Monday, September 12, 2016

ရန်ကုန်မြို့ပတ်ရထားလမ်းပေါ် ကားလမ်းတစ်ထပ်တင်မည့်စီမံကိန်းကို အမြန်ဆုံးပြီးစီးအောင်ရေးဆွဲနေဟုဆို

ရန်ကုန်မြို့ပတ်ရထားလမ်းပေါ် ကားလမ်းတစ်ထပ်တင်မည့်စီမံကိန်းကို အမြန်ဆုံးပြီးစီးအောင်ရေးဆွဲနေဟုဆို
Monday, September 12, 2016
 
ရန်ကုန် မြို့ပတ်ရထားလမ်းတစ်လျှောက် ၏အပေါ် တွင် ကားလမ်းတစ်ထပ်တည် ဆောက်ရေး စီမံကိန်းကို အမြန်ဆုံး ပြီးစီးအောင်ရေး ဆွဲနေကြောင်း သိရ သည်။
...
အဆိုပါကားလမ်းတည်ဆောက် နိုင်ရေးအတွက် စီမံကိန်းကို ဂျပန် အ ပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီနှင့် ရန်ကုန်မြို့တော် စည် ပင်၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှု ဌာနတို့ရေးဆွဲနေပြီဖြစ်ကြောင်း သိရ သည်။
၂၀၁၃ ခုနှစ်က ရန်ကုန်မြို့တော် စည်ပင်နှင့်ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (JICA) တို့ပူးပေါင်းရေး ဆွဲပြီး ခဲ့သည့် ရန်ကုန်မြို့ပြစီမံကိန်းတစ်ခုလုံးကို Update လုပ်ရန်အတွက် သြဂုတ် ၁ ရက်မှစတင် ကာ ဆွေးနွေးနေ ကြခြင်း ဖြစ်ပြီး အဆိုပါစီမံကိန်းမှာ Master Plan တွင် အသစ်ထပ်မံပါဝင်လာခဲ့ ခြင်းဖြစ်ကြောင်း မြို့ပြစီမံ ကိန်းနှင့် မြေစီ မံခန့် ခွဲမှုဌာန၊ မြို့ပြစီမံကိန်းဌာန ခွဲမှ ဒုတိယဌာနမှူးဦး တိုးအောင်က စက်တင်ဘာ ၁၁ ရက်တွင် ဒီမိုကရေ စီတူဒေးသို့ပြောသည်။
"အရင် Master Plan မှာက ဘူ တာအချို့မှာပဲဆောင်ရွက်ဖို့ပါတာ။ အခုပြန်ပြီး Update ပြန်ဖြစ်အောင် ဆွေးနွေးကြတဲ့အခါမှာ မြို့ပတ်ရထား လမ်းပေါ်မှာ အထပ်တင်မယ်ဆိုတဲ့ စီမံကိန်းအသစ်ပါဝင်လာတယ်။ ရထား ကတော့ လက်ရှိမြို့ပတ်ရထားလမ်း အတိုင်းပဲပြေးဆွဲမယ်။ အထပ်တင် မယ့်အပေါ်မှာက ကားပါကင်နဲ့ယာဉ် လိုင်းတစ်လိုင်းထည့်သွင်းပြေးဆွဲ မယ် " ဟု ၎င်းင်းကပြောသည်။
အဆိုပါစီမံကိန်းရေးဆွဲမှုကို အမြန်ဆုံးဖော်ဆောင်သွားမည်ဖြစ် ပြီး ရေရှည်စီမံကိန်းဖြစ်ခြင်းကြောင့် အချိန်ကာလကို အတိအကျမပြော နိုင်သေးကြောင်း ဦးတိုးအောင်က ဆက်လက်ပြောသည်။
"ရန်ကုန်မြို့မှာလမ်းတွေ ထပ် မချဲ့နိုင်ဘူး။ ဘယ်နေရာကလမ်းကျယ် လဲဆိုတော့ ရထားလမ်းဧရိယာက နယ်နိမိတ်အားဖြင့် ကျယ်ပြီးသားဆို တော့ ရထားလမ်းပေါ်မှာအထပ်တင် လိုက်ရင် ကားရပ်ဖို့နေရာကိုလည်း စီစဉ်ပေးလို့ရမယ်။ ယာဉ်လိုင်းတစ် လိုင်းပါထပ်ထည့်လို့ရမယ်။ ရထား လမ်းပတ်ဝန်းကျင်မှာ အချို့သော အသုံးပြုလို့ရတဲ့ မြေလွတ်တွေရှိပါ တယ်။ ဆက်စပ်လိုက်ရင် အထက်က ကားလမ်းကိုလည်း အတက်အဆင်း လုပ်လို့အဆင်ပြေသွားသလို ကား ပါကင်တွေ ကားသွားလာမှုနဲ့ရထား သွားလာမှုတွေ ပေါင်းစပ်ဆောင်ရွက် နိုင်မှာပါ " ဟု ၎င်းင်းကပြောသည်။
ရန်ကုန်တွင် မြို့သစ်ခုနစ်ခုအ ထိတိုးချဲ့နိုင်ရေးအတွက် ၂၀၁၃ ခုနှစ် ကရေး ဆွဲပြီး စီးခဲ့သော ရန်ကုန်မြို့ သစ်စီမံကိန်းကို ပြုပြင်မွမ်း မံမှု များ ပြုလုပ် ရန် JICA နှင့် ထပ်မံဆွေး နွေးလျက်ရှိကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ မြန်မာ့မီး ရထားတိုင်း(၇)သွားလာရေးဌာနမှ မန်နေဂျာ ဦးကျော်စိုးလင်း " JICA နဲ့ဆွေးနွေးနေတယ်ဆိုတာ မြို့ပတ် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ဖို့အ တွက်ပါ။ တံတားဆောက်လုပ်တာ ကိုတော့ တိုင်းဒေသကြီး ကဆောင် ရွက်တာနဲ့တူတယ်။ ကျွန်တော့် မြန်မာ့ မီးရထားကိုတော့ ထုတ်ပြန်ထား တာမရှိသေးပါဘူး " ဟုပြောသည်။
လက်ရှိပြန်လည်ဆွေးနွေးနေ သည့် ရန်ကုန်မြို့ပြစီမံကိန်းတွင် မြို့ သစ်ဖော်ဆောင် ရန်လျာထားချက် များအပါအ၀င် ရန်ကုန်မြို့တော်ဖွံ့ ဖြိုးတိုးတက်မှုဆိုင်ရာစီမံကိန်းအ ချက်အလက်များလည်း ပါဝင်ကြောင်း သိရသည်။
ACKK, TTMT#Democracytoday

No comments: