Friday, August 5, 2016

ပင်လုံအကြိုပြင်ဆင်ရေးကော်မတီနှင့် UNFC ကိုယ်စားလှယ်အဖွဲ့ အလွတ်သဘောတွေ့ရန် စီစဉ်

ပင်လုံအကြိုပြင်ဆင်ရေးကော်မတီနှင့် UNFC ကိုယ်စားလှယ်အဖွဲ့ အလွတ်သဘောတွေ့ရန် စီစဉ်

ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ ဇူလိုင် ၁၇ ရက်က ဆွေးနွေးခဲ့ကြစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
 ပင်လုံအကြိုပြင်ဆင် ရေးကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ ကိုယ်စား လှယ်အဖွဲ့(DPN)တို့ အလွတ်သဘောတွေ့ဆုံရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

မိုင်ဂျာယန် အစည်းအဝေး ဆွေးနွေးမှုများအပြင် ယခင်က ချင်းမိုင်မြို့တွင် အစိုးရနှင့်တွေ့ဆုံ ခဲ့စဉ် အဆိုပြုချက်များနှင့် ပတ် သက်၍ DPN မှ ကိုယ်စားလှယ် သုံးဦးခန့်က ဒေါက်တာတင်မျိုး ဝင်း ဦးဆောင်သော ပင်လုံအကြို ပြင်ဆင်ရေးကော်မတီနှင့် တွေ့ ဆုံဆွေးနွေးရန် ညှိနှိုင်းနေခြင်းဖြစ် ကြောင်း ယင်းကော်မတီအတွင်း ရေးမှူး ဦးလှမောင်ရွှေက ပြော သည်။

‘‘မကြာမီ ရက်ပိုင်းလောက် ပဲ။ ရက်တော့ အတိအကျပြောလို့ မရဘူး’’ဟု ဦးလှမောင်ရွှေက ဆို သည်။
‘‘အစည်းအဝေးကြီးသဘော ထက် Informal ပုံစံပေါ့’’ဟု ဆက်လက်ပြောကြားသည်။
 DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ်ကမူ ပင်လုံညီလာခံ မတိုင်မီ ပြုလုပ်မည့် နိုင်ငံရေးမူ ဘောင်များ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးသို့ တက်ရောက်ရန် ဆုံးဖြတ်ချက် မရှိသေးကြောင်း မိုင်ဂျာယန် အစည်းအဝေးကာလ အတွင်း ပြောကြားထားသည်။  ပင်လုံညီလာခံ တက်ရောက်ရေး အပါအဝင် ကိစ္စရပ်အချို့ကို အစိုးရနှင့် ဆက်လက်ညှိနှိုင်းရမည်ဖြစ်ကြောင်း NCA တွင် မပါဝင်သည့် တိုင်းရင်းသားကိုယ်စားလှယ်များက ပြောထားသည်။
ထို့အပြင် ကိုးကန့်၊ တအာင်း၊AA အဖွဲ့သုံးဖွဲ့နှင့်  ပင်လုံအကြို ပြင်ဆင်ရေးကော်မတီတို့ မကြာ မီ ရက်ပိုင်းအတွင်း မိုင်းလားမြို့၌တွေ့ဆုံမှုများ ပြုလုပ်နိုင်ရန် စီစဉ် နေကြောင်း သတင်းရရှိသည်။

http://www.7daydaily.com/story/71903

No comments: