Sunday, September 25, 2016

ကော်မရှင်ကို ဘာထင်ကုန်ကြပြီလဲ

ကော်မရှင်ကို ဘာထင်ကုန်ကြပြီလဲ

ဗျို့ အယ်ဒီတာ...
မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်တဲ့။ နာမည်လေးက လှလိုက်တာ။ ဒါပေတဲ့ တစ်ဖက်  က ပြန်ကြည့်တဲ့အခါ လူ့အခွင့် အရေးရှိတဲ့ ခေတ်မှာ အမြင်လှ အောင် အာဏာရှင်တွေက ဖွဲ့ပေးခဲ့တဲ့ ကော်မရှင်ဆိုတာလည်း မမေ့ပါနဲ့။ ဒါပေတဲ့ အဲဒီကော်မရှင်ရှိ သဟဲ့ဆိုတာ လူအများသိကြတာ မဟုတ်ပါဘူး။
အသက်မဝင်တဲ့ ကော်မရှင် ဆိုတော့ကာ ဘယ်မှာ လူသိများ ပါ့မလဲဗျာ။ အနှီ ကော်မရှင်ဟာ နေ့စဉ် တစ်နည်းမဟုတ် တစ်နည်းနဲ့ တစ်နေရာမဟုတ် တစ်နေရာမှာလူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံနေရတဲ့ ပြည်သူပြည် သား နင်းပြားတွေအတွက် ဘာ တွေများစွမ်းစွမ်းတမံ လုပ်ဆောင်နိုင်ခဲ့ပါသလဲ။ ကျုပ် အမြင် ဘာမှ မရှိဘူးထင်တာပဲ။
နို့ပေတဲ့ အခု ရက်ပိုင်းမှာ တော့ မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်ဆိုတဲ့ ကာလနဂါးအဖွဲ့ အစည်းကြီးဟာ အိပ်ပျော်နေရာ က လူးလွန့်လာသဗျာ။ သတင်းစာမှာ တချို့ဂေါက်သီးသမားတွေ ဂုဏ်ယူပြီး ငွေကုန်ခံထည့်ကြတဲ့ တစ်ချက်တည်း ကျင်းဝင်ဆိုသ ဟာမျိုးပဲ။ လူ့အခွင့်အရေးကော် မရှင်ဟာ လူမသိတော့လည်း မသိလို့။ သိပြီဟေ့ဆိုတော့လည်း တစ်ကမ္ဘာလုံးကတောင်မှ လည်ပင်း ထောင် မျက်ခုံးပင့်ကြည့်ရတော့ ပေသကိုးဗျ။
သိကြပြီး ဖြစ်တဲ့အတိုင်း အိမ်အကူမိန်းကလေးနှစ်ဦးကို အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်က ကိုယ်လက်အင်္ဂါချွတ်ယွင်းထိခိုက် ခံစားကြရတဲ့အထိ ညှဉ်းပန်းနှိပ် စက်မှုကြီးဟာ သတင်းထောက် တစ်ယောက်ရဲ့ကောင်းမှုနဲ့ ဘူး ပေါ်သလို ပေါ်လာခဲ့တယ်ဗျာ။ အ နှာလိုပေါ်ပေါက်ဖို့ကလည်း အ ဆင့်ဆင့် ကြိုးစားရသေးတာခင် ဗျ။
လွယ်တော့ မလွယ်ဘူး။ အိမ် အကူမိန်းကလေးများကို အိမ်ရှင် က နှိပ်စက်ကလူပြုသလား မပြုသလား စေ့ငုသေချာစုံစမ်းလေ့ လာပြီးသကာလ ခုနင်က သတင်းထောက် ကိုဆွေဝင်းဟာ တာဝန်သိ ပြည်သူတစ်ယောက်အနေနဲ့ ဆိုင်ရာရဲစခန်းကို သွားပြီး သတင်းပေးသဗျ။
ရဲသားကြီးတွေအကြောင်း လည်း အသိသားနဲ့။ ကနေ့လို ခေတ်အခါမယ် တယ်ပြီး အလုပ် များတာကလား။ သဟာကြောင့် ချက်ချင်းအရေးယူတာမျိုး မလုပ် နိုင်ရှာဘူး။ ဒါပေတဲ့ သတင်းပေး သူက သတင်းထောက်ဆိုတော့ ကာ ဒီအမှုဟာ တခြားလူတွေ လာတိုင်တဲ့ အမှုများလို ပြီးပြီးပျောက် ပျောက်ဖြစ်မသွားဘဲ လူမှုကွန် ရက်ပေါ်မှာ ပျံ့နှံ့လာတယ်။ အဲဒီ ကမှ တစ်ခါ ထပ်ဆင့်ကူးယူဖော်ပြကြရင်း တစ်တိုင်းပြည်လုံးသိတဲ့အနေအထား ရောက်သွားတော့တာပါပဲ။
သို့ကလို ဖြစ်တာကြောင့် ဒီ အမှုဟာ အကျယ်အကျယ် မငြိမ်း ဖွယ်ဖြစ်လာပြီး ခုနင်က လူ့အခွင့် အရေးကော်မရှင်ဆိုတဲ့ ကာလ နဂါးကြီးရဲ့နဖူးကို မရှောင်သာ ချောင်ကြားမှာ ဒူးနဲ့တိုက်မိသလို ဖြစ်ကရော။ လူ့အခွင့်အရေးကော်မရှင်ဆိုမှတော့ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့အဖွဲ့၊ ကာ ကွယ်စောင့်ရှောက်တဲ့အဖွဲ့ပေါ့။ မဟုတ်ဘူးလားဗျာ။ ဆိုတော့ကာ အခုလို အိမ်အကူမိန်းကလေး များကို နိုင်ထက်စီးနင်း နှိပ်စက်က လူပြုမူတဲ့အမှုဟာ လူ့အခွင့်အ ရေးကို ချိုးဖောက်တာပဲလေ။ အ သာငြိမ်နေလို့ ရရိုးတဲ့လား။
သဟာကြောင့် ကျုပ်တို့ရဲ့ လူ့အခွင့်အရေးကော်မရှင်ဆိုတာ ကြီးဟာ ဒီတစ်ချီမှာတော့ ဘယ် နည်းနဲ့မှ ဘာသိဘာသာမျက်နှာ လွှဲကာ နေလို့မရတော့ဘူး။ ကဲ လာကြလကွဲ့။ တို့များ ကြားဝင် ကြစို့။ မဝင်ရင် လူအမြင်တင့်မယ် မဟုတ်ဘူးပေါ့လေ။ ဒီမှာတင် ဘာပြောကောင်းမလဲ။ အိပ်ချင်မူး တူးနဲ့ ကာလနဂါးကော်မရှင်ကြား အဝင် ကောင်းတာ တစ်တိုင်းပြည် လုံး ‘ဟာခနဲ’ ‘ဟင်ခနဲ’ ဖြစ်ရတဲ့ အထိပဲ။
ကော်မရှင်က နှိပ်စက်ခံရသူ နဲ့ နှိပ်စက်တဲ့သူအကြား နှစ်ဖက် တွေ့စေပြီး နစ်နာကြေးပေးကာ ကျေအေးစေခဲ့သတဲ့ဗျ။ ဒါဟာဖြင့်မြန်မာနိုင်ငံလူ့အခွင့်အရေးကော် မရှင်ရဲ့ အင်မတန်မှ မြင့်မြတ် တော်မူသော၊ စေတနာရှေ့ဆောင်သော နှလုံးကောင်းဝမ်းဖောင်းဖြေရှင်းချက်ကြီးတဲ့ဗျာ။ အိမ်အကူမိန်းကလေးတွေ နှိပ်စက်ခံရရှာတယ်။ သနားတာ။ သဟာကြောင့် နစ်နာကြေးယူကွဲ့။  အိမ်ပြန်ကွဲ့ စတဲ့ ရွှေရင်အေးလေးတိုက်ပြီး လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပြတာပေါ့လေ။ ဒါမျိုး ကမ္ဘာမှာတောင် ရှိပါ့မလား ဗျာ။
လူ့အခွင့်အရေးကော်မရှင် ကြားဝင်ပုံက အိမ်အကူကို နှိပ်စက်ပေတဲ့ ငွေပေးရင် ကျေအေးတယ် ဆိုတဲ့ အနေအထားမျိုးဖြစ်နေ တယ်။ ဒီလိုသာ ဆိုလို့ကတော့ အခုခေတ် ကျုပ်တို့တိုင်းပြည်မှာ အိမ်အကူကို နှိပ်စက်ကလူပြု တယ်ဆိုတဲ့ အမှုကလည်း များပါ ဘိသနဲ့။ လူအချင်းချင်း နှိပ်စက် တာကို တစ်ဖက်တစ်လမ်းက အားပေးသလိုတောင် ဖြစ်နေဦးမယ်။ အိမ်အကူကို ရိုက်လို့ ရသဟဲ့။ သူ တို့ မကျေနပ်ရင်လည်း နစ်နာ ကြေးလေး အနည်းအပါး ကြည့် ပေးလိုက်ကွဲ့ ဆိုတာမျိုး နှိပ်စက် ချင်တဲ့ လူလွန်မသားတွေကို မျက် စပစ်ခွင့်ပြုချက်ပေးသလိုဖြစ်မနေ ဘူးလား။
မဖြစ်ဘူးတဲ့။ ကော်မရှင်က လူကြီးတွေ သတင်းစာရှင်းလင်းပွဲ မှာ သတင်းထောက်တွေကို ပြော သွားတာပဲ။ သူရို့က ရိုးရိုးသား သား မေတ္တာစေတနာရှေ့ထားပြီး လုပ်ဆောင်ပေးတာမျိုး လိပ်ပြာ သန့်သတဲ့။ အဲ့သလိုသာပြောတာ။သတင်းထောက်တစ်ယောက်က အခုလိုမျိုး နစ်နာကြေးပေးလို့ရ တယ်ဆိုရင် ကော်မရှင်အဖွဲ့ဝင် တွေကို ကိုယ်လက်အင်္ဂါထိခိုက် အောင်လုပ်မယ်။ ပြီးရင် သိန်းငါး ဆယ်နစ်နာကြေးလျော်ပေးလို့ ရ သလားလို့ ခပ်ရွတ်ရွတ်မေးတဲ့အ ခါကျ အနာပေါ်တုတ်ကျ ဆတ် ဆတ်ထိ မခံနိုင်ကြဘူးဗျ။ လုပ် ကြည့်လိုက်စမ်းပါ။ လက်တွေ့ လုပ်ကြည့်လိုက်တဲ့။ တော်သေး တာက သတင်းထောက်မှာ သိန်း ငါးဆယ်ပါမလာလို့။ တကယ် သာ လုပ်ကြမယ်ဆိုလို့ကတော့ ပွဲကြီးပွဲကောင်းပဲဗျာ။
ပြောရရင်တော့ အခု အိမ် အကူကလေးမလေးနှစ်ယောက် နှိပ်စက်ညှဉ်းပန်းခံရမှုမှာ လူ့အ ခွင့်အရေးကော်မရှင်ရဲ့အကိုင်အ တွယ်ဟာ အင်မတန်မှ ရုပ်ဆိုး အကျည်းတန်ပြီးသကာလ ပုံပျက် ပန်းပျက် နိုင်တယ်ဆိုတာ တစ် တိုင်းပြည်လုံးက မြင်သွားကြပါ ပြီ။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဆိုတာ ဖွဲ့လို့သာ ဖွဲ့ ထားတာ ဘာမှအားကိုးမရဘူး ဆိုတာလည်း အထုပ်ဖြေပြလိုက် သလို ထင်ရှားသိသာတယ်။ လူ ထုက အထင်အမြင်လည်း သေး ပါတယ်။ အားကိုးဖို့ဆိုတာ ဝေးစွ ခြောက်ပါး ဖြစ်သွားပြီပေါ့ဗျာ။ ကိုင်း ဒီတော့ ဘာလုပ်ကြမတုံး။
အနှီ လူ့အခွင့်အရေးကော် မရှင်နဲ့ပတ်သက်ပြီး လွှတ်တော် မှာ ဦးပြုံးချိုအဆိုတင်တာ ကောင်းပါတယ်။ အမျိုးသမီးငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်မှုမှန်းသိပါလျက် နဲ့ ဥပဒေကြောင်းအရ နိုင်ငံသား များကို အကာအကွယ်ပေးဖို့ လူ့ အခွင့်အရေးကော်မရှင်က မကြိုး စားခဲ့ဘူး။ ဒါတင်မက ဆိုင်ရာဥပ ဒေများအရ ကျေအေးလို့ မရတဲ့ ကိစ္စမျိုးကို လူ့အခွင့်အရေးကော် မရှင်က ကြားဝင်ညှိနှိုင်းပေးတဲ့ လုပ်ရပ်ကိုလည်း သူက ထောက် ပြသွားသဗျ။ သဟာကြောင့် လူ့ အခွင့်အရေးကော်မရှင်အဖွဲ့ဝင် အချို့ကို ထိထိရောက်ရောက်အ ရေးယူဖို့ ကိစ္စ လွှတ်တော်မှာ ဆက်ဆွေးနွေးကြတော့မှာပါ။
ဆန်းတော့ အဆန်းသားက လားဗျ။ ကျုပ်တို့ ရွှေပြည်ကြီး ကျမှ လူ့အခွင့်အရေးကော်မရှင် ကို ပြည်သူက ပြန်ပြီး အရေးယူရ တယ်လို့။ ဘာပဲဖြစ်ဖြစ် လွှတ် တော်ဘက်က အခုလို အသံထွက် လာတာကို ကျုပ်တို့ အင်မတန်မှ လိုလားကြိုဆိုပါတယ်။ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ အခုလို အရေး ယူဖို့ လွှတ်တော်မှာ အဆိုမတင် ခင်ကတည်းက ဘစီတို့အမြင်က တော့ လူ့အခွင့်အရေးကော်မရှင် က လူကြီးမင်းတွေအနေနဲ့ သူတို့ ရဲ့လုပ်ရပ်အတွက် တာဝန်ယူတဲ့ အနေနဲ့ နုတ်ထွက်သွားသင့်တာပါ ဗျာ။ သဟာလိုသာဆိုရင် ကော်မ ရှင်ရဲ့ဂုဏ်သိက္ခာ အခုထက် ရုပ် ပျက်ဆင်းပျက်နိုင်မှာ မဟုတ်ပါ ဘူး။
ဒါပေတဲ့ ကော်မရှင်လူကြီး တွေကလည်း သူ့ရို့ဟာက ရိုးရိုး သားသားစေတနာပါဆိုတာက နေ တစ်ပြားသားမှ မလျှော့ချင်တော့လည်း အခက်သား။ အခုတော့ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ပါပေါ့လားဗျာ။ လူ့အခွင့်အရေးကော်မရှင်ဟာ အသက်မဝင်တော့လည်း မဝင်လို့။ ဝင်တော့လည်း တစ်ခါတည်း ပွဲသိမ်း
မယ့်ကိန်းပဲ။ သဟာကြောင့် ရှေးလူကြီးတွေ ပြောတာ။ ဟောဒီ လောကီမယ် အမှားတကာ့ အမှားတွေထဲမှာ စေတနာအမှားက အများဆုံးပဲတဲ့။ အခုလည်း ကော်မ
ရှင်က လူကြီးတွေရဲ့စေတနာက ငှက်ကလေး အတောင်ကျိုးနေ တာ သနားပါတယ်။ နောက်တစ်
ဖက်ပါ ရိုက်ချိုးလိုက်မယ်ဆိုတဲ့ စေတနာမျိုး ဖြစ်နေတော့ကာ ခွမကျလား။
သဟာကြောင့် အကောင်း ဆုံးက အခုလက်ရှိ လူ့အခွင့်အ ရေးကော်မရှင်က တာဝန်ရှိ လူကြီးမင်းတွေက တာဝန်သိသိ သိက္ခာ ရှိရှိနဲ့ နုတ်ထွက်လိုက်ဖို့ပါပဲ။ ပြီး ရင် လူ့အခွင့်အရေးကော်မရှင်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းစေချင် တယ်။ ထိပ်ဆုံးက ပြင်ရမှာက တော့ လူ့အခွင့်အရေးကော်မရှင် ဟာ သဘောရိုးနဲ့ဆောင်ရွက်ရင် အရေးယူခွင့်မရှိဘူးဆိုတာကို ပြင် ရမှာဗျ။ အဓိပ္ပာယ်လည်း မရှိဘူး။ ပြီးတော့ လူ့အခွင့်အရေးကို အမှန်တကယ် တက်တက်ကြွကြွနဲ့ လုပ် ကိုင်ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ် တွေနဲ့ အစားထိုး ခန့်ထားဖို့ပါ။ ဒါမှ သာ နိုးကြားခေတ်မီမယ်။
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အ ခုလက်ရှိ ဘုရားစူး လူ့အခွင့်အရေး ကော်မရှင်ကို အမြန် ပြန်မပြင်ရင် လူမြင်ကောင်းတော့မှာ မဟုတ် တာ သေချာလှသဗျာ။ တော်သေး ပြီ။ ။

http://www.7daydaily.com/story/76290

No comments: