Monday, September 12, 2016

ဘားအံမြို့ စက်မှုဇုန်အနီးတွင် တည်ဆောက်လျက်ရှိသည့် တန်ဖိုးမျှအိမ်ရာစလစ်များ အရောင်းအဝယ်ဖြစ်နေ

ဘားအံမြို့ စက်မှုဇုန်အနီးတွင် တည်ဆောက်လျက်ရှိသည့် တန်ဖိုးမျှအိမ်ရာစလစ်များ အရောင်းအဝယ်ဖြစ်နေ

Monday, September 12, 2016
 
ဘားအံ- ကရင်ပြည်နယ် ဘားအံ မြို့ စက်မှုဇုန်အနီးရှိ ငြိမ်းချမ်းသာ ယာစံပြကျေးရွာ၌ တည်ဆောက် လျက်ရှိသည့် တန်ဖိုးမျှအိမ်ရာစီမံ ကိန်းတွင် ဝယ်ယူနေထိုင်ခွင့် စာရွက် စာတမ်းစလစ်များ အရောင်းအဝယ် ဖြစ်နေကြောင်း ဘားအံအိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။
...
အဆိုပါတန်ဖိုးမျှအိမ်ရာ စီမံကိန်းတွင် တစ်လ ကျပ် ၃ဝဝဝဝ ဖြင့် နှစ် ၃ဝ ပေးသွင်းချေစနစ်ဖြင့် အဆိုပြုလွှာများအား ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှ စတင်ရောင်းချ ခဲ့ရာ ဝယ်ယူခွင့်ရရှိသူများက ဇူလိုင် လမှ စတင်ငွေသွင်းရမည်ဖြစ်သည်။
''လောလောဆယ် စလစ် ဈေးက ကျပ်ငါးသိန်းဝန်းကျင်ပေါက် တယ်။ စီမံကိန်းက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်က ပန္နက်တင်မင်္ဂလာ စလုပ် တာ။ ငွေသွင်းတာကတော့ ဇူလိုင် လက စသွင်းရတာပါ။ ငွေသွင်းပြီး နှစ်လမြောက်မှာ အကြောင်းအမျိုး မျိုးနဲ့ ဆက်မသွင်းနိုင်တာတို့၊ ငွေလို တာတို့၊ ဝန်ထမ်းအပြောင်းအရွှေ့ ရှိတာတို့ကြောင့် ပြန်ရောင်းကြတာ'' ဟု ဘားအံအိမ်ခြံမြေအကျိုးဆောင် ကိုဇော်လေးက ပြောသည်။
အဆိုပါအိမ်ရာစီမံကိန်း တွင် မျက်နှာစာ ပေ ၂ဝ ရှေ့နောက် ပေ ၃ဝ ရှိ တန်ဖိုးမျှအိမ်ရာတိုက်ခန်း သုံးလွှာအဆောက်အအုံတွင် အခန်း ပေါင်း ၂၅၆ဝ ပါဝင်ပြီး အဆိုပါ တိုက်ခန်းကို ဘားအံ-လှိုင်းဘွဲ့ကား လမ်း၊ စက်မှုဇုန်အနီး ငြိမ်းချမ်းသာ ယာစံပြကျေးရွာတွင် မြဌေးကြွယ် လင်းကုမ္ပဏီနှင့် The Infrastructure Of Myanmar
ကုမ္ပဏီတို့မှ ပူး ပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စလစ်ဝယ်ယူသူအများစု မှာ ရန်ကုန်၊ ဘားအံ၊ မြဝတီဘက်မှ များပြီး အဆောက်အအုံ အကောင် အထည်ပေါ်လာပါက ဈေးပိုလာနိုင် ကြောင်း၊ ခန့်မှန်းဝယ်ယူသူများရှိ သလို အမှန်တကယ်နေထိုင်ရန် ဝယ် ယူသူလည်းရှိကြောင်း သိရသည်။
''ကျွန်မက မြဝတီမှာနေ တာပါ။ ဘားအံမှာ ဝန်ထုပ်ဝန်ပိုး မကြီးဘဲ နေထိုင်သွားလို့ရအောင် ပြန်ဝယ်တာလေ။ တစ်လ သုံးသောင်း ဆိုတော့ ဖြည်းဖြည်းချင်းသွင်းလို့ ရတယ်။ ကျွန်မက ပိုင်ဆိုင်မှုစာရွက် စာတမ်းအတွက် နှစ်လငွေသွင်းပြီး အပါ ၄၅ဝဝဝဝ နဲ့ ဝယ်လိုက်တာ ပါ''ဟု မြဝတီမှ မနန်းသန္တာက ပြော သည်။
တိုက်ခန်းစလစ်များ ရောင်းဝယ်နေခြင်းနှင့် ပတ်သက်ပြီး ကုမ္ပဏီဘက်မှ တစ်စုံတစ်ရာ ဝင် ရောက်စွက်ဖက်မည်မဟုတ်သလို အခက်အခဲတစ်ခုကြောင့် ပြန်လည် ရောင်းချခြင်းဖြစ်သည်ဟု မြဌေြး<ွကယ် လင်းကုမ္ပဏီရုံး တာဝန်ရှိသူတစ်ဦး က ပြောသည်။
Yangon Media Group

No comments: