Saturday, August 6, 2016

တရားစွဲခံရသော ဆိုင်းဘုတ်ကိစ္စ HAGL နှင့် သက်ဆိုင်မှုမရှိဟုဆို

တရားစွဲခံရသော ဆိုင်းဘုတ်ကိစ္စ HAGL နှင့် သက်ဆိုင်မှုမရှိဟုဆို

Saturday, August 6, 2016
 
အဆောက်အအုံထိပ် တွင် နိုင်ငံအမည် ဗီယက်နမ်ဟု ဆိုင်းဘုတ်တင်ထားသဖြင့် ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက တရားစွဲဆိုထား သည့် ကမ္ဘာအေးဘုရားလမ်းပေါ် ရှိ HAGL မြန်မာစင်တာက အဆိုပါ ဆိုင်းဘုတ်သည် အဆောက်အအုံပိုင်ဆိုင်သူ HAGL နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဖြေရှင်းချက်ထုတ်ပြန်သည်။
...
ဗီယက်နမ်ဟူသော ဆိုင်း ဘုတ်သည် HAGL နှင့် သက်ဆိုင် ခြင်းမရှိဘဲ HAGL က ငှားရမ်းထား သောနေရာတွင် ဆိုင်းဘုတ်တင် ထားသည့် BIDV ကုမ္ပဏီကို တရားစွဲဆိုထားခြင်းသာဖြစ်သည်ဟု ပြန်လည်ဖြေရှင်းချက် ထုတ်ပြန် သည်။ စည်ပင်က တရားစွဲဆိုသည်မှာ HAGL ကို မဟုတ်ဘဲ ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက် ရေးဘဏ်(BIDV)က အဆိုပါဆိုင်းဘုတ် တင်ထားသည့်အ တွက် ယင်းကိုသာ တရားစွဲဆိုခြင်းဖြစ်သည်ဟု ပြန်လည်ဖြေရှင်းသည်။
BIDV အဆောက်အအုံသည် မြန်မာစင်တာပိုင်မြေပေါ်တွင် ငှားရမ်းထားခြင်း သက်သက်သာဖြစ် သည်ဟုဆိုသည်။ HAGL ကုမ္ပဏီ အနေဖြင့် အဆိုပါဆိုင်းဘုတ်ကို ဖြုတ်ချပေးပါရန် BIDV သို့ တရားဝင် သတိပေးစာပေးပို့ထားပြီးဖြစ် ကြောင်း သိရသည်။
BIDV က အဆိုပါဆိုင်းဘုတ် ကို စည်ပင်၏ ညွှန်ကြားချက်အ တိုင်း ဖြုတ်ချပေးခြင်း မရှိပါက HAGL က ကိုယ်တိုင်ဖြုတ်ချပေး မည်ဖြစ်ကြောင်း သိရသည်။
HAGL အဆောက်အအုံပေါ် တွင် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီက BIDV ဟူ သော စာသားပါ အမည်ကိုသာ ဆိုင်းဘုတ်တပ်ဆင်ခွင့်ပြုထားပြီး နိုင်ငံအမည် VIETNAM ကို တပ် ဆင်ခွင့်မပေးဘဲ ဥပဒေကို ကျော်လွန်၍ တပ်ဆင်ထား၍ တရားစွဲဆိုထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာန အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။
ဆိုင်းဘုတ်တင်ခဲ့သည့် BIDV ဘဏ်သို့ သြဂုတ် ၅ ရက် ညနေ ၄ နာရီခွဲတွင် ဘဏ်၏ရုံးဖုန်းကို 7Day Daily မှ ဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့ပေ။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ သည် ကုမ္ပဏီအမည်နှင့် နိုင်ငံကို တွဲဖက်၍ ဆိုင်းဘုတ်တပ်ဆင်ခွင့် ရှိသော်လည်း နိုင်ငံအမည်သီးသန့် ကို တပ်ဆင်ခွင့်မရှိကြောင်း ဥပ ဒေရေးရာပညာရှင် ဦးစန်းမော်က ပြောသည်။
ဆိုင်းဘုတ်တပ်ဆင်ရာတွင် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန် မာနိုင်ငံအပေါ် လေးစားရန် လို အပ်ပြီး ယင်းကဲ့သို့ နိုင်ငံအမည် ဆိုင်းဘုတ်တပ်ဆင်မှု ပြီးခဲ့သည့် နှစ်က မန္တလေးမြို့၌ ဖြစ်ပွားခဲ့ဖူးပြီး စည်ပင်က ဒဏ်ရိုက်ခဲ့ဖူးကြောင်း ဦးစန်းမော်ကဆိုသည်။
7Day Daily
ဓာတ်ပုံ − နစ်ကီ

No comments: