Saturday, September 17, 2016

မြစ်ဆုံ စီမံကိန်း လေ့လာရေးကော်မရှင် မြစ်ဆုံနှင့် ကချင်ပြည်နယ် အတွင်း လေ့လာမှုများ ပြုလုပ်နေ

မြစ်ဆုံ စီမံကိန်း လေ့လာရေးကော်မရှင် မြစ်ဆုံနှင့် ကချင်ပြည်နယ် အတွင်း လေ့လာမှုများ ပြုလုပ်နေ

Saturday, September 17, 2016
 
အစိုးရဖွဲ့စည်းထားသော ဧရာဝတီ- မြစ်ဆုံ- မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်သည် မြစ်ဆုံဒေသနှင့် ဆက်စပ်ဒေသများ ဖြစ်သည့် ကချင်ပြည်နယ်အတွင်းရှိ မေခ မလိခ မြစ်ကြောင်း တလျောက်ဒေသများကို ယခုရက်ပိုင်းအတွင်း သွားရောက် လေ့လာနေသည်ဟု သိရသည်။
...
စက်တင်ဘာလ ၁၆ ရက်နေ့က မြစ်ဆုံ စီမံကိန်းဒေသ သို့ သွားရောက်ခဲ့ပြီး တန်ဖရဲ အထက်တန်းကျောင်း စီမံကိန်းကြောင့် ပြောင်းရွှေ့ရသူများ အခြေချသည့် အောင်မြင်သာ ကျေးရွာသို့ သွားရောက်ခဲ့ကာ ဒေသခံ အချို့နှင့် တွေ့ဆုံခဲ့သည်။
စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရေအားလျှပ်စစ် စီမံကိန်း ရှိရာ ချီဖွေဒေသသို့ ရဟတ်ယာဉ်ဖြင့် သွားရောက် လေ့လာခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
“ရွာက အုပ်ချုပ်ရေးမှူးက ရွာက လူ ၁၅၀ ကို မြစ်ကြီးနားကို ခေါ်မယ်တဲ့။ ကားသုံးစီးကို မြို့ထဲကနေ လွှတ်ပေးမယ်ပေါ့။ ဟိုမှာကျရင် လူတစ်ယောက်လား နှစ်ယောက်လား သုံးမိနစ် ငါးမိနစ်ပေါ့။ အဲ့လောက် စကားပြောခွင့် ရှိတယ်တဲ့။ အစကတော့ ကော်မရှင် အဖွဲ့ဆိုတော့ ကော်မရှင် ဆိုတာ မြစ်ဆုံကို လုပ်သင့်၊ မလုပ်သင့်ပေါ့။ ပြည်သူလူထု နဲ့တိုင်ပင်ပြီးတော့ ဒေသခံတွေနဲ့ တိုင်ပင်ပြီး ပွင့်လင်းမြင်သာမှု ရှိအောင်ပေါ့နော်။ ဆွေးနွေးညှိနှိုင်း အဲ့လိုမျိုး ထင်တာလေ။ အခု ဒီနေ့ လာတဲ့ပုံစံက ကျမတို့က ကျမတို့ ထင်ထားတာနဲ့တော့ တခြားစီပဲ" ဟု မြစ်ဆုံ ဒေသခံ တစ်ဦးဖြစ်သည့် ဒေါ်ဂျာခေါန်က ပြောကြောင်း ဗွီအိုအေ သတင်းတွင် ဖော်ပြထားသည်။
မြစ်ကြီးနားတွင် ဒေသခံ များနှင့် ကော်မရှင်တွေ့ဆုံပွဲကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ဒေသခံ အမြောက်အမြား လွတ်လွတ်လပ်လပ် တက်ရောက်ခွင့် ရ မရဆိုသည်မှာ မရေရာသေးကြောင်းလည်း ဒေသခံ အချို့က ဆိုသည်။
“ကျွန်မတို့ သတင်းထောက်တွေလည်း ခရီးစဉ်ကို သတင်းလိုက်ယူချင်တာ ဆက်သွယ်လို့လည်း မရဘူး” ဟု မြစ်ကြီးနား အခြေစိုက် မြစ်ကြီးနား ဂျာနယ်မှ အယ်ဒီတာ ဆိုင်းမိုင်က ပြောသည်။
ကော်မရှင် ခရီးစဉ်စတင်သည့် နေ့တွင်ပင် မြစ်ဆုံစီမံကိန်း အပြီးသတ်ရပ်ဆိုင်းရေး ၊ ဒေသခံများအား မူလနေရပ်များတွင် ပြန်လည် အခြေချ နေထိုင်လုပ်ပိုင်ခွင့်ပေးရေး ၊ ပြည်သူ့ဆန္ဒမပါဘဲ မည်သည့်စီမံကိန်းများမှ အကောင်ထည်ဖော်ခြင်း မပြုရေးစသည့် အချက်များပါဝင်သည့် ကော်မရှင်ထံပေးစာကို ဒေသခံ အရပ်ဘက်အဖွဲ့အစည်း ၂၀ ကျော်မှ ပေးပို့ခဲ့ကြသည်။
ဝသန်
The Ladies News
Photo - မြစ်ဆုံစီမံကိန်းအား တွေ့မြင်ရစဉ်

No comments: