Saturday, September 17, 2016

ဒေါ်အောင်ဆန်းစုကြည်၏ တန်ဖိုးအရှိဆုံး တစ်နယ်သား နိုင်ငံရေး မဟာမိတ်

ဒေါ်အောင်ဆန်းစုကြည်၏ တန်ဖိုးအရှိဆုံး တစ်နယ်သား နိုင်ငံရေး မဟာမိတ်

Saturday, September 17, 2016
 
 
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ကန်လွှတ်တော်အမတ်များ၊ မစ်ခ်ျမက်ကော်နဲလ်တို့တွေ့ဆုံစဉ်
မြန်မာ့ဒီမိုကရေစီ လှုပ်ရှား မှု၏ အထင်ကရ သင်္ကေတနှင့် လက်ရှိ မြန်မာအစိုးရအဖွဲ့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်သည် ယခုသီတင်းပတ်အ တွင်း အမေရိကန်နိုင်ငံ ဝါရှင်တန် မြို့တော်သို့ ရောက်ရှိလာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဝါရှင် တန်ခရီးစဉ်ကို ရင်းနှီးပြီးသား မျက်နှာသိနိုင်ငံရေးသမား တစ်ဦး ကလည်း တက်ကြွစွာ စောင့်ကြို နေသည်။ လွှတ်တော်အမတ် မစ်ခ်ျမက်ကော်နဲလ်သည် ဒေါ် အောင်ဆန်းစုကြည်၏ နိုင်ငံရေး လှုပ်ရှားမှုများကို ဆယ်စုနှစ်များ စွာ စောင့်ကြည့်ကူညီခဲ့သူ ဖြစ် သည်။
ကင်တက်ကီမှ ရီပက်ဘ လေကန် အမတ်တစ်ဦးဖြစ်သူ မက်ကော်နဲလ်သည် မြန်မာနိုင်ငံ ၏ ဒီမိုကရေစီဖြစ်ထွန်းအောင်မြင် ရေးကဏ္ဍတွင် အဝေးတစ်နေရာမှ ဆယ်စုနှစ် သုံးခုကြာ ကူညီလှုပ် ရှားခဲ့သူတစ်ဦးဟု ဆိုနိုင်သည်။ ‘‘ကျွန်တော့်ဘဝမှာ ဘယ်ကိစ္စကို မှ အခုလောက် စိတ်ရောကိုယ်ပါ အချိန်အကြာကြီး အားထုတ်တာ မျိုး မရှိခဲ့ဖူးဘူး’’ ဟုပင် ၎င်းက မှတ်ချက်ပေးခဲ့ဖူးသည်။
မက်ကော်နဲလ်သည် ယခင် မြန်မာစစ်အစိုးရအပေါ် အမေရိ ကန်က အရေးယူပိတ်ဆို့မှုများ ပြု လုပ်ပြီး ဒီမိုကရေစီဖော်ဆောင်ရေး တွန်းအားပေးနိုင်ရန် လူမြင်ကွင်း နောက်ကွယ်မှ တိတ်တဆိတ်နှင့် မမောနိုင်မပန်းနိုင် စည်းရုံးဆော် ဩခဲ့သူ တစ်ဦးဖြစ်သည်။ ၂၀၀၂ တွင် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ် ကျခံနေ ရစဉ် အတောအတွင်းမှာပင် နိုင်ငံ ပြင်ပသို့ လျှို့ဝှက်စာတစ်စောင် ပေးပို့ပြီး ၎င်း၏အားထုတ်မှုများ အတွက် ကျေးဇူးတင်ရှိကြောင်း မက်ကော်နဲလ်ထံ ဆက်သွယ် ပြောကြားခဲ့ဖူးသည်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း နှစ်ပေါင်း များစွာ နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိခံရမှုကို စိတ်ဓာတ်ကြံ့ခိုင် စွာကျော်ဖြတ်ခဲ့ရာ မက်ကော်နဲလ် အတွက် အထင်တကြီး လေးစားမှု မျိုး ဖြစ်ပေါ်စေခဲ့သည်။ ထို အတောအတွင်း ဒေါ်အောင်ဆန်း စုကြည်၏ခင်ပွန်းသည် ကွယ်လွန် သွားသည့်တိုင် ဒေါ်အောင်ဆန်းစု ကြည်က မြန်မာနိုင်ငံကို စွန့်ခွာရန် ငြင်းဆန်ခဲ့သည်မှာ လေးစားစရာ ဖြစ်ကြောင်း နိုင်ငံရေးအသိုက်အ ဝန်းတွင် ထင်ရှားသည့် လွှတ် တော်အမတ်က ဆိုသည်။
‘‘ဒေါ်အောင်ဆန်းစုကြည် က မဟတ္တမဂန္ဒီလို ငြိမ်းချမ်းရေး သင်္ကေတတစ်ခုအဖြစ် ရပ်တည် နိုင်တဲ့ လမ်းကြောင်းမျိုးရွေးချယ် ခွင့် ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီအစား သူက မာဂရက်သက်ချာရဲ့ လမ်း ကို ရွေးခဲ့တယ်။ နိုင်ငံရဲ့အမှောင် ခေတ်မျိုးမှာ သူ့ရဲ့တာဝန်ကို မ ရှောင်လွှဲဘဲ လက်ခံယူခဲ့တယ်’’ဟု မက်ကော်နဲလ်က မကြာသေးမီ က အင်တာဗျူးတစ်ခုတွင် ဒေါ် အောင်ဆန်းစုကြည်အား ချီးကျူး ခဲ့သည်။
မက်ကော်နဲလ်သည် မြန်မာ့ အရေးကို ၁၉၈၀ ပြည့်လွန်နှစ်များ နှင့် ၁၉၉၀ အစောပိုင်းနှစ်များတွင် ပထမဆုံးအကြိမ် စိတ်ဝင်စားလာ သည်။ ထိုစဉ်က မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံသား အများစု ကြားပင် မကြားဖူးသေးချေ။ မြန်မာနိုင်ငံတွင် စစ်တပ်က ရွေး ကောက်ပွဲရလဒ်ကို အသိအမှတ် မပြုဘဲ အာဏာကိုသိမ်းပိုက်ထား ခဲ့ရာ ‘‘အဲဒီတုန်းကဆိုဘာကြောင့် ဒီလို လုပ်တယ်ဆိုတာမျိုးက အကြောင်းရင်းမသိတဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့တယ်လေ’’ ဟု မက်ကော် နဲလ်၏ ကာလရှည်ကြာ နိုင်ငံရေး  အကြံပေးအဖြစ် ဆောင်ရွက်ဖူး သူ ရိုဘင်းကလိဗ်လန်းက ပြော ကြားခဲ့သည်။
‘‘တောင်အာဖရိက နိုင်ငံရေး ကျတော့ မဲဆန္ဒရှင်အများစုက အ သားအရောင်ခွဲခြားမှုကို ဆန့်ကျင် လှုပ်ရှားလာကြတာ။ အကြောင်း ရင်းကမြင်သာတယ်။ မြန်မာနိုင်ငံ ကိစ္စကျတော့ အမေရိကန်မှာ တက်တက်ကြွကြွ လှုပ်ရှားသူ သုံး ယောက်လောက်ပဲ ရှိခဲ့တာ။ မက် ကော်နဲလ်ကတော့ ဒီကိစ္စမှာ စိတ် နှစ်ပြီး အာရုံစိုက် တွန်းအားပေးခဲ့ တာဖြစ်ပါတယ်’’ ဟုလည်း၎င်းက မှတ်ချက်ပြုခဲ့သည်။
နှစ်ပေါင်း၂၀အတွင်း မက်ကော်နဲလ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဆက်ဆံရေးသည် ဖုန်းဖြင့်ဖြစ်စေ၊ အခြားသောကြားခံပုဂ္ဂိုလ်များ အကူအညီဖြင့်ဖြစ်စေ ပိုမိုတိုးတက် ခိုင်မာလာသည်။၂၀၁၂တွင် ရန်ကုန်မြို့တွင် ဒေါ်အောင် ဆန်းစုကြည်ထံသို့ မက်ကော်နဲလ် အလည်အပတ်ရောက်ရှိခဲ့သည်။ ထို့နောက် များမကြာမီတွင်ပင် အမေရိကန်ခရီးစဉ်၌ ဒေါ်အောင် ဆန်းစုကြည်က ကန်တက်ကီထိ သွားရောက်ပြီး မက်ကော်နဲလ်ထံ လည်ပတ်ခဲ့သည်။
မြန်မာ့အရေးတွင် မက် ကော်နဲလ်၏ လှုပ်ရှားမှုများသည် တောင်အာဖရိကကို ပိတ်ဆို့အ ရေးယူမှုများ ပြုလုပ်ရန် တွန်း အားပေးခြင်းနှင့် ကွာခြားခဲ့ သည်။ သမ္မတ ရော်နယ်လ်ရေဂင် အပါအဝင် ရီပက်ဘလေကန်တို့ အကြားတွင် မက်ကော်နဲလ်၏ ကြိုးစားမှုများက လူကြိုက်မများ ခဲ့ချေ။ လွှတ်တော်အမတ်များက အမေရိကန်ပြည်သူတို့၏ အခြေခံ အခွင့်အရေးကိုသာ အဓိက စိတ် ဝင်စားခဲ့သည်။
‘‘သူ့ကိုကြည့်ရင် မြန်မာ့အ ရေးနဲ့ပတ်သက်ပြီး အလေးအနက် ခံစားမှုရှိတယ်လို့ ဆိုရလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ်  သူက တကယ့်ကို နှစ်နှစ်ကာကာ လေးစားပြီး အလေးထားခဲ့တယ် ဆိုတာ သိသာပါတယ်။ အထူးသ ဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေသတ်မှတ်ဖို့ ကြိုး စားလုပ်ဆောင်ရာမှာ ဒီအချက် က ပိုပေါ်လွင်တယ်’’ ဟု မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် သံ အမတ်ကြီးဟောင်း  ဒဲရစ်မစ် ချယ်လ်က မှတ်ချက်ပြုခဲ့သည်။
မက်ကော်နဲလ်သည် မြန်မာ့ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ အက်ဥပဒေကို ၂၀၀၃ တွင် စတင်တင်သွင်းခဲ့သည်။ ယင်းက ထိုစဉ်က မြန်မာအစိုးရအပေါ် အ ရေးယူ ပိတ်ဆို့မှုများကို ပိုမိုမြှင့် တင် ကျပ်တည်းစေခဲ့သည်။ ထို နှစ်တွင်ပင် ဒေါ်အောင်ဆန်းစု ကြည် စီးနင်းလိုက်ပါလာသော ယာဉ်တန်းကို စစ်အစိုးရ လက်ပါး စေများက တိုက်ခိုက်ခဲ့သည်။ အ ကျိုးဆက်အနေဖြင့် နောက်ဆက် တွဲ ပိတ်ဆို့မှုများ ထွက်ပေါ်လာ သည်။ ၂၀၀၈ တွင် မက်ကော်နဲလ် နှင့် ကယ်လီဖိုးနီးယားမှဒီမိုကရက် လွှတ်တော်အမတ် ဒီယန်နေးဖိန်း စတိန်းတို့က လွှတ်တော်၏ ဂုဏ် ထူးဆောင် ရွှေတံဆိပ် ချီးမြှင့် နိုင်ရေးအဆိုကို ဦးဆောင်တင် သွင်းခဲ့သည်။
၂၀၀၉ အစောပိုင်းတွင် ထို စဉ်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က မြန်မာနိုင်ငံသို့ သံတမန်ခရီးစဉ် မလာရောက်မီ ရုံးခန်းသို့ မက် ကော်နဲလ်ကို အရေးတယူ ခေါ်ယူ ဆွေးနွေးခဲ့သည်။ ထိုစဉ်ကမြန်မာ့ နိုင်ငံရေး အခြေအနေအပေါ် မက် ကော်နဲလ်က သံသယကြီးကြီး ရှိခဲ့ သော်လည်း ပိတ်ဆို့ရေး မူဝါဒ တစ်ခုတည်းဖြင့် ရလဒ်ကောင်း များ ဖော်ဆောင်နိုင်မည် မဟုတ် ဟု နားလည်လက်ခံခဲ့ကြောင်း ကလင်တန်ကဆိုသည်။ ထို့ ကြောင့်လည်း အမေရိကန်နှင့် မြန်မာအစိုးရများကြား သံတမန် ဆက်ဆံရေး ပြန်လည်ထူထောင် ရန် ကလင်တန်၏ အားထုတ်မှု များကို တတ်အားသရွေ့ ကူညီ ပေးခဲ့သည်။
၂၀၁၁ တွင် မက်ကော်နဲလ် သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် ဖုန်းဆက်သွယ် ပြောဆိုခွင့်ရလာသည်။ ထိုအချိန် တွင် မက်ကော်နဲလ်သည် အခြေ အနေ အပြောင်းအလဲများ ဖြစ် လာသည့် အရှေ့တောင်အာရှ နိုင်ငံနှင့်ပတ်သက်၍ ပြန်လည် ဆန်းစစ် ချဉ်းကပ်မှုများပြုလုပ်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ကလင်တန်တို့နှင့် ထဲထဲဝင်ဝင် ပူး ပေါင်း ဆောင်ရွက်နေပြီဖြစ်သည်။ ၂၀၁၂ တွင်မူ လွှတ်တော် အမတ် ကြီးသည် ရန်ကုန်ရှိ ဒေါ်အောင် ဆန်းစုကြည်၏ နေအိမ်သို့ သွား ရောက် လည်ပတ်ခဲ့သည်။ နှစ် ပေါင်းများစွာ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည့် နေအိမ် တွင် ဒေါ်အောင်ဆန်းစုကြည်က မက်ကော်နဲလ်ကို ရင်းနှီးခင်မင်စွာ ကြိုဆိုခဲ့သည်။ ‘‘သိပ်ကို စိတ်လှုပ် ရှားစရာကောင်းတဲ့အခိုက်အတန့် တစ်ခုပါပဲ’’ဟု မက်ကော်နဲလ်က အမှတ်တရဆိုသည်။
ထိုနှစ်နှောင်းပိုင်းတွင် ဒေါ် အောင်ဆန်းစုကြည်က အမေရိ ကန်သို့ သွားရောက်ခဲ့ပြီး သီးခြား ခရီးစဉ်အဖြစ် ကင်တက်ကီထိ သွားရောက်ကာ မက်ကော်နဲလ် နှင့် တွေ့ဆုံခဲ့ပြန်သည်။ မတူညီ သည့် ဒေသနှစ်ခုမှ နိုင်ငံရေးသမား နှစ်ဦးသည် မူဝါဒရေး၊ နိုင်ငံရေး ကိစ္စများနှင့် မသက်ဆိုင်သော မိတ်ဆွေရင်းချာ ဆွေးနွေးပြောဆို မှုများကို ပြုလုပ်ခွင့်ရခဲ့သည်။ မက်ကော်နဲလ်က ၎င်းမွေးထား သည့်မြင်းများကို ဒေါ်အောင်ဆန်း စုကြည်ထံ ဂုဏ်ယူစွာ ပြသခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည် သည် ငယ်ဘဝကတည်းက တိရစ္ဆာန် ချစ်တတ်သူ တစ်ဦးမှန်း ၎င်းကသိရှိထားသည်။
‘‘ကင်တက်ကီကို ကျွန်မလာ ခဲ့တာ လွှတ်တော်အမတ် မက် ကော်နဲလ်ကြောင့်ပါ။ သူ့အိမ်က ဘယ်လိုဘယ်ပုံ ရှိတယ်ဆိုတာ လည်း ကျွန်မစပ်စုကြည့်ချင်တယ် လေ။ ပြီးတော့ ဆယ်စုနှစ် နှစ်ခု လောက်အတွင်းမှာ ကျွန်မတို့အ တွက် သူလုပ်ပေးခဲ့သမျှ အားလုံး ကို သေချာကျေးဇူးတင်ကြောင်း ပြောချင်တာလည်းပါတယ်။ တ ကယ့်ကို ကြာညောင်းခဲ့တဲ့ အချိန် တွေပါပဲ’’ ဟု ထိုစဉ်က ဒေါ် အောင်ဆန်းစုကြည်က ပြောကြား ခဲ့သည်။ ထိုခရီးစဉ်တွင် ဒေါ် အောင်ဆန်းစုကြည်သည် ၂၀၀၈ အတွင်း မက်ကော်နဲလ်နှင့် ဖိန်း စတိန်းတို့ အဆိုတင်သွင်းပေး ခဲ့သည့် ဂုဏ်ထူးဆောင် ရွှေတံ ဆိပ်ကိုလည်း ဝါရှင်တန်တွင် လက်ခံယူခဲ့သည်။
စက်တင်ဘာ ၁၄ ရက်တွင် မက်ကော်နဲလ်သည် လွှတ်တော် အမတ် အနည်းငယ်နှင့်အတူ ဒုတိယသမ္မတ ဂျိုးဘစ်ဒန်၏ နေအိမ်တွင်စုရုံးကာ ဒေါ်အောင် ဆန်းစုကြည်နှင့်အတူ နံနက်စာ သုံးဆောင်ခဲ့သည်။ ၎င်းတို့အနက် တစ်ဦးဖြစ်သည့် တင်နက်ဆီမှ ရီ ပက်ဘလေကန် အမတ်နှင့် လွှတ် တော်၏ နိုင်ငံခြားဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဘော့ဘ်ကော့ ကာက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် သက်တမ်းနုနယ် သေးသော အစိုးရ၏ လုပ်ဆောင် မှုများနှင့်ပတ်သက်၍ အချို့သော အမေရိကန် အမတ်များနှင့် လူ့ အခွင့်အရေး လှုပ်ရှားသူများ၏ အမြင်မရှင်းမှုများကို ပြောကြားခဲ့ သည်။ မြန်မာနိုင်ငံတွင် ဘင်္ဂါလီ မျိုးနွယ်များကို စနစ်တကျဖိနှိပ်မှု များပြုလုပ်နေပြီး ယင်းကို ဒေါ် အောင်ဆန်းစုကြည်ကမျက်ကွယ် ပြုနေကြောင်း ဝေဖန်မှုများနှင့် ပတ်သက်၍ ကော့ကာက ဆွေး နွေးခဲ့သည်။
‘‘မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ကူးပြောင်းရေး လုပ်ငန်းစဉ်တစ် ရပ် ဖော်ဆောင်ဖို့ ဒေါ်အောင် ဆန်းစုကြည် လုပ်ဆောင်ခဲ့တာ တွေကို ကျွန်တော်တို့ အလေးအ နက် အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လူမှောင်ခို ပြဿနာလို ကျွန်တော်စိုးရိမ်တဲ့ ကိစ္စတွေအပေါ် သိပ်အရေးမ ထားတဲ့သူ့ရဲ့ တုံ့ပြန်မှုကိုတော့ နည်းနည်း စိတ်ပျက်မိပါတယ်’’ဟု  သတင်းထောက်များအား ပြော ကြားခဲ့သည်။ မက်ကော်နဲလ်က လက်ရှိ မြန်မာ့နိုင်ငံရေး၏ ပြုပြင် ပြောင်းလဲမှု အရှိန်အဟုန်အရ စိတ်အနှောင့်အယှက်ဖြစ်စရာ အ ခြေအနေများကို မလွဲမသွေ ကြုံ လာနိုင်ကြောင်း ကာကွယ်ပြော ဆိုခဲ့သည်။ အထူးသဖြင့် ဒေါ် အောင်ဆန်းစုကြည် တာဝန်ယူ ရမည့် လုပ်ငန်းဆောင်တာများကို နိုင်ငံခြားသားများက ဘေးအမြင် ဖြင့် စိတ်မရှည်နိုင်မှုမျိုး ရှိမည်သာ ဖြစ်ကြောင်း ၎င်းကသုံးသပ်ခဲ့ သည်။
စက်တင်ဘာ ၁၅ ရက်တွင်မူ မက်ကော်နဲလ်သည် ဝါရှင်တန်ရှိ လွှတ်တော် အဆောက်အအုံတွင် ၎င်း၏ ရပ်ဝေးမှမိတ်ဆွေနှင့် နောက်တစ်ကြိမ် ဆုံတွေ့ခဲ့သည်။ မြန်မာနိုင်ငံအပေါ် အမေရိကန် အစိုးရ၏ပိတ်ဆို့အရေးယူမှု မူဝါဒ အပြောင်းအလဲများတွင် ဒေါ် အောင်ဆန်းစုကြည်၏ အကြံ ဉာဏ်ကို အလေးထား ခံယူမည် ဖြစ်ကြောင်း မက်ကော်နဲလ်က ကြိုတင်ပြောဆိုထားခဲ့သည်။
‘‘ဒီအမျိုးသမီးက တကယ့် ကိုသူရဲကောင်းဆန်တဲ့သူပါ။ အိုး၊ ပြီးတော့ သူ့ကို ဒီနေ့လို အခြေ အနေမျိုး၊ မြန်မာအစိုးရရဲ့ ဦးစီး ခေါင်းဆောင် အနေနဲ့ မြင်ခွင့်ရ တာဟာ အင်မတန် ကြည်နူးစရာ ပေါ့ဗျာ’’ ဟု မက်ကော်နဲလ်က ကျေကျေနပ်နပ် မှတ်ချက်ပေးခဲ့ သည်။
(New York Times သတင်း စာမှ Myanmar’s Leader Has a Longtime Champion in Mitch McConnell ဆောင်းပါးကို ပြန်ဆိုသည်။)

http://www.7daydaily.com/story/75717

No comments: