Friday, September 30, 2016

မြန်မာနိုင်ငံရှိ လုပ်ငန်းခွင်များ နိုင်ငံတကာစံနှုန်းနှင့်ညီစေရန် အီးယူနှင့် ဒိန်းမတ် ကူညီမည်ဟုဆို

မြန်မာနိုင်ငံရှိ လုပ်ငန်းခွင်များ နိုင်ငံတကာစံနှုန်းနှင့်ညီစေရန် အီးယူနှင့် ဒိန်းမတ် ကူညီမည်ဟုဆို
Friday, September 30, 2016
 
ဥရောပသမဂ္ဂနှင့် ဒိန်း မတ်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက အဆင်သင့် ဖြစ်စေရန်နှင့် လုပ်ငန်းခွင်ကျွမ်း ကျင်မှုများအတွက် အကူအညီ များ တိုးမြှင့်ပေးမည်ဟု အဆိုပါ နိုင်ငံများမှသံအရာရှိများကထုတ် ဖော်ပြောကြားခဲ့သည်။
...
‘‘မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် တွေဟာ အီးယူစံသတ်မှတ်ချက်နဲ့ အညီဖြစ်ဖို့အတွက် ကျွန်တော်တို့ ဘက်က အကောင်းဆုံးကူညီပံ့ ပိုး သွားပါမယ်။ မြန်မာနိုင်ငံ အတိုင် ပင်ခံ ပုဂ္ဂိုလ်ရဲ့ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေ ပြောကြားချက်ကို ကျွန်တော်တို့ အသိအမှတ်ပြုလက်ခံသလို အီး ယူက တံခါးဖွင့်ထားပြီးဖြစ်တဲ့အ တွက် ရှေ့ဆက်တိုးတက်မှုတွေပဲ ရှိနေပါတော့မယ်’’ဟု မြန်မာနိုင်ငံ ဆိုင်ရာ အီးယူသံအမတ်မစ္စတာ ရိုလန်ကိုဘီးယားက စက်တင်ဘာ ၃၀ ရက်တွင် ဆီဒိုးနားဟိုတယ်၌ပြုလုပ်သည့် အလုပ်သမားဥပဒေပြင်ဆင်ခြင်းနှင့် အသင်းအဖွဲ့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြော ကြားခဲ့သည်။
အီးယူဈေးကွက်သည် တာ ၀န်ယူမှု၊ တာဝန်ခံမှုရှိသည့် ဈေး ကွက်တစ်ခုဖြစ်၍ မြန်မာနိုင်ငံ လုပ်ငန်းခွင်များမှ အလုပ်သမား များ၏ စံနှုန်းမှာလည်း အီးယူစံ သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိစေ ရန်လိုကြောင်း ၎င်းကဆိုသည်။
‘‘အီးယူနဲ့ မြန်မာအစိုးရက နိုဝင်ဘာလမှာ ကုန်သွယ်မှုဆိုင် ရာ သဘောတူစာချုပ်ချုပ်ဆိုနိုင် ဖို့ရှိတယ်။ အဲဒီအချိန်ကျရင် အ လုပ်သမားရေးရာကိစ္စတွေမှာ သူ့ စံနှုန်းအတိုင်း လုပ်ရမှာဖြစ်တဲ့အ တွက် အတွေ့အကြုံမျှဝေပေး တာ၊ လေ့ကျင့်သင်ကြားပေးတာ မျိုးတွေ သူတို့ကူညီပေးသွားမှာ ဖြစ်ပါတယ်’’ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောကြားသည်။
ဒိန်းမတ်နိုင်ငံကလည်း အ လုပ်သမားသမဂ္ဂရေးရာလုပ်ငန်း များနှင့် ပတ်သက်၍ ပူးပေါင်းကူ ညီမှုပြုလုပ်ရန်၊ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပြီးနောက် အစိုးရ ၀န်ထမ်းများ လုပ်ဆောင်ရမည့် လုပ်ငန်းသဘောတရားများကို အ ကြံပေး အပါအ၀င် လုပ်ငန်းခွင် သာယာရေးကိစ္စရပ်များ ကူညီ မည်ဟု ဆိုသည်။
‘‘ဒိန်းမတ်က ရှေ့ဆက်ကူညီ လုပ်ဆောင်ပေးမယ့် ကိစ္စရပ်တွေ နဲ့ ပတ်သက်လို့ဒီနေ့သဘောတူ လက်မှတ်ထိုးပါလိမ့်မယ်။ ပြင် စရာရှိတဲ့ အလုပ်သမားဥပဒေတွေ နဲ့ ပတ်သက်လို့လည်း သူတို့က အကြံတွေဆက်ပေးသွားကြပါဦး မယ်’’ ဟု ဦးသိန်းဆွေက ပြောသည်။
လုပ်ငန်းခွင်များ အဆင်ပြေချောမွေ့စေရေးအတွက် နိုင်ငံတကာမှ ကူညီမှုများစွာရှိနေသည့် နည်းတူ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်ကလည်း အဓမ္မခိုင်းစေမှုပပျောက်ရေး၊ ကလေးလုပ်သားကင်းစင်ရေး၊ လူမှုအကာအကွယ်ရရှိရေး စသည့် လုပ်ငန်းများအတွက် ထပ်တိုးကူညီဆောင်ရွက်ပေးနိုင်ရန် မြန်မာနိုင်ငံနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုမည်ဟု သတင်းရရှိသည်။
‘‘ΙLO နဲ့စာချုပ်သက်တမ်းတိုး ဖို့အတွက် စာချုပ်ပါ အချက်အ လက်တွေကို ရှေ့နေချုပ်ရုံးကို တင်ပြထားပြီးပါပြီ။ မကြာခင် ချုပ်ဆိုနိုင်တော့မှာ ဖြစ်ပါတယ်’’ ဟု အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။
7Day

No comments: