Friday, September 16, 2016

နေပူတောင်ရှိ မာဘယ်လ်ကျောက်များကို ဒေါ်လာ ၁၈ သန်းကျော် ရင်းနှီးမြှုပ်နှံပြီး နှစ် ၂၀ စီမံကိန်းဖြင့် ထုတ်လုပ်နေ

နေပူတောင်ရှိ မာဘယ်လ်ကျောက်များကို ဒေါ်လာ ၁၈ သန်းကျော် ရင်းနှီးမြှုပ်နှံပြီး နှစ် ၂၀ စီမံကိန်းဖြင့် ထုတ်လုပ်နေ

Friday, September 16, 2016
 
တောင်ကုတ်မြို့ နယ် သင်္ချီကိုင်းကျေးရွာအုပ်စုရှိ နေပူတောင်မှ ထွက်ရှိသော မာ ဘယ်လ်အလှဆင်ကျောက်ကို နှစ်၂၀ စီမံကိန်းဖြင့် ထုတ်လုပ်နေပြီး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၁၄၇ သန်းရှိ ကြောင်း သတင်းရရှိသည်။
...
နေပူတောင်မှ ထွက်ရှိသော မာဘယ်လ်အလှဆင်ကျောက်ကို ဗီယက်နမ်နိုင်ငံ Myanmar SimcoSong Da Joint Stock Co.,Ltd. (MYSICO)က ထုတ်ယူခွင့်ရရှိ ထားပြီး စီမံကိန်းဧရိယာမှာ ၅၈၇ ဒသမ ၅၂ ဧကဖြစ်ကြောင်း သယံ
ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။
စက်တင်ဘာ ၁၄ ရက် ဒုတိ ယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် တောင်ကုတ်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်က သင်္ချီကိုင်းကျေးရွာ အုပ်စု နေပူတောင် ဒေသကွင်း အမှတ် (၅၂) မြေနေရာကို မာ ဘယ်လ် အလှဆင်ကျောက်(အ ကြီးစား) တူးဖော်ထုတ်လုပ်ခြင်း စီမံကိန်းစာချုပ်ပါ သဘောတူညီ ချက်များကို ပြည်သူများသိရှိစေ ရန် ချပြနိုင်ခြင်း ရှိ၊ မရှိ မေးမြန်း ခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။
နေပူတောင်မှ မာဘယ်လ် အလှဆင်ကျောက်ထုတ်လုပ်ရန် ပြီးခဲ့သည့် ၁၉၆၂ နောက်ပိုင်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် တာရာကာလက်ထက်၌ ကျောက်၏ လေးပုံ တစ်ပုံကို ဒေါ်လာသန်း ၉,၀၀၀ ဖြင့် ရောင်းချရန် စာချုပ် ချုပ်ဆိုခဲ့သော်လည်း နောက်ပိုင်း တွင် ပျက်ပြယ်ခဲ့ကြောင်း၊ ထိုခေတ်ကပင် မာဘယ်လ်ကျောက် ၏တန်ဖိုးသည် ၁ ကုဗမီတာလျှင် မြန်မာငွေ ၁,၂၉၀ ကျပ် ၄၀ ပြား နှုန်းရှိခဲ့ကြောင်း ဒေါ်နီနီမေမြင့်က ပြောသည်။ လက်ရှိတွင် မာဘယ်လ် ကျောက် တစ်ကုဗမီတာ ရောင်း ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၆၄၉ ဒေါ်လာဈေးရှိနေပြီး စတင် ထုတ်လုပ်သည့် ၂၀၁၄ မှ ၂၀၁၆ ဇူလိုင်အထိ ၂,၉၀၆ ဒသမ ၉၂ ကုဗမီတာ ထုတ်လုပ်နိုင်ခဲ့ကာ မာဘယ်လ်ကျောက်၏အရည်အ သွေးကောင်းမွန်မှုအားနည်းခြင်း ကြောင့် ဝယ်လက်မရှိ၍ ၂၂၆ ဒသမ ၇၃၅ ကုဗမီတာကိုသာ ပြည်ပသို့ ရောင်းချနိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။
နေပူတောင်မှ မာဘယ်လ် အလှဆင်ကျောက် ထုတ်လုပ်မှု စီမံကိန်းကို သတ္တုတွင်း ဝန်ကြီး ဌာနနှင့် ဗီယက်နမ်နိုင်ငံ Simco Song Da Joint-Stoke Co.Ltd တို့က နှစ်ပေါင်း ၂၀ စာချုပ်ချုပ်ဆို ခဲ့သည်ဟု သိရသော်လည်း ဒေ သခံပြည်သူများက မိမိတို့ဒေသမှ ထွက်ရှိသည့် အဖိုးတန် မာ ဘယ်လ် ကျောက်ထုတ်လုပ်ရန် ကုမ္ပဏီငှားရမ်းရာတွင် ပွင့်လင်း မြင်သာမှုမရှိဆိုကာ ဒေသခံပြည် သူ ၅,၅၀၀ ဦးက ၂၀၁၃ တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း ဒေါ်နီနီမေမြင့်က ပြောသည်။
လက်ရှိတွင် တောင်ကုတ်မြို့ နေပူတောင်မှ မာဘယ်လ်အလှ ဆင်ကျောက်ထုတ်လုပ်မှုကို ယာယီရပ်ဆိုင်းထားကြောင်း တောင် ကုတ်မြို့ခံများက ပြောသည်။
7Day

No comments: