Sunday, September 25, 2016

မြန်မာနိုင်ငံကို နျူကလီးယား လက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီး ပိတ်ပင်ရေး စာချုပ်တွင် လက်မှတ်ထိုးရန် အတည်ပြု သဘော တူညီချက်ကို တင်သွင်း

မြန်မာနိုင်ငံကို နျူကလီးယား လက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီး ပိတ်ပင်ရေး စာချုပ်တွင် လက်မှတ်ထိုးရန် အတည်ပြု သဘော တူညီချက်ကို တင်သွင်း
 
24 September 2016
+++++++++++++++++++++++++++++++++++++++++++++++++++
ရန်ကုန်
...
မြန်မာနိုင်ငံကို နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှူု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ်တွင် လက်မှတ်ထိုးရန် အတည်ပြုသဘောတူညီချက်ကို တင်သွင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ နျူကလီးယားလက် နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ် (Comprehen- sive Nuclear-Test-Ban Treaty- CTBT)အတည်ပြု သဘောတူညီ ခြင်းအခမ်းအနားကို စက်တင်ဘာ ၂၁ ရက်က ကုလ သမဂ္ဂဌာနချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က Mr. Miguel de Serpa Soares (Under-Secretary-Gen- eral for Legal Affairs and United Nations Legal Counsel)ကို ပေး အပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ထို့အပြင် (၇၁) ကြိမ် မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၌ အထွေထွေ မိန့်ခွန်းပြောကြားရာတွင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအနေဖြင့် နျူ ကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ်တွင် လက်မှတ်ထိုးပါဝင်မည် ဖြစ်ကြောင်း အတည်ပြုပြောကြားထားသည်။ ''မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်များကင်းမဲ့တဲ့ ကမ္ဘာကြီး ဖြစ်ပေါ် လာစေရေးအတွက် တိုက်တွန်းအားပေးလျက် ရှိပါတယ်။ လက်ရှိနဲ့ အနာဂတ်မျိုး ဆက်များအတွက်လည်း ငြိမ်းချမ်း ရေးနဲ့ လုံခြုံရေး ရရှိစေရန်ရည်ရွယ်ပြီး နျူကလီးယား လက်နက်ဖျက် သိမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက် အဆိုတစ်ရပ်ကို ကုလသမဂ္ဂတွင် နှစ်စဉ်တင်သွင်းလျက်ရှိပါတယ်။ ကမ္ဘာ ပေါ်ရှိ ဒေသအသီးသီးမှာ နျူကလီးယားလက်နက် ကင်းမဲ့ရေးဇုန် တည် ထောင်ခြင်းဟာလဲ ဒီပန်းတိုင်ကို အ ထောက်အပံ့ပြုလျက်ရှိပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ မြန်မာနိုင်ငံသည် နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံ တားဆီးပိတ်ပင်ရေး စာချုပ်(CTBT)၌ ပါဝင်လက်မှတ် ထိုးနိုင်ရန်အတွက် ၁၉၉၆ ခုနှစ်ကတည်းက ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်ပြီး ယခုမှသဘော တူညီချက်အဖြစ် စာချုပ်တွင် လက်မှတ်ထိုးရန် တင်သွင်းခဲ့ခြင်းသည်။
ညီတူး

No comments: