Tuesday, September 13, 2016

စီးပွားရေးမူဝါဒအကြောင်း တစေ့တစောင်း

စီးပွားရေးမူဝါဒအကြောင်း တစေ့တစောင်း

13 September 2016

  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီရဲ့ အစိုးရသစ်လက်ထက်မှာ စီးပွားရေးမူဝါဒကို ကြေညာခဲ့ ပါတယ်။ဒီ စီးပွားရေးမူဝါဒရဲ့  ပင်မအချက်က လူထုဆန္ဒနဲ့ ထင်ဟပ်ပေါ်လွင်စေမယ့် စီးပွားရေးမူဝါဒတွေချမှတ်ရေး၊လယ်ယာကုန်ထုတ်လုပ်မှုကို
၃ဆ မြင့်တင်ရေး၊သဘာဝပတ်ဝန်းကျင်နဲ့ သံယံဇာတ
ကိုထိမ်းညှိုရေး ဆိုတာတွေက အဓိကအချက်တွေပဲဖြစ်တယ်။
မြင့်တက်လာမှုတွေ
အစိုးရသစ်ရဲ့  စီးပွားရေးမူဝါဒဟာ ယေဘူယျဆန်တဲ့ မူဝါဒသာဖြစ်တယ်လို
့စီးပွားရေးပညာရှင် တွေနဲ့  လုပ်ငန်းရှင်တွေက ထောက်ပြကြတယ်။သူတို့ တွေ
ဝေဖန်တာက ငွေကြေးဆိုင်ရာစံနစ်
(monetary) နဲ့ အစိုးရရဲ့ ဘက်ဂျက် (Budget) နဲ့ ပက်သက်တဲ့ facial
ပေါ်လစီတွေမှာ ဘာမှမပြောင်းလဲဘူးလို့ ထောက်ပြကြတယ်။ဒီကြားထဲမှာ
စစ်တပ်ရဲ့ အသုံးစရိတ်ကို သမတဗိုလ်သိန်းစိန်လက်ထက် ထက် တိုးမြှင့်ပေးလာတာကို တွေ့ ရတယ်။စစ်တပ်အသုံးစရိတ်ဟာ (၁၀)ရာခိုင်နှုန်း
အထက်မှာရှိနေတုန်းဖြစ်လို့ တခြားပညာရေး၊ကျန်းမားရေးကဏ္ဍာတွေထက်များ
နေတုန်းဖြစ်တယ်။
လက်တလောမှာ ကုန်ဈေးနှုန်းတွေ အဆမတန်တက်နေတယ်။
ကန်စွန်းရွက်တစည်း (၃၀၀)ကျပ်၊ဘဲဥတလုံး(၂၅၀)ကျပ်ဆိုတဲ့အထိ ကုန်ဈေးနှုန်းတွေမြင့်တက်လာတာဟာ အခြေခံလူတန်းစားတွေအထိ ရိုက်ခတ်နေတယ်။
ငွေကြေးဖောင်းပွမှုဂယက်
၂၀၁၆ခုနှစ် ဇူလိုင် ငွေကြေးဖောင်းပွမှုနှုန်းထားဟာ ၁၂.၁၂ရာခိုင်နှုန်းဖြစ်လို့ ၂၀၁၅ခုနှစ် ဇူလိုင်လ ငွေကြေးဖောင်းပွနှုန်း ၉.၉၄ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ပါက
၂ရာခိုင်နှုန်းကျော် မြင့်တက်လာတယ်။ ဒေါ်လာဈေးက၁၁၀၀ကျပ် ကနေ ၁၂၀၀ ကျပ်ကျော်အထိမြင့်တက်နေဆဲဖြစ်လို့ စီးပွားရေးလုပ်ငန်း ရှင်တွေ တွက်ချေ
မကိုက်ဖြစ်နေတယ်။ဒေါ်လာဈေးတက်ရင်၊ရွှေဈေးတက်မယ်။ရွှေဈေးတက်ရင်
ဆန်ဈေးပါလိုက်တက်မယ် ဆိုတာက ဗမာပြည်ရဲ့ မိရိုးဖလာစီးပွားရေးဖြစ်စဉ်လို
ဖြစ်နေပါပြီ။
၂၀၁၆ခုနှစ် ဇူလိုင်လမှာ အလယ်အလတ်အတန်းစားက ဆန်တအိတ် (၅၀၀)နဲ့ (၁၀၀၀)ကြားမှာတက်လာသလို၊ ရွှေဘိုဆန်နဲ့  ဆင်းသွယ်ဆန်ကလည်း
တအိတ်ကို (၃၀၀၀)နဲ့ (၃၅၀၀)ကြားတက်လာပါတယ်။
ထွက်ပြောလာကြပြီ
၂၀၁၆ခုနှစ်၊သြဂုတ်လ(၃၀)ရက်နေ့ မှာ ပြည်ထောင်စုလွှတ်တော်ဥပဒေရေး
ရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ရဲ့  သတင်းစာ
ရှင်းလင်းပွဲမှာ ကော်မရှင်ဥက္ကဌဖြစ်တဲ့ ဗိုလ်ရွှေမန်းက အုပ်ချုပ်ရေးယန္တယားကို
ပြန်လည်တည့်မတ်ရန်မှာ အစိုးရဌာနများမှာထင်ထား တာထက် ခက်ခဲစွာလုပ်နေရကြောင်း၊အရင်ခေတ်တွေမှာ ဈေးကွက်စီးပွားရေးစံနစ်ကို မှန်မှန် ကန်ကန်
မကျင့်သုံးနိုင်ခဲ့လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရသစ်မှာ စီးပွားရေးဘက် မှာ အောင်မြင်အောင် မဆောင်ရွက်နိုင်သေးဘူးလို့ ပြောသွားတယ်။
တချိန်တည်းမှာပဲ ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီမှထုတ်ဝေတဲ့
ပြည်ထောင်စုနေ့ စဉ်သတင်းစာမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီရဲ့ အစိုးရသစ်လုပ်တဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ကို အကောင်းမြင်တယ်လို့ ရေးသားထားပေမယ့် ရာဇ၀တ်မှုပိုများလာတယ်လို့ ထောက်ပြရေးခဲ့တယ်။ မရှေးမနှောင်းမှာပဲ Tomorrow သတင်းဂျာနယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ 
ရန်ကုန်တိုင်းလွှတ်တော်ရဲ့ ဘဏ္ဍာရေးနဲ့ စီးပွားရေးကော်မီတီဥက္ကဌဖြစ်တဲ့
ဒေါ်စန္ဒာမင်း ကလည်းလက်ရှိအစိုးရရဲ့ လုပ်ကိုင်မှုတွေဟာ အရင် စစ်အစိုးရ
လက်ထက်ကနဲ့ ဘာမှ မကွဲပြားဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့တယ်။
အရှုပ်တွေနဲ့  ထမင်းတလုတ်ခက်နေချိန်
ထမင်းလို့  ဆိုလိုက်တာနဲ့ ဆန်ကိုပြေးမြင်မိမှာပါ။ဆန်ကို မြင်မိရင် စပါး
ထုတ်လုပ်မှုအခြေအနေကိုလည်း သတိယဖို့ လိုပါတယ်။ဗမာပြည်မှာ စပါး
စိုက်ဧကပေါင်း(၁၉)သန်းရှိတယ်လို့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။
မိုးစပါးကို ဧက(၁၆)သန်းစိုက်ပျိုးကာ နွေစပါးကို ဧက(၃)သန်းစိုက်ပျိုး
ပါတယ်။ပြည်တွင်းစားသုံးမှုက တနှစ်မှာ စပါးတန်ချိန်(၈)သန်း မှ (၉)သန်းအထိရှိပါတယ်။စိုက်ပျိုးရေးအခြေခံတဲ့ တိုင်းပြည်အနေအထားဟာ ပြည်တွင်းစားသုံးမှု
အတွက်သာ အဓိကထားစိုက်ပျိုးနေတုန်းဖြစ်တယ်။၂၀၁၄-၁၅ခုနှစ်မှာ ပြည်ပသို့ ဆန်တင်ပို့ မှုဟာ ၁. ၈သန်းတင်ပို့ နိုင်ခဲ့တယ်။၂၀၁၅-၁၆ခုနှစ်ပြည်ပသို့ 
ဆန်တင်ပို့ မှု (၂)သန်း လျှာထားပေမယ့် ၁. ၄သန်း ပဲ ပို့ နိုင်ခဲ့တယ်။
၂၀၂၀ခုနှစ်မှာ ပြည်ပသို့ ဆန် တန်(၄)သန်း တင်ပို့ ရန်လျှာထားပေးမယ့်
လယ်ယာမြေသိမ်းထားမှုတွေ၊လယ်သမားတွေအတွက် ထောက်ပံ့မှုမပြည့်စုံမှု
တွေ၊လယ်သီးစားဥပဒေအကာအကွယ်ကင်းမဲ့မှုတွေနဲ့  သဘာဝဘေးဒဏ်
တွေကြောင့် စိန်ခေါ်မှုတွေ ကြုံတွေ့ လာမှာပဲဖြစ်တယ်။
ကိုလိုနီခေတ်က တိုင်းပြည်ရဲ့ အဓိက၀င်ငွေဟာ ဧရာဝတီတိုင်းရဲ့ လယ်ယာက နေရရှိလို့ အခြား ကဏ္ဍာရပ်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ ဒီကနေ့ ခေတ်မှာ
တော့ လက်မှုလယ်ယာလုပ်ငန်း ခွင်ဟာ ရစရာမရှိအောင် ပျက်စီးနေလို
့လယ်ယာလုပ်ငန်းလုပ်ငန်းနဲ့ တိုင်းပြည်ဝင်ငွေရဖို့ မပြောနဲ့ 
လယ်သမားတွေကိုယ်တိုင်တောင် ထမင်းတလုတ်စားနိုင်မလွယ်ကူတော့ပါဘူး။
အနှုတ်အသိမ်းကောင်းပါ့မလား
၂၀၁၂ခုနှစ် ကနေစလို့  ၂၀၁၆ခုနှစ်အထိ ရေကြီးမှုဒဏ်တွေကို ဆိုးဆိုးရွားရွား
ကြုံတွေ့ နေရ တယ်။၂၀၁၆ခုနှစ်မှာ ရေကြီးမှုမှာ ရေမြုတ်လယ်ဧက(၃)သိန်းခန့် ရှိပါတယ်။ဧရာဝတီတိုင်းရဲ့  စပါးစိုက်ပျိုးမှု ဧက ထောင်ပေါင်းများစွာ ပျက်ဆီးသွားပါတယ်။ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ဖော်ပြောဆိုမှုအရ ဗမာတပြည်လုံးအတိုင်းအတာအရ မိုးစပါးဟာ အဓိကစိုက်ပျိုးသီးနှံဖြစ်လို့ ကမ္ဘောဒီယား၊
ဗီယက်နမ်၊ထိုင်းနိုင်ငံတို့ ထက် ကုန်ထုတ်လုပ်မှုကျဆင်းနေတယ်လို့ ပြောဆိုလာတယ်။၁၉၈၀ခုနှစ်မှာ ဗမာပြည်ရဲ့  တဦးချင်းကုန်ထုတ်လုပ်မှုဟာ ဒေါ်လာ (၁၇၁) ဖြစ်ကာ တရုတ်နိုင်ငံကတော့ဒေါ်လာ(၃၁၁) ဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်မှာတော့
ဗမာပြည်ရဲ့ တဦးချင်းကုန်ထုတ်လုပ်မှုဟာဒေါ်လာ(၁၁၈၃) ဖြစ်ကာ တရုတ်နိုင်ငံကတော့ ဒေါ်လာ(၆၆၂၆) ဖြစ်ပါတယ်။နှစ်(၃၀)ကျော် အတွင်းမှာ ဗမာပြည်နဲ့ 
တရုတ်ပြည်ဟာ တဦးချင်း ကုန်ထုတ်လုပ်မှုခြင်း မတရားကွာဟသွားခဲ့ ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အစိုးသစ်လက်ထက်မှာ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁. ၅ ဘီလျှံရှိနေတယ်။သဘာဝဓါတ်ငွေ့ ရောင်းချမှုမှာလည်း ၂၀၁၅ခုနှစ်မှာ ဒေါ်လာ၂ ဘီလျှံကျော် ရောင်းချ ရာမှနေ ၂၀၁၆ခုနှစ်မှာ ၁. ၇ ဘီလျှံကျော်သာ
ရောင်းချခဲ့ရတယ်။၂၀၁၆ခုနှစ် ပထမလေးလပတ်အထိ ရင်းနှီးမြုတ်နှံမှုငွေ
ဒေါ်လာသန်း(၃၀၀)ကျော်ပဲ ၀င်ရောက်ပါတယ်။တဖက်မှာလည်း အစိုးရရဲ့ 
ဘက်ဂျက်လိုငွေဟာ ကျပ်ဘီလျှံ(၃၀၀၀)ကျော်ရှိနေပါတယ်။
ဘာကြောင့် လယ်ယာရင်းနှီးမြုတ်နှံ့ မှုတွေ ၀င်ရောက်မလာသလဲ
ဗမာပြည်ကို ၀င်ရောက်လာတဲ့ ရင်းနှီးမြုတ်နှံ့ မှုတွေကို ကြည့်ရင် သံယံဇာတတူးဖော်ရေးနဲ့ ရေတိုအမြတ်ရမယ့်ခရီးသွားလုပ်ငန်းကိစ္စရပ်တွေသာဖြစ်တယ်။
ဗမာပြည်ရဲ့ လယ်ယာမြေဥပဒေအရလည်း ရင်းနှီးမြုတ်နှံ့ သူတွေကို မဆွဲဆောင်
နိုင်သေးပါဘူး။ တိုင်းပြည်သာ မြေယာ အားလုံးရဲ့ မူရင်းပိုင်ရှင်ဖြစ်တယ်လို့  မူဝါဒရှိနေပါတယ်။ ဒါအပြင် လယ်ယာမြေနဲ့ ကောက်ပဲသီးနှံ့ ရောင်းဝယ်မှုတွေမှာ
တိုင်းပြည်ကချုပ်ကိုင်ထားတဲ့ (State Own Enterprise-SOE) စံနစ်ရှိနေပါ သေးတယ်။၂၀၁၆-၁၇ခုနှစ် ဇူလိုင်လ ဘဏ္ဍာနှစ်ကုန်အထိ နိုင်ငံခြားရင်းနှီးမြုတ်နှံမှု(၆၄)ဘီလျှံ ကျော်ပေမယ့်လယ်ယာကဏ္ဍာမှာ ဒေါ်လာ(၂၄၉)သန်းကျော်သာ
ရှိနေတယ်။လယ်ယာကဏ္ဍာမှာနိုင်ငံခြားရင်းနှီးမြတ်နှံမှုဝင်ရောက်မှုအားနည်းရင် အစိုးရဘက် စိုက်ထုတ်ကုန်ကျစရိတ်များပြားမှာဖြစ်တယ်။၂၀၁၆ခုနှစ် စိုက်ပျိုး
စရိတ်ချေးငွေကို ဘီလျှံ(၁၇၀၀)လျှာထားရာမှာ ဒီကနေ့ အချိန်ထိ
မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်က(၁၁၁၅) ဘီလျှံထုတ်ချေးခဲ့တယ်။
ဗဟိုဘဏ်ကချေးယူငွေဘီလျှံ(၅၀၀) မပါဝင်သေးပါဘူး။အရင်က လယ်တဧကကို ကျပ်(၁)သိန်းချေးငွေထုတ်ပေးရာကနေ
အစိုးရသစ်လက်ထက်မှာ ကျပ် တသိန်းခွဲ ချေးငွေထုတ်ပေးခဲ့ပါတယ်။
တကယ်တမ်းလယ်တဧကစိုက်ပျိုးစရိတ်ကုန်ကျငွေဟာ ကျပ်တသိန်းခွဲနဲ့ 
၂သိန်းကြားရှိနေပါတယ်။တောင်သူတွေကို တဧကကို ငွေနှစ်သောင်းချေးမယ်လို့ သိရပေမယ့်လည်း တောင်သူတွေက စိတ်ဝင်စားမှုမရှိတာကို တွေ့ 
ရပါတယ်။ဘာကြောင့်လည်းဆိုရင် မတ်ပဲတဧက စိုက်ပျိုးစရိတ်ကုန်ကျငွေဟာ တသိန်းခွဲရှိတာ ကြောင့် ဘယ်သူမှ အစိုးရရဲ့ ချေးငွေအပေါ်လောက်လောက်လားလား မမျှော်လင့်ကြဘူး။ မတ်ပဲဈေးဟာ အိန္ဒိယပြည်မှ အ၀ယ်လိုက်ရင် လိုက်သလို ဈေးရနေလို့ တောင်သူတွေဟာ အစိုးရ
ချေးငွေထက် ကုန်သည်တွေထက်မှပဲ ငွေကြိုယူရင်း စိုက်ပျိုးကြပါတယ်။
တဖက်မှာလည်း အစိုးရ အဆက်ဆက်ရဲ့  မှားယွင်းတဲ့ လယ်ယာမြေစီမံခန့် ခွဲမှုတွေရဲ့ အကျိုးသက်ရောက်မှုကြောင့် စိုက်ပျိုးစရိတ်ချေးငွေ ၁ထရီလျှံကျော်ဟာ ပြန်မရရှိသေးပါဘူး။လယ်ယာကဏ္ဍကို နိုင်ငံခြားရင်းနှီးမြုတ်နှံမှု
တွေ ၀င်ရောက်စေချင်ရင် ပြည်တွင်းမှာ လယ်ယာမြေနဲ့ လယ်သမားတွေအပေါ်ဖိနှိပ်မှုအခြေအနေတွေ ကင်းမဲ့သွားဖို့ ပဲလိုပါတယ်။
မျိုးစပါး၊၀မ်းစာစပါး၊အရန်စပါး
လယ်သမားတယောက်အတွက် လိုအပ်တာက မျိုးစပါးနဲ့ ဝမ်းစာစပါးပဲ
ဖြစ်တယ်။အရန်စပါးဆိုတာက အစိုးရရဲ့ မူဝါဒက လယ်စမားတွေရဲ့ အကျိုးစီးပွားအပေါ်ကြည့်ရှုမှုသာဖြစ်တယ်။၂၀၁၆ခုနှစ် ရေကြီးတဲ့အခြေအနေမှာ
တိုင်းပြည်မှာ မျိုးစပါးတင်းပေါင်း (၄၈၀၀၀၀) ရှိတယ်လို့ သိရပါတယ်။
ပြည်ထောင်စုရန်ပုံငွေနဲ့ ဝယ်ယူထားတဲ့တင်းပေါင်းက (၇၀၀၀၀)၊ တိုင်း
နဲ့ ပြည်နယ်ဦးစီဌာနများရဲ့ ရန်ပုံငွေများနဲ့ ဝယ်ယူထားတဲ့ တင်းပေါင်း(၆၀၀၀၀)၊
ဆန်စက်လုပ်ငန်းရှင်များနဲ့ အခြားသောလုပ်ငန်းရှင်တွေဝယ်ယူသိုလှောင်ထားတဲ့ တင်းပေါင်း(၃၅၀၀၀၀)ကျော်ရှိပါတယ်။အစိုးရက တင်းပေါင်း
(၁၃၀၀၀၀)သာ ၀ယ်ယူထားကာ၊ စီးပွားရေးလုပ်ငန်းရှင်တွေက အစိုးရ၀ယ်ယူထားမှုထက် ၂ဆကျော်ခန့် ဝယ်ယူထားနိုင်တာကိုတွေ့ ရပါတယ်။ဒါကြောင့်
လည်း ဆန်စပါးလုပ်ငန်းရှင်အသင်းမှ ရေမြုတ်လယ်တွေအတွက် မျိုးစပါးကို
အလကားမကူညီနိုင်ဘူး၊အကြွေးစံနစ်နဲ့ ရောင်းချမယ်လို့ 
ထုတ်ဖော်ပြောကြားလာတယ်။ဒီအခြေအနေတွေက လယ်သမားတွေအတွက် အကြွေးတပူပေါ်တပူဆင့်နေအုံးမှာပဲဖြစ်တယ်။ဗမာပြည်မှာ စပါးစိုက်ပျိုး
ပါတယ်ဆိုတဲ့ ဧရာဝတီဒေသမှာတောင်ဝမ်းစာစပါးမဖူလုံလို့  ရန်ကုန်မြို့ ၊
လှိုင်သာယာဘက်တွေမှ စက်ရုံတွေမှာဝင်ရောက်လုပ်ကိုင်
နေကြတဲ့ ဧရာဝတီတိုင်းမှ ပြည်သူတွေသိန်းချီရှိနေပါတယ်။၂၀၁၆ခုနှစ် ရေကြီးမှုနဲ့ တရုတ်နယ်စပ်ကို တင်သွင်းနေရတဲ့ ဆန်တင်ပို့ ကျဆင်းလာမှုတွေက
အစိုးရရဲ့ အရန်စပါးဝယ်ယူပေးမှုကိုတောင်းဆိုလာပါတယ်။
အရန်ဆန်ဝယ်နိုင်မှ လယ်သမားတွေအူစိုမယ်
၂၀၁၂-၁၃ခုနှစ်မှာ အရန်ဆန်ဝယ်ယူဖို့  ကျပ်ဘီလျှံ(၃၀) လျှာထားခဲ့ပေမယ့်
တကယ်တမ်းဝယ်ယူခဲ့ရာမှာ ကျပ်(၁၄)ဘီလျှံသာ ၀ယ်ယူခဲ့တယ်။ဒီကနေ့ လို အစိုးရလိုငွေပြနေချိန်မှာ အရန်ဆန်ဝယ်ယူဖို့ ဆိုတာ မသေချာသေးပါဘူး။ စပါးတင်းတရာ ဈေးဟာကျပ်(၆)သိန်းအောက်ထိုးဆင်းမယ့်အခြေအနေတွေလည်းရှိနေပါတယ်။ လက်ရှိငွေဖောင်းပွမှုတွေအရ တကယ်လို့ စပါးဈေး(၆)သိန်း အောက်ကျသွားရင် လယ်သမားတွေ အကျိုးအမြတ်ခံစားခွင့်ရမှာမဟုတ်ပါဘူး။ ဒီကနေ့ လို အစိုးရလိုငွေပြနေချိန်မှာ အရန်ဆန်ဝယ်ယူဖို့ ဆိုတာ မသေချာသေးပါဘူး။
လွှတ်တော်မှာလည်း မေးသံမကြားမိပါဘူး။မကြာမှီမှာ စပါးပေါ်မယ့်ရာသီ
ရောက်တော့မှာဖြစ်တယ်။ဆန်လုပ်ငန်းရှင်များ ကတော့ တိုင်းပြည်ဘဏ္ဍာငွေ
နဲ့ အရန်ဆန်ဝယ်ယူဖို့ အစိုးရကို အကြံပြုထားပါတယ်။ ဒီအကြံပြုမှု ဟာလည်း
တရုတ်နယ်စပ်ဝယ်ယူမှုကျဆင်းမှုတွေနဲ့  တစိတ်တပိုင်းပါဝင်ပက်သက်နေ
တယ်လို့  ယူဆရ ပါတယ်။အာဆီယံနိုင်ငံအများစုမှာတော့ စားနပ်ရိက္ခာဖူလုံ
ရေးနဲ့ သဘာဝဘေးအန္တာရာယ်တွေကျရောက်ရင် နှစ်စဉ်အရန်ဆန် တန်(၁၄၀၀၀)ထားရှိရန် မူဝါဒရှိပါတယ်။စပါးဈေးထိုးကျမှုဟာ
ဆင်းရဲမွဲတေမှုတွေ တိုက်ဖျက်ရေးနဲ့ လည်း ပက်သက်နေပါတယ်။
အိပဲ့အိပဲ့ စီးပွားရေးမူဝါဒရထားကြီး
မူဝါဒ၊လမ်းစဉ်တွေရေးဆွဲချမှတ်ရာမှာ စာရင်းဇယား အချက်အလက်တွေ
မှန်ကန်တိကျဖို့ လို ပါတယ်။ မကြာသေးမှီက အလုပ်သမားဝန်ကြီးဌာနနဲ့ 
ယူအန်ရဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ချုပ်တို့  ဗမာပြည်ဆိုင်ရာ
အစီရင်ခံစာတမ်းမှာအလုပ်လက်မဲ့ ဦးရေဟာတသိန်းရှစ်သောင်း
ပဲရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ၂၀၁၄ခုနှစ် သန်းကောင်စာရင်း
အရတောင် လူဦးရေ(၅၄)သန်းမှာ အလုပ်လက်မဲ့ဦးရေ (၄)ရာခိုင်နှုန်းရှိနေပါ
တယ်။ထိုင်းနိုင်ငံမှာ ဗမာပြည်မှ ရွေ့ ပြောင်းအလုပ်သမားဦးရေဟာ (၃)သန်း
လောက်ရှိနေပါတယ်။စာရင်းဇယားမမှန်မှုတွေကို ဧရာဝတီတိုင်းရေဘေးခရီး
စဉ်သွားရောက်ခဲ့တဲ့ သမတဦးထင်ကျော်ကိုယ်တိုင် စာရင်းမှန်အောင်လုပ်ကြပါလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ခုဖြစ်နေတာက မဆလလက်ထက်၊
စစ်အစိုးရလက်ထက် အုပ်ချုပ်ရေးဆိုးမွေတွေက အမြစ်တွယ်ယူမှုကို အရှိန်မြှင့်မပြောင်းလဲနိုင်သေးခြင်းဖြစ်သလို၊အမျိုးသားဒီမိုကရေစီအဖွဲချုပ်မှာလည်း
ဗြူရိုကရေစီဆန်တဲ့ အကျင့်စရိုက်တွေ ပေါ်ထွက်လာနေတာကို
တွေ့ နေရတယ်။ဒီအခြေအနေတွေကြားမှာ ကမ္ဘာ့ဘဏ်၊အာရှဖွံ့ ဖြိုးရေးဘဏ်၊
ဂျပန်နိုင်ငံ၊ဥရောပနဲ့ အနောက်နိုင်ငံတို့ က ဘီလျှံနဲ့ ချီအထောက်အကူ
ပြုလာတာတွေ့ ရတယ်။ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပါအ၀င် ဖွံ့ ဖြိုးရေးလုပ်ငန်းစဉ်တွေအတွက် ပြည်ပမှထောက်ပံ့မှုရရှိတဲ့ ငွေကြေးဆိုင်ရာလေ့လာမှုအပေါ်စောင့်ကြည့်မှု လုပ်ငန်းစဉ်တွေကို လွှတ်တော်တွင်းရော လွှတ်တော်
ပြင်ပမှာရော အားနည်းနေတာကို တွေ့ ရပါတယ်။ပညာရှင်တွေကတော့ Blue Print ဆိုတဲ့ စီမံကိန်းတွေနဲ့ ရေးဆွဲတင်ပြနေပေမယ့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာစီမံခန့် ခွဲမှုအားနည်းချက်တွေကြောင့်စီမံကိန်းတွေ အောင်မြင်ဖို့ ဆိုတာ မလိုအပ်ပဲနဲ့ အချိန်များစွာပေးနေရအုံးမှာဖြစ်တယ်။ဒါဟာဗမာပြည်ရဲ့ စီးပွားရေးမူဝါဒပိုင်း
ဆိုင်ရာ မောင်းနှင်အားပဲဖြစ်တယ်။ ။
ဧရာ
၁၀၊၉၊၂၀၁၆
 

No comments: