Sunday, September 18, 2016

ရှမ်နီလူမျိုး အမည်မှန် သတ်မှတ်ပေးရေးနှင့် ရှမ်းနီပြည်နယ်ရရှိရေး အတွက် ဟုမ္မလင်းမြို့တွင် အင်အားသုံးသောင်းခန့် ဆန္ဒထုတ်ဖော်

ရှမ်နီလူမျိုး အမည်မှန် သတ်မှတ်ပေးရေးနှင့် ရှမ်းနီပြည်နယ်ရရှိရေး အတွက် ဟုမ္မလင်းမြို့တွင် အင်အားသုံးသောင်းခန့် ဆန္ဒထုတ်ဖော်
 
စက်တင်ဘာ ၁၈
 
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် ရှမ်နီလူမျိုး အမည်မှန် သတ်မှတ်ပေးရေးနှင့် ရှမ်းနီပြည်နယ်ရရှိရေး အတွက် ယနေ့ စက်တင်ဘာ ၁၈ နံနက်ပိုင်းတွင် အင်အားသုံးသောင်းခန့် ပါဝင်ဆန္ဒဖော်ထုတ် လျှက်ရှိကြောင်းသိရသည်။
“ကျွန်တော်တို့ ကိုယ့်ဒေသကို ကိုယ့်လူမျိုးကအုပ်ချုပ်မှသာ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ ရှမ်းနီလူမျိုးတွေဟာ မှတ်ပုံတင်မှာ ရှမ်းဗမာ ၊ ဗမာ ဆိုပြီးရေးခံထားရတဲ့ လူဦးရေက ရှမ်းဆိုပြီးရေးခံရတဲ့ လူဦးရေထက်တောင် များနေပြီလို့ယုံကြည်တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ လူမျိုးအမည်မှန်ကို နို်င်ငံတော်က ပြန်လည်ဖော်ထုတ်ပေးနိုင်ဖို့ကိုလည်း ကျွန်တော်တို့အနေနဲ့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်။” ဟု ရှမ်းနီလူငယ် ကွန်ယက်မှ စိုင်းဆမ်းတွိုင်က ပြောကြားသည်။
ဆန္ဒဖော်ထုတ်ရာတွင် ရှမ်းနီလူမျိုး တရားဝင် သတ်မှတ်ပေးနိုင်ရေး ၊ ရှမ်းနီပြည်နယ် ရရှိရေး ၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်လာရေး ၊ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ အောင်ရမည်ဟူသော ကြွေးကြော်သံများကိုလည်း ကြွေးကြော်ခဲ့ကြကြောင်းသိရသည်။
“ ကျွန်တော်တို့ဟာ အတိတ်သမိုင်းကိုပဲကြည့်ကြည့် လက်ရှိမြေပြင်မှာပဲ ကြည့်ကြည့် ဒီဒေသတွေမှာ အခိုင်အမာနေခဲ့တဲ့ လူမျိုးတွေဖြစ်တယ်။ တိုင်းရင်းသားအခွင့်အရေးကို ရရှိသင့်တဲ့ လူမျိုးတွေဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့က ပါဝင်ဆန္ဒဖော်ထုတ်ရတာဖြစ်တယ်။ ဒါကို နိုင်ငံတော်ကရော အခြားတိုင်းရင်းသားတွေကပါ ကန့်ကွက်တာမျိုးမလုပ်သင့်ပါဘူး။ တိုင်းရင်းသားချင်း စာနာနားလည်မူနဲ့ ထောက်ခံသင့်ပါတယ်။” ဟု ဆန္ဒဖော်ထုတ်ရာတွင် အင်အား ၄၀၀ ခန့်ပူးပေါင်းပါဝင်ခဲ့သော ရှမ်းနီနွယ်ဖွား လူငယ်များအဖွဲ့ချုပ် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ စိုင်းသန်းလင်းက ရှမ်းနီအသံဂျာနယ်သို့ ပြောကြားသည်။
ယနေ့ ဆန္ဒထုတ်ဖော်ပွဲကို ဟုမ္မလင်းမြို့နယ် ဒေသအသီးသီးမှ ကိုယ်စားလှယ်များ ၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရှမ်းနီလူထုအခြေပြု အဖွဲ့အစည်းအသီးသီးနှင့် များ ၊ မြန်မာပြည်မြောက်မြောက်ပိုင်း ရှမ်းမျိုးနွယ်စု ရေးရာ အဖွဲ့ဝင်များ ၊ ရှမ်းနီတိုင်းရင်းသားများ အကျိုးဆောင်အဖွဲ့ဝင်များ ၊ တမူးမြို့နယ် ၊ ခန္တီးမြို့နယ် ၊ ပင်လည်ဘူးမြို့နယ် ၊ ဗန်းမောက်မြို့နယ် ၊ ဖောင်းပြင်မြို့နယ် နှင့် မိုးညှင်းမြို့နယ်တို့မှ ကိုယ်စားလှယ် များလည်း ပူးပေါင်းပါဝင်ခဲ့ကြကြောင်းသိရသည်။
ဆန္ဒပြလူထုသည် ဟုမ္မလင်းမြို့နယ် မြို့မအားကစား ခန်းမတွင် စတင်စုဝေး ဟောပြောပြီး ကြွေးကြော်သံ ဆိုင်းဘုတ်များကိုင်ဆောင်၍ မြို့ကို တစ်ပတ်ပတ်ကာ မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်တွင် ပြုလုပ်ကျင်းပခဲ့သော မြန်မာနို်င်ငံလုံးဆိုင်ရာ ရှမ်းနီအမျိုးသားညီလာခံတွင်လည်း ရှမ်းနီပြည်နယ်ရရှိရေးကို ဘုံသဘောတူညီမူအဖြစ် ဆုံးဖြတ်ခဲ့ကြပြီး အဆိုပါ ဆုံးဖြတ်ချက်ကို စက်တင်ဘာလ ရက်နေ့၂ နေပြည်တော်တွင် ပြုလုပ်ကျင်းပသော ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံတွင် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP က တင်ပြတောင်းဆိုခဲ့သည်။
အဆိုပါတောင်း ဆိုချက်သည် ရှမ်းနီိတိုင်းရင်းသားတို့၏ ဘုံသဘောထားဖြစ်သောကြောင့် ထောက်ခံကြောင်း မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ SEA အပါအ၀င် ၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး ၊ တက္ကသိုလ်အသီးသီးမှ ရှမ်းနီစာပေနှင့် ယဉ်ကျေးမူအဖွဲ့များ ၊ ရှမ်းစာပေယဉ်ကျေးမူအဖွဲ့များ ၊ လူငယ်အဖွဲ့အစည်းများ ၊ လူမူအခြေပြုအဖွဲ့များက ထောက်ခံကြိုဆိုကြောင်း သဘောထားကြေညာချက် အသီးသီးကို ထုတ်ပြန်ကြေညာခဲ့ကြသည်။
The voice of Shanni မှ ကူးယူဖော်ပြသည်
The Ladies News's photo.
The Ladies News's photo.
The Ladies News's photo.
 

No comments: