Sunday, September 25, 2016

ပြည်ပနိုင်ငံသားခံယူပြီး နိုင်ငံသား ပြန်လျှောက်ထားသူ ၁၄၃ ဦးအား စိစစ်ခွင့်ပြုထားဟုဆို

ပြည်ပနိုင်ငံသားခံယူပြီး နိုင်ငံသား ပြန်လျှောက်ထားသူ ၁၄၃ ဦးအား စိစစ်ခွင့်ပြုထားဟုဆို
24 September 2016
----- ------- ------
အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံသားအဖြစ် ခံယူထားသည့် နိုင်ငံသား ပြန်လျှောက်ထားသူ ၁၄၃ ဦးအား စိစစ်ပြီး သက်ဆိုင်ရာ ကိုင်ဆောင်သင့်သည့် ကတ်အသီးသီး ထုတ်ပေးပြီးဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ဆိုသည်။
...
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နေပြည်တော်တွင် စက်တင်ဘာ ၂၃ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်ပထွက်ခွာသွားတဲ့ မြန်မာနိုင်ငံသားတွေ နိုင်ငံသားအဖြစ် ပြန်လည် လျှောက်ထားတာကို စိစစ်လက်ခံတာ ရှိမရှိဆိုသည့် မေးခွန်းကို ဝန်ကြီးဦးသိန်းဆွေက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဦးသိန်းဆွေက “၂၀၁၃ ခုနှစ်မှစပြီး မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားသူ ၁၉၈ ဦးရှိပါတယ်။ လျှောက်ထားသူ ၁၉၈ ဦးရှိတဲ့အထဲ ၁၄၃ ဦင်္းကို ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ကိုင်ဆောင်သင့်တဲ့ လက်မှတ်အမျိုးမျိုးကို ထုတ်ပေးပြီးဖြစ်ပါတယ်။ ကျန်ရှိသူများကိုလည်း ထပ်မံစိစစ်လျက်ရှိပါတယ်” ဟု ဆိုသည်။
ဆက်လက်ပြီး သမ္မတဦးသိန်းစိန် လက်ထက်က စတင်ခဲ့သည့် မြန်မာနိုင်ငံတွင် အခြေချနေထိုင်လိုသည့် ပြည်ပနိုင်ငံသားများကို မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် (permanent residence) ပေးခြင်းကိစ္စ ကိုလည်း စိစစ်လုပ်ဆောင် ပေးလျက်ရှိကြောင်း ဆိုသည်။
အဆိုပါ မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသည့် ပြည်ပနိုင်ငံသာများကို ၂၀၁၅ ခုနှစ်ဇန်န၀ါရီ ၂၉ ရက်မှ ယခုနှစ်သြဂုတ် ၃၀ ရက်အထိ လျှောက်ထားသူ ၃၂၄ ဦးရှိရာ ၂၆၄ ဦးအား ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် အညီ စိစစ်ခွင်ြ့ပုပြီးကြောင်း ထပ်လောင်းပြောဆိုသည်။
စိုင်းဟန်
The Ladies News
http://www.theladiesnewsjournal.com/…/sat-2016-09-24-1…/3534

No comments: