Thursday, September 1, 2016

ပုဂံဘုရားများ ပြုပြင် ထိန်းသိမ်းရန် လှူဒါန်းငွေ ကျပ်သိန်းပေါင်း ၁၆ဝဝဝ ကျော်ရှိနေ

ပုဂံဘုရားများ ပြုပြင် ထိန်းသိမ်းရန် လှူဒါန်းငွေ ကျပ်သိန်းပေါင်း ၁၆ဝဝဝ ကျော်ရှိနေ

Thursday, September 1, 2016
 
ပုဂံဘုရား များပြုပြင်ထိန်းသိမ်းရန်အတွက် လှူဒါန်းကြသည့်အလှူငွေကျပ်သိန်း ပေါင်း ၁၆ဝဝဝ ကျော်ရှိနေပြီဖြစ် ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှသိရသည်။ ရဟန်းရှင်လူပြည်သူများနှင့် အဖွဲ့အစည်းအသီးသီးမှ ငလျင် ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ပုဂံဘုရားများအတွက် လှူဒါန်းသည့်ငွေ ကြေးများဖြစ်ပြီး အလှူငွေများအတွက် ညောင်ဥ...ီး ကမ္ဘောဇ ဘဏ်တွင်ဘဏ် Account ဖွင့်ထားပြီး နောက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးတစ်ပါးပါဝင်သော အလှူငွေလက်ခံရေး ကော်မတီတစ်ခုဖွဲ့၍ စီမံဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ ဌာနခွဲ)မှ ညွှန်ကြားရေးမှူးဦးအောင် အောင်ကျော်က သြဂုတ် ၃ဝ ရက်က ပြောသည်။
''ဒီအလှူငွေတွေကို သုံးစွဲမှုက အလှူငွေလက်ခံရေး ကော်မတီက နေပဲ ဆောင်ရွက်သွားမယ်။ အခု လောလောဆယ်တော့ ကော်မတီ မဖွဲ့ရသေးတဲ့အတွက်ဘဏ် Account ဖွင့်ပေးထားတယ်။ အဓိကတော့ ပုဂံ ဘုရားတွေပြုပြင်ထိန်းသိမ်းတဲ့နေရာ မှာ သုံးစွဲပြီးငွေကြေးယိုဖိတ်မှုမရှိအောင်လည်း စနစ်တကျလုပ်သွားမှာပါ''ဟု ၎င်းက ဆက်လက်ပြောသည်။
ပုဂံဘုရားများ ယခုကဲ့သို့ထိခိုက် ပျက်စီးခဲ့ရသည့်အတွက် ဘုရား များ ပြုပြင်ထိန်းသိမ်းနိုင်ရန် တစ်ပိုင်တစ် နိုင်လှူဒါန်းမှုများရှိနေပြီး ဆက်လက်၍ အလှူငွေလက်ခံသွားမည်ဖြစ်ကာ အလှူငွေလက်ခံရေးကော်မတီကိုလည်း မကြာမီ ဖွဲ့စည်းသွား မည်ဖြစ်ကြောင်း သိရသည်။
သြဂုတ် ၂၄ ရက်က ချောက်မြို့ အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ပုဂံဘုရားပေါင်း ၃၉၇ ဆူ ထိခိုက်ပျက်စီးခဲ့ရပြီး လက်ရှိတွင် ယင်းဘုရား စေတီများအတွက် အရေးပေါ်ထိန်းသိမ်းရေး လုပ်ငန်းများကို သက်ဆိုင် ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

No comments: