Wednesday, August 24, 2016

ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ NCA တွင် လက်မှတ်ရေးထိုးရခြင်းနှင့် ၂၁ ရာစု ပင်လုံညီလာခံ တတ်ရောက် ဆွေးနွေးမည့် ကိစ္စရပ်များနှင့် ပတ်သတ်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ NCA တွင် လက်မှတ်ရေးထိုးရခြင်းနှင့် ၂၁ ရာစု ပင်လုံညီလာခံ တတ်ရောက် ဆွေးနွေးမည့် ကိစ္စရပ်များနှင့် ပတ်သတ်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
 
24 August 2016
------ ----- -----
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်တွင် ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးရခြင်းနှင့် ၂၁ ရာစု ပင်လုံညီလာခံတွင် တတ်ရောက် ဆွေးနွေးမည့် ကိစ္စရပ်များနှင့် ပတ်သတ်၍ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်အား သြဂုတ်လ ၂၃ ရက်က ပြုလုပ်ခဲ့ကြေ...ာင်း သိရှိရသည်။
“အဓိက အချက်က ပြည်သူတွေကို ကျွန်တော်တို့ ဘာလုပ်နေတယ် ဆိုတာကို ပြည်သူတွေကို လာရောက် အသိပေးရခြင်း ဖြစ်ပါတယ်။ လာမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ ရခိုင်ပြည်သူတွေအတွက် ဘာတွေ ဆွေးနွေး တင်ပြမယ် ဆိုတာကို အသိပေးတာပါ” ဟု ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ၏ ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ခိုင်မာယုက ပြောသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ အနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံတွင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် အစိုးရကြား အာဏာခွဲဝေမူအား ပြုပြင်ပြောင်းလဲရေး၊ ပြည်နယ်၊ တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်များမှ တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ လည်ကောင်း ရွှေးချယ်ခွင့်ပေးရန် စသည့် အချက် လေးချက်အား တင်ပြဆွေးနွေးမည် ဖြစ်သည်။
“အစိုးရကို ယုံလို့ လက်မှတ်ထိုးထားတာ မဟုတ်ပါဘူး။ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ရရှိရေးအတွက် ဆောင်ရွက်နေပါတယ်”ဟု ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၏ ဗဟိုကော်မတီဝင် စောမပုစိန်က ပြောသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ အနေဖြင့် ရန်ကုန်၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ ရမ်းဗြဲ၊ ရသေ့တောင်မြို့ တို့တွင်လည်း လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
MMK
The Ladies News

No comments: