Friday, August 12, 2016

၂၁ ရာစုပင်လုံညီလာခံတွင် NCA လက်မှတ်မထိုးထားသည့် အဖွဲ့များ ပါဝင်နိုင်ရေး အစိုးရအစုအဖွဲ့က ပြင်ဆင်လိုသည့် နိုင်ငံရေး မူဘောင် နိုင်ငံရေးအစုအဖွဲ့ထံတင်ပြ

၂၁ ရာစုပင်လုံညီလာခံတွင် NCA လက်မှတ်မထိုးထားသည့် အဖွဲ့များ ပါဝင်နိုင်ရေး အစိုးရအစုအဖွဲ့က ပြင်ဆင်လိုသည့် နိုင်ငံရေး မူဘောင် နိုင်ငံရေးအစုအဖွဲ့ထံတင်ပြ
 
12 August 2016

-------- -------- -------
၂၁ ရာစုပင်လုံညီလာခံတွင် အပစ်ရပ်လက်မှတ် မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်နိုင်ရန် အတွက် အစိုးရအစုအဖွဲ့က ပြင်ဆင်လိုသည့် နိုင်ငံရေးမူဘောင်ကို နိုင်ငံရေးအစုအဖွဲ့ထံ တင်ပြလိုက်ကြောင်း သိရှိရသည်။
...
အဆိုပါပြင်ဆင်လိုသည့် နိုင်ငံရေးမူဘောင်အချို့ကို ပြန်လည်သုံးသပ်မှုအတွက် သြဂုတ် ၁၁ ရက်က ရန်ကုန်မြို့ ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ရုံးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)မှ နိုင်ငံရေးပါတီများ အစုအဖွဲ့(၁၆)ဦးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီတို့ ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
“အရင်တုန်းကတော့ NCA မှာ အပစ်လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ပဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်မယ်လို့ ပါတယ်။ အစိုးရသစ်တက်လာပြီး နောက်တော့ ၂၁ ရာစုနဲ့ ငြိမ်းချမ်းရေးညီလာခံ ပေါ်လာပြီး ပြည်သူ တွေကို အခြေခံတဲ့ နိုင်ငံရေးပါတီတွေနဲ့ အပစ်ရပ်လက်မှတ် မထိုးထားသေးတဲ့ လက်နက်ကိုင် အဖွဲ့တွေ ပါမယ်ဆိုတော့ နိုင်ငံရေးမူဘောင်ကို ပြင်ဖို့လိုတယ်။ ဒါကိုဆွေးနွေးတာပေါ့။ အကုန်လုံးပြင်ဖို့ မဟုတ်ဘူး။ လုပ်ငန်းစဉ်လေး တွေ ဆုံးဖြတ်ချက်ချတာလေးတွေ ပြင်မယ်ပေါ့”ဟု အဆိုပါဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် နိုင်ငံရေးကိုယ်စားပြု အစုအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ပြောသည်။
မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အစုအဖွဲ့(၃)ခုပါဝင်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့၊ နိုင်ငံရေးပါတီ အစုအဖွဲ့တို့ဖြစ်ပြီး ဦးသိန်းစိန်အစိုးရ လက်ထက်က မှတ်ပုံတင် ထားသည့် (၅၆)ပါတီပါဝင်သော်လည်း အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်သမ္မတမှ နိုင်ငံရေးပါတီအစုအဖွဲ့ မှာ ပြည်သူကိုယ်စားပြု အဖွဲ့ဖြစ်သဖြင့် ပါဝင်သင့်ကြောင်း ဇူလိုင် ၂၈ ရက်ကပြောကြားခဲ့သဖြင့် UPDJC မှ နိုင်ငံရေးပါတီအစုအဖွဲ့အား အသစ်ပြန်ဖွဲ့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ NRPC ရုံး၌ သြဂုတ် ၁၂ ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ဆွေးနွေးမည်ဖြစ်ပြီး သြဂုတ် ၁၃ ရက်တွင် ကော်မတီဝင်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီတို့ မူဘောင်ကို (၃)ပွင့်ဆိုင် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

No comments: