Tuesday, September 20, 2016

ချန်ထားလို့မရတဲ့ သမိုင်းစာမျက်နှာ

ချန်ထားလို့မရတဲ့ သမိုင်းစာမျက်နှာ


 
 
စက်တင်ဘာ ၁၈ ရက်တွင် ‘ရွှေဝါရောင်တော်လှန်ရေး’ကြီး (၉)နှစ်ပြည့်မြောက်ခဲ့ပါသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလ က ဖြစ်ပွားခဲ့သော ‘ရွှေဝါရောင် တော်လှန်ရေး’ကြီးမှာ မြန်မာ့ သမိုင်းစာမျက်နှာတွင် ချန်ထား၍ မရသော သမိုင်းဖြစ်ရပ်မှန်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။
 ရွှေဝါရောင် အရေးအခင်း ကြီးမှာ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှ စတင်အခြေခံခဲ့ပါ သည်။ ပခုက္ကူမြို့ကြီးကား ရှေး နှစ်ပေါင်းများစွာကပင် ဗုဒ္ဓသာသ နာ စည်ကားဖွံ့ဖြိုးရာ ဒေသကြီး ဖြစ်သည်။ သာသနာ့အကျော် အမော်များ ထွက်ပေါ်ခဲ့ရာ ဒေသ ကြီးဖြစ်သည်။ စာသင်သားရဟန်း များအဖို့ ‘ပခုက္ကူမရောက်၊ စာ မပေါက်’ ဟူသော ဆိုရိုးစကားပင် ရှိခဲ့ပါသည်။
ပခုက္ကူမြို့ကြီး၌ ထင်ရှား ကျော်ကြားသော စာသင်ကျောင်း တိုက်ကြီး သုံးတိုက်ရှိသည်။ ထို ကျောင်းတိုက်ကြီးများမှာ သံဃာ ဦးရေ ထောင်ချီပြီး ဝါဆိုနိုင်သော ကျောင်းတိုက်ကြီးများဖြစ်ပါ သည်။ ထိုကျောင်းကြီးများအနက် ‘မဟာဝိသုတာရာမ’ခေါ် အလယ် ကျောင်းတိုက်ကြီးက ပိုပြီးထင် ရှားကျော်ကြားခဲ့သည်။ ပိဋကတ် သုံးပုံ အောင်မြင်သော ‘ရှင်နေမိန္ဒ’ ပေါ်ထွန်းခဲ့ရာ ကျောင်းကြီးလည်း ဖြစ်ပါသည်။
ဤကဲ့သို့ ဗုဒ္ဓသာသနာ ထွန်း ကားရာမြို့ကြီး၌ ရဟန်းဒါယကာ၊ ဒါယိကာမများ၏ နိမ့်ကျနေသော လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးများနှင့် ပတ်သက်ပြီး ဆရာ-ဒကာ သံယောဇဉ်ကြီးမား သော မြို့ဖြစ်သည်နှင့်အညီ အိမ် ရှေ့ပူ အိမ်နောက်မချမ်းသာဖြစ် ကာ ၂၀၀၇ စက်တင်ဘာ ၅ ရက် (ဗုဒ္ဓဟူးနေ့)တွင် ပခုက္ကူမြို့မှ သံဃာတော်များ စုပေါင်းလမ်း လျှောက်ကြပါသည်။ မေတ္တသုတ် များ ရွတ်ဖတ်ပူဇော်ကာ မေတ္တာပို့ ခဲ့ကြသည်။
ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခဲ့သော သံဃာထုအား စစ် အစိုးရကလုံးဝခွင့်မပြုဘဲ စစ်တပ် ဖြင့် အင်အားသုံးကာ အကြမ်း ဖက် ဖြိုခွဲခဲ့ပါသည်။ ပခုက္ကူမြို့ အနောက်တိုက် (သာသနာဝိပု လာရာမ)မှ ဆရာတော် ‘ဦးပညာ စက္က’အား စစ်သားများက ဖမ်းဆီး ကာ လူမြင်ကွင်းရှိ ဓာတ်တိုင်တွင် ကြိုးတုပ် ရိုက်နှက်ခဲ့ကြသည်။ ငယ်ရွယ်ပြီး စိတ်ဓာတ်တက်ကြွ လျက်ရှိသော ရဟန်းပျိုအချို့က ပခုက္ကူမြို့ အလယ်တိုက်ကြီးရှိ ပဓာနနာယက ဆရာတော်ထံ လာရောက်တွေ့ဆုံသည့် မကွေး တိုင်းမှ တိုင်းအဆင့်အရာရှိကြီး များ စီးနင်းလာသော ကားအား မီးရှို့ဖျက်ဆီးခဲ့ကြသည်။
ပခုက္ကူမြို့တွင် သံဃာတော် များအား ရိုက်နှက်ဖမ်းဆီးခြင်း၊ အကြမ်းဖက်နှိမ်နင်းခြင်း၊ ရန်ကုန် မြို့တွင် ကုန်ဈေးနှုန်းကြီးမားသည့် ကိစ္စ၊ လောင်စာဆီများ ဈေးတက် သည့်ကိစ္စများအတွက် ပြည်သူ့ ဘက်ကရပ်တည်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည့် ၈၈ မျိုးဆက်တို့အား ဖမ်းဆီးချုပ်နှောင်ခြင်းစသည့်ကိစ္စရပ်များကို စစ်အစိုးရက ‘ဝန်ချတောင်းပန်ရန်’ သံဃာအဖွဲ့ချုပ်က တောင်းဆိုခဲ့သည်။
ဝန်ချတောင်းပန်မှုကို၂၀၀၇ စက်တင်ဘာ ၁၈ ရက် နောက် ဆုံးထား   ပြုလုပ်ပေးရန်နှင့်တောင်း ပန်ခြင်း မပြုပါက မြန်မာနိုင်ငံတစ် ဝန်းလုံးရှိ ရဟန်းသံဃာများ ‘ပတ္တ နိက္ကုဇ္ဇနကံ’ အဖြစ် သပိတ်မှောက် ကံဆောင်မည်  ဖြစ်ကြောင်း အ ကြောင်းကြားခဲ့သော်လည်း အစိုးရဘက်က ဝန်ချတောင်းပန်ခြင်း မရှိခဲ့ပေ။
ဤသို့ဖြင့် ၂၀၀၇ စက်တင် ဘာ ၁၈ ရက် (အင်္ဂါနေ့တွင် ရန်ကုန်မြို့အတွင်းသို့ သံဃာ တော်များ ပထမဆုံးအကြိမ် စတင် စီတန်းလမ်းလျှောက်ကြပါ သည်။ မင်းကွန်းဆရာတော်ဘုရား ကြီး၏ မေတ္တာပို့လင်္ကာများ ရွတ် ဖတ်ခဲ့ကြသည်။ စစ်တွေမြို့တွင် လည်း ဘာသာခြားကို အကြောင်း ပြုပြီး သံဃာလှုပ်ရှားမှုများ အရှိန် ရလာခဲ့ပါသည်။
ဖိနပ်မပါ၊ ထီးမပါ ငြိမ်းချမ်း စွာ လမ်းလျှောက်မေတ္တာပို့နေကြ သော သံဃာများအား အစိုးရ ဘက်က (Yellow Army)‘သံဃာ တပ်ပေါင်းစု’ဟု အမည်ပေးမှည့် ခေါ်ခဲ့သည်။ ပြည်သူလူထုက လည်း အရေးကြီးပါက သံဃာ များဘက်မှ ကာကွယ်ရပ်တည် ရန် အသင့်ရှိနေကြသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်၊ တပ် နှင့် ရဲများမှာလည်း ရန်ကုန်မြို့ ပေါ်ရှိ ဘုန်းကြီးကျောင်းများကို ဝိုင်းရံထားကြသည်။ သံဃာများ အား ရိုက်နှက်ဖမ်းဆီးရန် ကျောင်း များပတ်လည်တွင် ကားများ အသင့်ချထားခဲ့သည်။ တစ်ပါး ချင်း တဖြည်းဖြည်းထွက်ခွာကြ သော သံဃာများမှာ နေ့လယ် ၁၂ နာရီ ဆွမ်းစားပြီးချိန်၌ ကျောင်း ဝင်းထဲ၌ တစ်ပါးမျှ မကျန်တော့ ဘဲ လမ်းပေါ်သို့ ရောက်နေကြပြီ ဖြစ်သည်။
စက်တင်ဘာ ၂၅ ရက် (အင်္ဂါနေ့)တွင် ရန်ကုန်မြို့အပါ အဝင် ပခုက္ကူ၊ စစ်တွေ စသည့် မြို့ကြီးများ၌ သံဃာများနှင့်အတူ ပြည်သူလူထုပါ ပါဝင်ချီတက်လာ ခဲ့ကြသည်။ ဆူပူအကြမ်းဖက်ခြင်း လုံးဝမရှိဘဲ သံဃာတော်များ၏ ဦးဆောင်မှုအောက်တွင် စည်း ကမ်းသေဝပ်စွာ လိုက်ပါလာကြ သည်။ လူဦးရေအင်အားမှာ ရန် ကုန်မြို့တွင် သောင်းချီနေသော် လည်း စည်းကမ်းတကျရှိသည်မှာ အံ့သြဖို့ပင် ကောင်းပါသည်။
သို့သော် စက်တင်ဘာ ၂၇ (ကြာသပတေးနေ့) ညနေပိုင်း၌ စီတန်းလှည့်လည်နေသူ သံဃာ တော်များနှင့် ပြည်သူများအား စစ်တပ်က လက်နက်များဖြင့် စတင်ပစ်ခတ် လူစုခွဲခဲ့သည်။ ထို သို့ ပစ်ခတ်နှိမ်နင်းမှုကြောင့် ဆူး လေဘုရားလမ်းထောင့်၌ ဂျပန် နိုင်ငံသား သတင်းထောက်တစ်ဦး နှင့် မြန်မာနိုင်ငံသား ကိုးဦး သေ ဆုံးခဲ့ကြောင်း အစိုးရက တရားဝင် သတင်းထုတ်ပြန် ကြေညာခဲ့ သည်။
သေဆုံးသူ ဂျပန်နိုင်ငံသား သတင်းထောက် ကိုင်ဆောင်ခဲ့ သော ဗီဒီယိုကင်မရာ ပျောက်ဆုံး မှုကြောင့် အစိုးရက ဂျပန်အစိုးရထံ ဖြေရှင်းတင်ပြခဲ့ရပြီး သေဆုံးမှု အတွက် လျော်ကြေးများ ပေးအပ် ခဲ့ရသည်။ သေဆုံးသူ မြန်မာနိုင်ငံ သားများ၏ အမည်စာရင်းကိုထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပေ။
ဤကဲ့သို့ လက်နက်များဖြင့် ရက်စက်စွာ ပစ်ခတ်နှိမ်နင်းခဲ့ သော်လည်း အရှိန်အဟုန်က ရပ် တန့်မသွားခဲ့ပါ။ ရန်ကုန်မြို့တော် ၏ နေရာအနှံ့အပြားတွင် သံဃာ တော်များနှင့် ပြည်သူများ ပူး ပေါင်းပါဝင်သော လှုပ်ရှားမှုကြီး က ရှိနေသေးသည်။
ရွှေတိဂုံစေတီတော်ကြီး၏ အရှေ့ဘက်မုခ် ဗဟန်းရေတာရှည်လမ်းဟောင်းထောင့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြစ်သည့် ရဲတပ်ရင်းနှင့် စစ်သားများက ပူးပေါင်း အင်အားဖြင့် သံဃာတော်များကို တုတ်၊ ဒိုင်းများ အသုံးပြုကာ ရိုက်နှက်ဖမ်းဆီးခဲ့ ကြသည်။ ကြေး သွန်းဘုရားကြီး၏ ရှေ့မှောက်တွင် သားတော်များဖြစ်သည့် သံဃာတော်များ သွေးမြေကျခဲ့ရသည်မှာ ရင်နာဖွယ်ကောင်းသည်။
 တောင်ဥက္ကလာပရှိ ‘ငွေ ကြာယံ’ကျောင်းတိုက်ကို တပ်မ တော်မှ ညပိုင်းတွင် ဝင်ရောက် စီးနင်း ဖမ်းဆီးခဲ့ကြသည်။ ရန်သူ စခန်းပမာ ဝင်ရောက်ဖမ်းဆီးခြင်း ကြောင့် ဗုဒ္ဓသားတော်များ သွေး မြေကျခဲ့ရသည်။ သာသနာ့မြေမှာ သွေးမြေကျခဲ့ရသော သမိုင်းဝင် ညတစ်ညပင်ဖြစ်ပါသည်။
စစ်တပ်က ညမထွက်ရ ပုဒ်မ ၁၈ အမိန့်များ ထုတ်ပြန်ခဲ့သည်။ လမ်းလျှောက်ဆန္ဒပြပွဲများ ပြိုကွဲ သွားပြီးနောက် မေတ္တာပို့ ဆန္ဒပြ တန်းစီရာတွင် ပါဝင်ခဲ့သူများ၊ ခေါင်းဆောင်များဖြစ်သည့်ရဟန်း နှင့်လူအားလုံး ဖမ်းဆီးခံခဲ့ကြရသည်။ ကျိုက္ကဆံကွင်း၊ အင်းစိန်ဂျီတီအိုင်၊ အင်းစိန်အကျဉ်းထောင်စသည့် ‘စစ်ကြောရေးစခန်းများ’ သို့ နေရာခွဲပြီး ပို့ဆောင်ခဲ့ကြ သည်။ ယာယီစစ်ကြောရေးစခန်း များဖွင့်ကာ စစ်ကြောခဲ့ကြသည်။
 သံဃာတော်များ သာမက ကျောင်းဝင်းအတွင်း မှီခိုနေထိုင် ကြသော ဆွေမျိုးသားချင်းများ၊ ဧည့်သည်များ၊ သီလရှင်များပါ မကျန် ဖမ်းဆီးခဲ့ကြသည်။ စစ် ဆေးခဲ့ကြသည်။ ဝရမ်းမပါဘဲ ရဲ အချုပ်များတွင် ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင်ထားခဲ့ကြသည်။ ဥပဒေ ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲ ထောင်ချခဲ့သည်။ ဘုန်းကြီး ကျောင်းများစွာကို ချိပ်ပိတ်သိမ်း ဆည်းခဲ့လေသည်။ ဇာတိဒေသ သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော ရဟန်းများကို သက်ဆိုင်ရာ နယ် မြေရဲစခန်းများက ဖမ်းဆီးခဲ့ကြ သည်။
မိမိတို့ အာဏာတည်မြဲရေး အတွက် ဗုဒ္ဓဘာသာ ရဟန်းများ အား ရက်စက်စွာ နှိမ်နင်းခဲ့ခြင်း မှာ ဘာသာခြားများကပင် အံ့ အားသင့်စေခဲ့သည်။ မြန်မာသာ မက ကမ္ဘာကပင် တုန်လှုပ်စေခဲ့ သော ဖြစ်ရပ်ဖြစ်ပါသည်။ အာရှ နှင့်ဥရောပ၊ အမေရိက စသည့် နိုင်ငံများမှ မဂ္ဂဇင်းများ၊ စာစောင် များ၌ တခမ်းတနား ဖော်ပြခဲ့သော သမိုင်းမှန်ဖြစ်ရပ်ဖြစ်ပါသည်။
 ထိုစဉ်က ပုဇွန်တောင် ချောင်းအတွင်း ဒဏ်ရာများနှင့် သေဆုံးနေသော သံဃာတစ်ပါး မှာ မည်သည့်ကျောင်းတိုက်မှဖြစ် ကြောင်း ရဲတပ်ဖွဲ့ဝင်များက စုံ စမ်း ဖော်ထုတ်ခဲ့ကြသော်လည်း ဖော်ထုတ်မရဘဲ အမှု ပိတ်သိမ်း ခဲ့ကြရသည်။
၂၀၀၇ ခုနှစ်က ‘ရွှေဝါရောင် တော်လှန်ရေး’က ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့တွင် (၉)နှစ် ပြည့်ပြီဖြစ်သည်။ ချန်ထား၍ မရသည့် သမိုင်းစာမျက်နှာတွင် ရေးသွင်းကြရမည်ဖြစ်ပါသည်။
ကျွန်တော်တို့သည် ပြည်သူ က ယုံကြည်သော ‘ပြည်သူ့ဒီမိုက ရေစီအစိုးရ’ကို အသက်၊ သွေး၊ ချွေးများစွာနှင့် ရင်းနှီးတင်မြှောက် ခဲ့ကြပြီး ဖြစ်ပါသည်။ ယခုနှစ် သြဂုတ် ၃၁ ရက်တွင် ပြုလုပ်ခဲ့ သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံမှ တိုင်း ရင်းသားအားလုံး စည်းလုံးညီ ညွတ်စွာ ယုံကြည်မှုတည်ဆောက် ပြီး ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေးကိုသာ အစဉ် မျှော်တွေးလျက်ရှိပါသည်။
‘ငြိမ်းချမ်းရေးပန်းများ လန်း ပါစေ’
 

No comments: