Sunday, August 14, 2016

တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးနှင့် SNLD တွေ့ဆုံ

တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးနှင့် SNLD တွေ့ဆုံ
14 August 2016
--------------------
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး Mr.Song Tao နှင့် SNLD ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦးတို့သည် သြဂတ်လ ၁၃ ရက်နေ့ ညနေ ၄း၃၀ အချိန်တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် အလုံခန်းမ၌ တွေ့ဆုံခဲ့ကြသည်။
...
ထိုသို့တွေ့ဆုံရာတွင် ရှေးဦးစွာ CPC ဝန်ကြီးက ပါတီအချင်းချင်းဆက်ဆံရေး ကောင်းမွန်စေရန်၊ အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ရန် တွေ့ဆုံရခြင်းဖြစ်သည့်အကြောင်း၊ SNLD ပါတီသည် အရေးပါသော တိုင်းရင်းသားပါတီကြီးတစ်ခုဖြစ်သည်ကို အသိအမှတ်ပြုကြောင်း၊ တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားသည်။
ထိုနောက် CPC ဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စုမြန်မာနိုင်ငံသည် အိမ်နီးချင်းကောင်းများ ဖြစ်ကြောင်း၊ တစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို တစ်နိုင်ငံက လေးစားရမှာဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအပေါ် ဝင်ရောက်စွက်ဖက်မှာ မဟုတ်ကြောင်း၊ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးအတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးဆုံးဖြစ်ကြောင်း၊ တိုင်းရင်းသားအချင်းချင်း သင့်မြတ်ဖို့လိုကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ နောက်ခံသမိုင်းကြောင်း၊ ယဉ်ကျေးမှုတို့သည် ကွဲပြားရှုပ်ထွေးပြီး ပြဿနာဖြေရှင်းရာတွင် မှန်ကန်သောနည်းလမ်းကို ကျင့်သုံးသွားဖို့လိုကြောင်း၊ တရုတ်နိုင်ငံတွင် မျိုးနွယ်စု ၅၆ မျိုးရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော ပြည်နယ် ၅ ခု သတ်မှတ်ပေးထားကြောင်း၊ တရုတ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားလူနည်းစု အခွင့်အရေးကို အပြည့်အဝ ထည့်သွင်းပေးထားကြောင်း၊ တန်းတူရေးကို မိမိအနေဖြင့် ထောက်ခံကြောင်း၊ လူနည်းစုအရေးကို စဉ်းစားရာတွင် တန်းတူရေးနှင့် မလုံလောက်ကြောင်း ပိုမို၍ ဦးစားပေးရမှာဖြစ်ကြောင်း ပြောကြားပါသည်။
ထိုနောက် SNLD ဥက္ကဋ္ဌက ၂၀၁၆ ခုနှစ် မတ်လအတွင်း တရုတ်ပြည်လေ့လာရေးခရီးစဉ်တွင် မိမိတို့ပါတီအား ထည့်သွင်းဖိတ်ကြားခဲ့သည့်အတွက် ပါတီမှကိုယ်စားလှယ်များ ပါဝင်ခွင့်ရ၍ ကျေးဇူးတင်ရှိပါကြောင်း၊ နောင်တွင်လည်း နှစ်ပါတီအကြား လူငယ်အရည်အသွေးမြှင့်တင်ရေး အစီအစဉ်များ၊ လူငယ်လေ့လာရေးခရီးစဉ်များ၊ ရှမ်းပြည်နှင့်ပတ်သက်သည့် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း ကူညီလက်တွဲဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ထိုနောက် CPC ဝန်ကြီးက SNLD ဥက္ကဋ္ဌအား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပါသည်။
Ref - SNLD
The Ladies News

No comments: