Monday, September 12, 2016

ဒေါ်အောင်ဆန်းစုကြည် မြန်မာသံအမတ်ကြီးများနှင့်တွေ့ဆုံ၊ နိုင်ငံနှင့် နိုင်ငံသားများ အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ပေးရေး မှာကြား

ဒေါ်အောင်ဆန်းစုကြည် မြန်မာသံအမတ်ကြီးများနှင့်တွေ့ဆုံ၊ နိုင်ငံနှင့် နိုင်ငံသားများ အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ပေးရေး မှာကြား

Monday, September 12, 2016
 
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသတို့မှ မြန်မာသံအမတ်ကြီး (၁၂) ဦးနှင့် ဒေသစံတော်ချိန် ၁၀:၀၀ နာရီမှ ၁၄:၃၀နာရီအထိ လန်ဒန်မြို့ မြန်မာသံရုံး၌ တွေ့ဆုံခဲ့သည်။
...
တွေ့ဆုံပွဲသို့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာ မင်း၊ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟန်သူ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယု၊ ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်၊ အီတလီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်နောင်၊ ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးပေါ်လွင်စိန်၊ ဆာဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးအေး၊ နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မော်မော်၊ သြစတြီးယား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစန်းလွင်၊ အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင်၊ ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးအေးခိုင်၊ ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကိုကိုလတ် တို့တက်ရောက်ကြသည်။
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်တွင် နိုင်ငံရေး စီးပွားရေး လူမှုရေး ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ အပါအဝင် ငြိမ်းချမ်းရေးဆောင် ရွက်မှုဖြစ် စဉ်နှင့်ပတ်သက် ၍လည်းကောင်း၊ ကမ္ဘာ့နိုင်ငံများအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာဆက်ဆံနိုင်ရေး အတွက် ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒနှင့်အညီ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာသံရုံးများ အနေဖြင့် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေး၊ မိမိတို့တာဝန်ထမ်းဆောင်ရာနိုင်ငံများတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန်တို့ကို မှာကြားခဲ့ကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန် သည်။
 
ဧရာဝတီ
 



 

No comments: