Tuesday, September 27, 2016

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အနားယူရန် လိုနေ

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အနားယူရန် လိုနေ

 


ယမန်နေ့ ရန်ကုန်လေဆိပ်သို့ ပြန်လည် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေသော ပြည်သူတချို့။(ဓာတ်ပုံ-ဂျေပိုင်/ဧရာဝတီ)
အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ပြီး ယမန်နေ့ညပိုင်း ရန်ကုန်မြို့သို့ပြန် လည် ရောက်ရှိလာသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ ကျန်းမာရေးသည် လတ်တ လော အလုပ်များ ရွှေ့ဆိုင်းပြီး အနားယူရန် လိုအပ်နေ ကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အစာအိမ်ရောင်ရမ်းခြင်း၊ အရိုးကျီးပေါင်းတက်ခြင်း ဝေဒနာများ ခံစားနေရသော်လည်း စိုးရိမ်စရာ မရှိကြောင်း ၊ဒေါ်အောင်ဆန်းစုကြည်ကိုဆရာဝန်ကြီးများဖြင့် ကျန်းမာရေး စစ်ဆေးခဲ့ရာ အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်း အစီအစဉ်များ များပြားလွန်းပြီး နားချိန် နည်းပါးသဖြင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ခရီးစဉ် အတွင်း စားချိန်သောက်ချိန် မမှန်သဖြင့် အစာအိမ်ရောင်ရမ်းခြင်း နှင့်ကွန်ပျူတာ အကြည့်များသဖြင့် အရိုးကျီး ပေါင်းတက်ခြင်း တို့ကို တွေ့ရှိရကြောင်း၊ ကျန်းမာရေးအခြေအနေမှာ အထူး စိုးရိမ်ဖွယ်ရာ မရှိဘဲ ကောင်းမွန်လျက် ရှိပြီး အချိန် အနည်းငယ် အနားယူရန် လိုအပ်သည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက သတင်း ထုတ်ပြန် ထားသည်။
သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက “စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့မယ့် ပွဲ လည်း ရွှေ့ဆိုင်း ထားပါတယ်။ သူကျန်းမာရေးက ရက်အနည်းငယ် အနားယူဖို့လိုပါတယ်။ စိုးရိမ်စရာတော့မရှိပါဘူး။ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့မယ့်ပွဲက အချိန်ပြန် သတ်မှတ်မှာပါ” ဟု ဧရာဝတီသို့ပြောသည်။
NLD  ပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်ကမူ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ တက္ကသိုလ်ရိပ် သာလမ်း နေအိမ်တွင် အနားယူနေကြောင်း ပြောသည်။
ေါး်အောင်ဆန်းစုကြည် အလုပ်တာဝန်များစွာ ယူထားပြီး အစိုးရအဖွဲ့၏ အောင်မြင်မှုသည် သူ၏ ဦးဆောင်မှု ပေါ်တွင် အဓိက မူတည်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်တာဝန်များစွာ ပိနေကြောင်း ICG(International Crisis Group) က ဇူလိုင်လ ၂၉  ရက်နေ့က တရားဝင်ထုတ်ပြန်ပြောဆိုခဲ့သည်။

http://burma.irrawaddy.com/news/2016/09/26/123865.html

No comments: