Thursday, September 1, 2016

၂၁ ရာစု ပင်လုံ အထိမ်းအမှတ် အထူးတံဆိပ်ခေါင်း သုံးမျိုးထုတ်ဝေ

၂၁ ရာစု ပင်လုံ အထိမ်းအမှတ် အထူးတံဆိပ်ခေါင်း သုံးမျိုးထုတ်ဝေ

Thursday, September 1, 2016
 
ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ ၂၁ ရာစု ပင်လုံကို ဂုဏ်ပြုသည့်အထိမ်းအမှတ်အ ဖြစ် အထူးထုတ်စာပို့တံဆိပ်ခေါင်း သုံးမျိုးကို ဩဂုတ် ၃၁ ရက်တွင် စတင်ထုတ်ဝေရောင်းချခဲ့ကြောင်း မြန်မာ့စာတိုက်လုပ်ငန်းမှ သတင်းရရှိသည်။
...
အဆိုပါ အထူးထုတ်စာပို့ တံဆိပ်ခေါင်းသုံးမျိုးကို ညီလာခံ စတင်ကျင်းပသည့် ဩဂုတ်၃၁ ရက်တွင် ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်စာတိုက်ကြီးများ၌ စတင်ရောင်းချခဲ့ကြောင်း မြန်မာ့ စာတိုက်လုပ်ငန်းမှ သိရသည်။
အထူးထုတ်စာပို့တံဆိပ် ခေါင်းသုံးမျိုးကို တံဆိပ်ခေါင်း အခုရေတစ်သိန်း ထုတ်ဝေရောင်း ချမည်ဖြစ်ကြောင်း မြန်မာ့စာ တိုက်လုပ်ငန်းမှ သိရသည်။
အဆိုပါတံဆိပ်ခေါင်းသုံးမျိုး အပြင် စာအိတ်၊ ပိုစတာနှင့် ၁၉၅၄ မှ ယနေ့အထိ ခေတ်အဆက်ဆက်ထုတ်ဝေခဲ့သည့် တံဆိပ်ခေါင်း များပါဝင်သောတံဆိပ်ခေါင်းမှတ် တမ်းစာအုပ်များ ရောင်းချမည် ဖြစ်ကြောင်း မြန်မာ့စာတိုက်လုပ် ငန်းမှ သတင်းရရှိသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုကို နေပြည် တော် အပြည်ပြည်ဆိုင်ရာ မြန်မာ ကွန်ဗင်းရှင်းစင်တာ (MICC 2)၌ ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် စာတိုက်အ ရေအတွက် ၁,၃၈၄ ရှိပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ကြီး များ၌ စာတိုက်လုပ်ငန်းမှ မြို့ တွင်းနေ့ချင်းရောက် အမြန်ချောပို့ လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
7Day

No comments: