Friday, September 9, 2016

ကြားဖြတ်ရွေးကောက်ပွဲက ဒီမိုကရေစီခရီးမှာ အရေးကြီး

ကြားဖြတ်ရွေးကောက်ပွဲက ဒီမိုကရေစီခရီးမှာ အရေးကြီး

ကြားဖြတ်ရွေးကောက်ပွဲတွေဟာ အထွေထွေရွေးကောက်ပွဲကြီးနှစ် ခုအကြားမှာ လစ်လပ်လစ်ဟာ လေ့ရှိတတ်တဲ့ ကိုယ်စားလှယ် တွေကို စဉ်ဆက်မပြတ်ရွေးချယ် တင်မြှောက်ရတာဖြစ်လို့ နိုင်ငံရေး အရသော့ချက်ကျတယ်လို့ဆိုနိုင် ပါတယ်။ လွှတ်တော်ကိုယ်စား လှယ်တွေ လစ်လပ်တာဟာ ပြည် သူ့အသံတွေ၊ ဆန္ဒတွေလစ်လပ် တာ၊ လစ်ဟာတာပါ။ ဒီမိုကရေစီ နိုင်ငံရေးမှာ ပြည်သူသာအမိ၊ ပြည်သူသာအဖဖြစ်တဲ့အတွက် ပြည်သူကို ကိုယ်စားပြုတဲ့ပြည်သူ့ ကိုယ်စားလှယ်တွေဟာ မဏ္ဍိုင် ကျပါတယ်။ အဲဒီမဏ္ဍိုင်ကို ကြား ဖြတ် ရွေးကောက်ပွဲတွေကနေ အားကောင်းမောင်းသန်အောင် လုပ်နေတာမို့ ပြည်သူကိုမျက်နှာ မူတဲ့ အစိုးရတွေ၊ လွှတ်တော်တွေ တင်းပြည့်ကျပ်ပြည့်သန်စွမ်းဖို့အ ရေးမှာ ကြားဖြတ်ရွေးကောက်ပွဲ ဟာ အရေးကြီးပါတယ်။
၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပ မယ်ဆိုတဲ့ အသံဗလံတွေကြား လာရပါတယ်။ လွှတ်တော်တွေ မှာ ကိုယ်စားလှယ်နေရာလစ်လပ်တာဟာ ပြည်သူလူထုရဲ့ ကိုယ်စားပြုမှု လစ်လပ်တာပါ။ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကိုအား လျော့စေတာပါ။ အဲဒါကြောင့် နေရာလစ်လပ်တာနဲ့ အမြန်ဆုံးကြားဖြတ်ရွေးကောက်ပွဲ လုပ်၊ ကိုယ်စားလှယ်သစ်ကို ရွေးကောက်နိုင်မယ်ဆိုရင်အကောင်းဆုံးပါ။ ဒါမှလည်း ဒီမိုကရေစီဆိုတဲ့ ပြည်သူ့အုပ်ချုပ်ရေးနဲ့ အနှစ်သာရကို ပိုမိုလေးနက်စေမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကြားဖြတ် ရွေးကောက်ပွဲတွေကိုဘယ်လိုပုံစံနဲ့ ဘယ်လိုအချိန်ကာလအတွင်း မှာကျင်းပမယ်ဆိုတာ ဥပဒေတွေ၊ နည်းဥပဒေတွေနဲ့ တိတိကျကျ သတ်မှတ်ရတာဟာ ဒီမိုကရေစီယဉ်ကျေးမှုပါ။

မြန်မာနိုင်ငံမှာတော့ ကြား ဖြတ်ရွေးကောက်ပွဲတွေကို လွှတ် တော်သစ်တွေရဲ့ ပထမနှစ်၊ ဒုတိ ယနှစ်၊ တတိယနှစ်နဲ့ စတုတ္တနှစ် တွေမှာ ကျင်းပမှာဖြစ်ပြီး နောက် တစ်ကြိမ်ရွေးကောက်ပွဲကျင်းပ မယ့် နှစ်၊ဥပမာအားဖြင့် လာမယ့် ၂၀၂၀ပြည့်နှစ်မှာ ကျင်းပမှာမ ဟုတ်ပါဘူး။ ပြည်ထောင်စုလွှတ် တော်ဟာ ပြည်သူ့လွှတ်တော်၊ အ မျိုးသားလွှတ်တော်နဲ့ တိုင်းဒေသ ကြီး (သို့မဟုတ်) ပြည်နယ်လွှတ် တော်ရွေးကောက်ပွဲဥပဒေစတုတ္ထ အကြိမ်ပြင်ဆင်တဲ့ဥပဒေတွေကို အတည်ပြုခဲ့ပြီး ၂၀၁၆ ဇွန်လ ၈ ရက်မှာ နိုင်ငံတော်သမ္မတကြီးဦး ထင်ကျော်က လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီပြင်ဆင် ချက်ဥပဒေပါ ပြဋ္ဌာန်းချက်တွေအ ရ ကြားဖြတ်ရွေးကောက်ပွဲတွေကို ဥပဒေနဲ့အညီ အချိန်မှန်ကျင်းပ လာရတော့မှာဖြစ်တယ်။

စတုတ္ထအကြိမ်ပြင်ဆင်ချက် ဥပဒေတွေအရ ပြည်သူ့လွှတ် တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး(သို့မဟုတ်)ပြည် နယ်လွှတ်တော်တွေမှာ တစ်စုံ တစ်ရာသောအကြောင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်ရင် လွှတ်တော်ကိုယ်စား လှယ်လစ်လပ်ကြောင်း လွှတ် တော်ဥက္ကဋ္ဌက ကော်မရှင်ကို အ ကြောင်းကြားတဲ့နေ့ကစလို့ လွှတ် တော်ပုံမှန်သက်တမ်းအတွင်း ပ ထမနှစ်အတွက် တစ်နှစ်အတွင်း ဒုတိယနှစ်၊ တတိယနှစ်နဲ့ စတုတ္ထ နှစ်တွေမှာ ခြောက်လအတွင်း ဥပ ဒေနဲ့အညီ အစားထိုးရွေးချယ်တင် မြှောက်ပြီးဖြစ်ရပါမယ်လို့ ဖော်ပြ ထားပါတယ်။ အဲဒီလိုအချိန်နဲ့ တစ်ပြေးညီကျင်းပနိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေနဲ့အရပ်ဘက် အဖွဲ့အစည်းတွေက စောင့်ကြည့်တည့်မတ်ပေးဖို့ လိုအပ်မယ်ထင်ပါတယ်။
လွှတ်တော်ရွေးကောက်ပွဲဥ ပဒေတွေကို ၂၀၁၆ခုနှစ် ဇန်န၀ါရီ ၁၆ရက်နေ့က တတိယအကြိမ် ပြင်ဆင်ခဲ့တဲ့နေရာမှာ တစ်စုံတစ် ရာသောအကြောင်းကြောင့်လွှတ် တော်ကိုယ်စားလှယ်နေရာလစ် လပ်ရင် လွှတ်တော်ကိုယ်စားလှယ်လစ်လပ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကော်မရှင်ကိုအ ကြောင်းကြားတဲ့နေ့ကစလို့ ခြောက်လအတွင်း ဥပဒေနဲ့အညီ အစားထိုးရွေးချယ်တင်မြှောက်ပြီး ဖြစ်ရပါမယ်လို့ ပြင်ဆင်ပြဋ္ဌာန်းခဲ့တာပါ။ ရွေးကောက်ပွဲပြီးပြီးချင်း ပထမနှစ်ရဲ့ ခြောက်လအတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ ခဲယဉ်းသလိုပထမနှစ်မှာ ကြားဖြတ်ရွေးကောက်ပွဲလုံးဝမကျင်းပတာဟာ ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတာကြောင့် ပထမနှစ်မှာ တစ်နှစ်အတွင်း ကျင်းပဖို့ပြင်ဆင်လိုက်တာ ဖြစ်နိုင်ပါတယ်။
ဥပဒေပါမှာတဲ့ တစ်စုံတစ် ရာသော အကြောင်းကြောင့်ဆို တာ လွှတ်တော်ကိုယ်စားလှယ် သေဆုံးတာ၊ နုတ်ထွက်တာ၊ တာ ၀န်ကပြန်လည်ရုပ်သိမ်းခံရတာ၊ အနိမ့်ဆုံးသတ်မှတ်ထားတဲ့ လွှတ် တော်တက်ချိန်ကို မပြည့်မီတာ (လွှတ်တော်ကျောင်းခေါ်ချိန်မ ပြည့်တာ)၊ ရာဇ၀တ်ကြောင်းအရ ပြစ်မှုထင်ရှားတာ၊ ဖွဲ့စည်းပုံအ ခြေခံဥပဒေပါလွှတ်တော်ကိုယ် စားလှယ်တွေအတွက် သတ်မှတ် ထားတဲ့ အရည်အချင်းမပြည့်စုံ တာ စတဲ့အကြောင်းတွေပါ။ကြား ဖြတ်ရွေးကောက်ပွဲဆိုတာ လစ် လပ်တဲ့လွှတ်တော်ကိုယ်စားလှယ် နေရာတွေကို ပြည်သူ့ဆန္ဒနဲ့အညီ  ပြန်ရွေးချယ်တာဖြစ်တဲ့အတွက် ခြောက်လဆိုတဲ့အချိန်ကာလက ကြာလွန်းနေသလားဆိုတာ ပြန် စဉ်းစားသင့်တယ်ထင်ပါတယ်။ လစ်လပ်ကြောင်း အကြောင်း ကြားတဲ့နေ့ကစလို့ သုံးလအတွင်း ဥပဒေနဲ့အညီအစားထိုးရွေးချယ် တင်မြှောက်ပြီးဖြစ်ရမယ်လို့ပြင် ဆင်နိုင်ရင် လွှတ်တော်ကိုယ်စား လှယ်နေရာလစ်လပ်တဲ့ကာလအ ပိုင်းအခြားကို လျှော့ချလာနိုင်ကာ ကြားဖြတ်ရွေးကောက်ပွဲတွေ ပို ခပ်စိပ်စိပ် ကျင်းပလာနိုင်မှာပါ။ အဲဒါဆိုရင် လွှတ်တော်တွေထဲမှာ  လစ်လပ်နေတဲ့နေရာတွေ တစ်နည်းအားဖြင့် လစ်လပ်နေတဲ့ပြည်သူ့ကိုယ်စားပြုမှုတွေ၊ ပြည်သူ့အသံတွေကို မြန်မြန်သွက်သွက်ကွတ်လပ်ဖြည့်လာနိုင်မှာဖြစ်ပါတယ်။ လွှတ်တော်ပထမနှစ်မှာတစ်နှစ် အတွင်းအစားထိုးရွေးချယ်တင် မြှောက်ပြီး ဖြစ်ရမယ်ဆိုတာကိုတော့ လက်ခံနိုင်ပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့်နှစ်မှာ ပထမသုံးလအတွင်း လွှတ်တော်ကိုယ်စားလှယ်နေရာလစ်လပ်လျှင် ကြားဖြတ်ရွေးကောက်ပွဲကိုမေလတွင် ကျင်းပနိုင်ရေးလည်းထည့်သွင်းစဉ်းစားသင့်တယ်လို့ မြင်ပါတယ်။ လွှတ်တော်တွေထဲမှာ ကိုယ်စားလှယ်ခုံလွတ်တွေနည်း နိုင်သမျှနည်းအောင်လုပ်နိုင်မယ့် ဘက်က ချဉ်းကပ်စဉ်းစားသင့်ပါ တယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦး ၀င်းမြင့်က ၂၀၁၆ ခုနှစ် မတ်လ ၃၁ရက်မှာ ဒေါ်အောင်ဆန်းစု ကြည်အပါအ၀င် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ခြောက်ဦး ဟာ ပြည်ထောင်စုသမ္မတနိုင်ငံ တော် ဖွဲ့စည်းပုံအခြေခံ ပုဒ်မ ၂၃၂ ပုဒ်မခွဲ(ဈ)အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်မှနုတ်ထွက်ခဲ့ပြီး ဖြစ်တဲ့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ခြောက်နေရာ လစ်လပ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ၂၀၁၆ ဧပြီ ၆ရက်မှာတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်နေရာလစ်လပ်ကြောင်း ထပ်မံထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လစ်လပ်တာဟာ ခုနစ်ဦးပါ။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းကလည်း ၂၀၁၆ မတ်လ ၃၁ရက်မှာ ဒုသမ္မတဦး ဟင်နရီဗန်ထီးယူ အပါအ၀င်အမျိုးသား လွှတ်တော်ကိုယ်စားလှယ်သုံးဦးဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ ပုဒ်မခွဲ(ဈ)အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်မှ  နုတ်ထွက်ခဲ့ပြီးဖြစ်တဲ့အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်သုံးနေရာလစ်လပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်း ဆယ်နေရာလစ်လပ်နေပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ လစ်လပ်နေတဲ့နေရာတွေရှိပါဦးမယ်။ နောက် ၂၀၁၅ ရွေးကောက်ပွဲမှာ မကျင်းပနိုင်ခဲ့တဲ့ မဲဆန္ဒနယ်တွေလည်း ကျန်နေဦးမှာ ဖြစ်ပါတယ်။
လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင် သည့် ဥပဒေအရ ရွေးကောက်ပွဲ  ကျင်းပတဲ့ပထမနှစ်မှာ လွှတ် တော်ဥက္ကဋ္ဌက လစ်လပ်တာကို အကြောင်းကြားတဲ့နေ့ကနေ တစ် နှစ်အတွင်းမှာ လစ်လပ်နေတဲ့နေ ရာတွေကို ရွေးချယ်တင်မြောက် ပြီးဖြစ်ရမှာဖြစ်တဲ့အတွက် လစ် လပ်နေတဲ့လွှတ်တော်ကိုယ်စား လှယ်နေရာတွေကို ၂၀၁၇ မတ် လ ၃၁ရက်မတိုင်မီရွေးချယ်တင် မြောက်ပြီးဖြစ်ရပါမယ်။ ၂၀၁၇ နှစ်ဦးပိုင်းမှာ လွှတ်တော်တွေဟာ  အရအသုံးခန့်မှန်းခြေငွေစာရင်း ကိစ္စတွေနဲ့ နပန်းလုံးနေရနိုင်တာ မို့ ၂၀၁၇ ဇန်န၀ါရီ ပထမဆုံး စနေ၊ တနင်္ဂနွေ(ဇန်န၀ါရီ ၇ရက်နဲ့ ၈ရက်) ဒါမှမဟုတ် ဒုတိယ မြောက် စနေ၊ တနင်္ဂနွေ(ဇန်န၀ါရီ ၁၄ရက်နဲ့ ၁၅ရက်)တွေမှာ ကျင်း ပဖို့ ပိုဖြစ်နိုင်တယ်လို့ သုံးသပ်နိုင် ပါတယ်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ဟာ ကြားဖြတ်ရွေးကောက်ပွဲအ တွက် မဲဆွယ်စည်းရုံးတဲ့ကာလ ဖြစ်လာနိုင်ပါတယ်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲတုန်းက နယ်မြေမအေး ချမ်းတာကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ရှမ်းပြည်နယ် ကျေးသီးမြို့နယ်၊ မိုင်းရှူးမြို့နယ်၊ မိုင်းလားမြို့နယ်၊ ပန်ဆန်း(ပန် ခန်း)မြို့နယ်၊ နားဖန်းမြို့နယ်၊ပန် ၀ိုင်မြို့နယ်၊ မိုင်းမောမြို့နယ်တွေ မှာပါ ကြားဖြတ်ရွေးကောက်ပွဲ တွေ ကျင်းပလာနိုင်မယ်ဆိုရင် ပြည်သူ့လွှတ်တော်က ၁၄နေရာ အထိ ရှိလာမှာဖြစ်လို့ ပိုအကြိတ် အနယ်ဖြစ်လာနိုင်ပါတယ်။ ရှမ်း ပြည်နယ်က ရွေးကောက်ပွဲမကျင်း ပဖြစ်တဲ့မဲဆန္ဒနယ်တွေကတော့ တိုင်းရင်းသားပါတီတွေပဲ အနိုင် ရရှိဖို့များလိမ့်မယ်လို့ သုံးသပ်နိုင် ပါတယ်။ ရှမ်းပြည်နယ်မှာ ရွေး ကောက်ပွဲမကျင်းပနိုင်သေးတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ၁၄နေရာတွေထဲက အ များစုနေရာတွေမှာ ကြားဖြတ် ရွေးကောက်ပွဲကျင်းပနိုင်မယ်။ ကြားဖြတ်ရွေးကောက်ပွဲကနေ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်သစ်တွေ ရွေးချယ်တင် မြှောက်နိုင်မယ်ဆိုရင် ရှမ်းပြည် နယ်လွှတ်တော်တွင်း နိုင်ငံရေး ချိန်ခွင်လျှာ ပိုမိုထိန်းကျောင်းကောင်း ထိန်းကျောင်းနိုင်မယ့်အတွက် ရှမ်းပြည်နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေးဟာ ပြည်နယ်တွင်း လွှတ်တော်နိုင်ငံရေးနဲ့ပါ ဆက်စပ်နေတယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။
အချုပ်ပြောရရင် ကြားဖြတ် ရွေးကောက်ပွဲတွေဟာ ဒီမိုကရေ စီနိုင်ငံရေးမှာ အတော့်ကိုအရေး ပါပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကို လွှတ်တော်ကိုယ်စားလှယ်လစ်လပ်ကြောင်း တရားဝင်အကြောင်းကြားတဲ့ အချိန်ကနေခြောက်လအတွင်း ကျင်းပရမယ်ဆိုတဲ့နေရာမှာ သုံးလအတွင်း ကျင်းပရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက် မျိုးနဲ့ ပြင်ဆင်နိုင်အောင်ပြည် ထောင်စု လွှတ်တော်ကိုယ်စား လှယ်တွေက တိုက်တွန်းဆွေး နွေးအကြံပြုသင့်ပါတယ်။ ကြား ဖြတ်ရွေးကောက်ပွဲတွေဟာ ဘ တစ်ပြန်ကျားတစ်ပြန်လွှတ်တော် အခင်းအကျင်းတွေမှာ ပိုစိတ်လှုပ် ရှားစရာကောင်းပါတယ်။ ကြား ဖြတ်ရွေးကောက်ပွဲရလဒ်ကို အ ကြောင်းပြုကာ လွှတ်တော်တွင်း နဲ့ အစိုးရတွင်းနိုင်ငံရေးချိန်ခွင် လျှာအပြောင်းအလဲဖြစ်နိုင်တာ မျိုးလည်းရှိနိုင်တာမို့ ပိုအလေး ထားသင့်တဲ့အကြောင်း မီးမောင်း ထိုး တိုက်တွန်းဆွေးနွေးလိုက်ရပါ တယ်။
http://www.7daydaily.com/story/74984
 

No comments: