဲပြုတ် ထမင်းဆီဆမ်း ရေနွေးချမ်း
နှင့် လူကြီး လေးယောက် ပြောနေသော ညကကျောင်း
ဝန်းအတွင်း ဖြစ်ပျက်ခဲ့ပုံများသည်....နောင်တွင်
သူပုန်မ ဖြစ်လာမည် ကျမအတွက်....စိတ်ဝင်စားစရာ
အကောင်းဆုံး သတင်းများဖြစ်လာပါသည်.
" ကျောင်းသားတွေ ဘက်ကထိသွားတယ်လို့
ပြောတယ်ဗျ....တချီု့ နံမည် ရှိသူတွေ ဆွဲနိုင်တယ်
တခုခုတော့ ဖြစ်အုံးမှာ ဟိုတခါလို......အလုပ်သမားတွေပါလာရင်မလွယ်ဘူး" အဖေတို့ စကားဝိုင်းမှ
သတင်းပျံလွင့်မူ့"
ငွေစက္ကူ သိမ်းတုံးက ကျမနဲ့ သိပ်မဆိုင်
ကိုပိုင်ငွေ မရှိသောကျမအတွက် ပူစရာမလို
အမေ ကြည့်လုပ်သွားလိပ်မည်လေ...
ကျောင်းသားထိသွားတယ်...ထိသွားတဲ့ကျောင်းသားက
ကျမ အကို ရဲ့တပည့် နီနီအောင် ရဲ့ အကို ဘုန်းမော်
နောက်တယောက်လဲ ပါတယ် ဆေးရုံမှာ အတွင်းလူနာ....ကျမ ခေါင်းထဲ...မှတ်ထားလိုက်သည်.
သတင်းလာချိန်ကိုသောင့်ရအုံးမည်. ကျမအရမ်း
စိတ်တွေ လှူပ်ရှားနေသည်.အပြင်ထွက်ချင်သည်
အင်းစိန်ဘက်သွားချင်နေသည်.ဒါပေမဲ့
အိမ်မှာဘဲ အဖေနှင့်သတင်းတွေ...နားထောင်နေခဲ့သည်.ရေဒိယိုမှ....သတင်းများမှာအစပထမတွင်
ဖြစ်စဉ်အကြမ်းမျှင်းလောက်သာ ကြေညှာသွားသည့်
အကင်းပါးသော အဖေ ကျမ စိတ်ပါနေမှန်းသိနေသည်. ကျမရှေ့တွင် သူရေဒိယို နားမထောင်တော့
သူရေနွေးချမ်းဝိုင်းကို သူတယောက်ထဲ အချိန်ဖြုံးပြီး
မနက်ခင်များကိုကျော်လွန်စေလာပြီး ညနေ နေဝင်ချိန်တွင် ထမင်းစောစော စားကာပျောက်ပျောက် သွားတတ်သည်.
ကျမ လဲ ရေဒီယို သတင်းတွေ မပြတ်နားထောင်ပေါ့
ကျမတို့ TTC ကျောင်းသည် စစ်တပ်ဘက် အုပ်ချုပ်သူ
လူတန်စားများ ၏ သားသမီးအများစု ထားရှိရာကျောင်းဖြစ်သောကြောင့် ကျောင်းမှ သူငယ်ချင်းဟောင်းများလဲ
ဘယ်သူမှ ဤအရေးအခင်းကို စိတ်မဝင်စား......ခိုင်ဇင်လဲစိတ်မဝင်စား ...ကျမတယောက်ထဲသာ...
စိတ်ဝင်စား နေရသည်.
ကျောင်းသား နှစ်ယောက်သေပြီး.ကျောင်းသာတွေဘက်မှလဲ ကျောင်းသားအဖွဲ့ ဖွဲ့ပြီး RIT ကျောင်း
သားနှင့် အရပ်သားတို့ လက်ဘက်ရည် ဆိုင်မှ စဖြစ်
သောပြတ်သနာကို စစ်တပ်မှ အကြမ်းဖက်နှိမ်နှင်း
မူ့ကြောင့် ကျောင်းသားများ သေဆုံးရခြင်းကို တရား
ဝင်ကြေငြာပေးရန် အချက် နှစ်ဆယ်ကျော် တောင်း
ဆိုသည့် အကြောင်းအရာ များကို ရေဒိယိုကတဆင့်
နားထောင်ရသည်......
March လထဲတွင်ပွဲကြမ်းသည် ကျောင်းသားတွေ
သေ...တခြား ရန်ကုန်တက္ကသိုလ် ကျောင်းများနှင့်
RIT ကျောင်းသားများ ကိုဖုန်းမော် ဇာပန အခန်း
အနားကို..ကျောက်းသားများနှင့် လူထု အခန်းအနား
နှင့်လုပ်ရန် ချီတက်ဆန္ဒပြပြီး တံတားနီ အရေးအခင်းဖြစ်...တလအတွင်း တွင်...ဖြစ်ပျက်ခဲ့သော အကြောင်းအရာများ......ဖမ်ဆီးထိမ်းသိမ်းခံရသော....ကျောင်းသားများ....အားလုံးသော....ဖြစ်စဉ်တို့သည်...
နောင်တွင် ၈၈၈၈ အရေးတော်ပုံကြီး ..ဖြစ်ပွားဘို့
မီးစများဖြစ်ခဲ့ရသည်.......
ရေးရင်းရေးရင်း ကျမ စခံစားလာရပါပြိ.....

ကျမ ဘဝ ရဲ့ သင်ခန်းစာ အစ
( ၂ - ဂ )


လူတယောက်မှာ သူဘဝ ဖြစ်ချိန်မှာ
ဖြစ်ကိုဖြစ်လာရမဲ့ ဇာတာ များသည် ရှိပြိးသား...

ဖြစ်သည်ဟု ရှေးလူကြီးများ ပြောခဲ့သည်မှာမှန်၏.

ကျမ ယ္ခု နေနေရသော ဘဝ ကို လွန်ခဲ့သော
အနှစ် ၂၈ လောက်က ဗေဒင်ဆရာ တဦးက
ဟောကြားခဲ့သည် ကို ကျမတို့ တအိမ်လုံးက
ပျက်ရည်ပြုခဲ့ကြဘူးသည်.

1988, March လထဲမှာဘဲ ကျမတို့အိမ် မျက်စောင်းထိုးမှကြီးကြီး ဒေါ်ခင်ရီမှာ လွန်စွာ ဗေဒင်မေးဝါသနာ
ပါသူဖြစ်ရာ နံမည်ကြီး ဗေဒင်ဆရာ အားလုံး သူမမေးဘူးသူ မရှိ သလောက်ပင်.

နွေနေ့လည် March လ နောက်ဆုံးပတ်လောက်
တွင်သူနှင့် ဗေဒင် ဆရာဆီ သွားရန် အဖေါ်ခေါ်
သဖြင့် လိုက်သွားခဲ့သည့်. သူဗေဒင်မေးနေတုံး
ကျမ သူဘေးနားထိုင်စောင့်နေပြီး စိတ်မဝင်စားသဖြင့်
စာတအုပ်ကိုသာ လှန်လျှော ဖတ်ကြည့်ရင်း အချိန်ဖြုန်းနေလိုက်သည်.

သူဗေဒင်မေးပြီးသောအခါ ဗေဒင်ဆရာကြီးက
ကျမဘက် လှည့်ပြီး အဖေါ်လိုက်လာတာ သမီး
လေးလား သူအတွက်မမေးဘူးလားဟု မေးသဖြင့်
ကျမ က ကြီးကြီးတူမ အဖေါ်လိုက်လာပေးတာပါ.
မမေးပါဘူး ဟု ကြီးကြီး မဖြေခင် ပြန်ပြောလိုက်သည်.

ဗေဒင် ဆရာက " ဆရာမင်းကို ဗေဒင် ဟောပေးချင်တယ်ဟု" ပြောလာ ပါတော့ သည်. ကျမလဲ ထပ်ညှင်း
လျှင် ရိုင်းမည် ဆိုးသဖြင့် ဗေဒင်ဆရာရှေ့ သွားထိုင်ပြီး
ကြီးကြီး ကတော့ ဘေးနားတွင် တခါမှ ဗေဒင်မမေးဘူးသူကျမအား ဘာတွေ ဟောမလဲ စိတ်ဝင်စားစွာဖြင့် ငေးကြည့်လျှက်.....

" ဗေဒင် ဆရာသည် ကျမ၏ မွေးနေ့ မွေးနံများအား
စာရွက်ပေါ်တွင် တွက်ချက်နေခဲ့ပြိး " ကျမ အား
သေသေချာချာ စိုက်ကြည့်ကာ နိုင်ငံခြားသွားဘိုစီစဉ်
ထားလား စမေးပါ တော့သည်. ကျမ သည် သူအား
ပြန်မဖြေဘဲ ပြုံးစေ့စေ့ အမူအရာနှင့် ကြီးကြီး ကိုလှမ်းကြည့်လိုက်သည်. ကြီးကြီးက လက်မလျှော့သေး
ကျမ ကိုစား မရှိသေးပါဘူးဆရာရေ ဘာတွေများ
ထူးခြားနေလို့လဲ....ပြောပြပါ...ပေါ့........

" ဒိ စနေ သမီး ကံဇာတာ အပြောင်းအလဲတွေ များ
တော့မယ် ခရီးရှည်တွေ ထွက်ရတော့မယ်....
ပြည်ပအထိ ထွက်ရလိမ့်မယ်....သူချက်မြုတ်နေရာ
နဲ့ဝေးလန်တဲ့...နေရာ...သူရောက်သွားပြိး...နေထိုင်
ရမဲ့ လက္ခဏာ တွေ သူမှာ ရှိနေတယ်" ဟု ကျမအား
ဟောပါသည်.

ပြီးလျှင် ကျမ ကျမ်းမာရေး သူဟောသမျှ ကျမနားဘဲ
ထောင်နေသည်. မေးခွန်းမထုပ်...ပျင်းလာသဖြင့်လဲ
မြန်မြန်ပြီး..ပြီးရောဆိုပြီး...ငြိမ်နေတာ......

ကျမကို ဘာသီချင်သေးလဲ ကျမ က
ရပါတယ် ဆရာပြောသမျှဘဲ မှတ်ထား လိုက်ပါမယ်
ဟု ဆိုကာ ငွေ ကန်တော့တော့ ဆရာက ငါကဟောပေးချင်နေတာ .ပေးစရာ မလိုပါ ဆိုတော့...တူအရီး
နှစ်ယောက် အိမ်ပြန်လမ်းမှာ သူအားဗေဒင် ဆရာ
ဟောကြာချက်များ ဘယ်လောက်မှန်ကြောင်းလမ်း
တလျှောက်လုံးပြောသွားသော်လဲ .....

ကျမ အားဗေဒင်ဆရာ ဟောချက်များကို သူရော
ကာယကံရှင်ကျမပါ စိတ်မဝင်စားပေ.....
တပေါင်း တန်ခူးမြန်မာပြည် အပူ ဆုံးလများ

ကျမသည် ငယ်ငယ်ထဲက အကဝါသနာ တော်တော်
ပါသည်. သင်ကြန် တိုင်းတွင် ကျမတို့ TTC ကျောင်း
မှ ဆေးတက္ကသိုလ် ၁ လိပ်ခုံး တွင်းအမြဲတန်း ကနေကြ တပတ်ကို သုံးရက်လောက် အက တိုက်ရပြီး
March လနောက်ဆုံး အပတ် မှ စပြီး နေတိုင်းအက
တိုက်ရသည်.

အိမ်မှ နေပြီး တယောက်ယောက်က သုခလမ်း
သူငယ်ချင်းအိမ်သို့လိုက်ပို့သည်.သူငယ်ချင်းအိမ်မှ
တဆငိ့ သူတို့ကားဖြင့် ကျောင်းသွား ပြန်လျှင်အိမ်အထိပြန်ပို့ပေးသည်.

ဘဝသည် အပြင်လောက နှင့် အဆက်အသွယ်
ပြတ်နေသလိုခံစားရသည် ကျောင်းမှာ အကတိုက်
ပြီးအားလပ်ချိန်များတွင် သူငယ်ချင်းတွေနဲ့ စကား
ပြော သူတို့စိတ်ဝင်တစား ပြောနေသော အကြောင်း
အရာများထဲတွင် ဖုန်းမော် သေတာ တံတားဖြူ မှာ
ကျောင်းသားတွေ အရိုက်ခံရတာ.....ကျောင်းသား
တွေ ..အဖမ်းခံ...ရတာ ..အစိုးရနှင့် ..ကျောင်သားများ
ကြားအမူ့မှန်ပေါ်ပေါက်ရေး...တောင်းဆို.မူ့တွေ...
ပြင်းထန်လာတာ ....သူတိုဘာကြောင့်စိတ်မဝင်စား
တာလဲ.......

ဘဝတွင် ပထမ...ဆုံးအကြိမ်..ကျောင်းမှသူငယ်ချင်များကို....အထင်သေးသလိုစိတ်ထဲဖြစ်လာသည်
အဖေတို့ အိမ်မှာပြောပြောနေတဲ့...နိုင်ငံရေးဘာလို့
နိုင်ငံသားတိုင်း ..အရေးမလုပ်တာလဲ...ဘာလိုနိုင်ငံသားတိုင်း...စိတ်မဝင်..စားတာလဲ....ကျမ...မေး
ခွန်းတွေ ..ခေါင်းထဲ ဆီလာနေပါတော့...သည်.

ဆက်လက်ရေးရန်အားယူလျှက်ပါ..ကျမသည်
တဖြေးဖြေးနှင့်...နိုင်ငံရေး...ထဲမြင်နေရသော
လူမူ့ရေး..ပြတ်သနာ...ဒုက္ခများ...ကြားနေရသော
သတင်းစကားများ....ကျမ..၏..ရင်ထဲသို့..
အဲ့ဒါ ...နင့်နဲ့..ဆိုင်တဲ့..နင့်အရေး...ဆိုပြီး
တဖြေးဖြေးချင်း...နေရာယူလာပါပြီး....
မော်လမြိုင် ရောက်ခါနီး...ပါပြီ...ကျမပါဝင်ကပြရတော့မဲ့ ..အခန်းတွေ....ပြန်လည်...ရေးသားရန်
ကျမ ရင်တွေခုန်လျှက်.......

GandawinMee, 24.07.16, 21: 52



'ငှက်ဖျား ဒဏ် အကြိမ်ကြိမ်ခံစားပြီး
ဆံပင် ခဏခဏ မဖြီး ရဲတဲ့ဘဝ
In 1988,  Dec, in Bangkok Thailand.'

No comments: