Friday, September 16, 2016

တရုတ် -မြန်မာ ဗဟို စီးပွားရေးဇုန် ၂ဝ၁၈ ခုနှစ်တွင် ပြီးစီးနိုင်မည်

တရုတ် -မြန်မာ ဗဟို စီးပွားရေးဇုန် ၂ဝ၁၈ ခုနှစ်တွင် ပြီးစီးနိုင်မည်
Friday, September 16, 2016

မြန်မာနိုင်ငံမှ ကုန်စည်များကို ၂၅ ရာခိုင်နှုန်း ကုန်သွယ်ရာနေ ရာဖြစ်သော တရုတ်–မြန်မာနယ် စပ် မူဆယ်မြို့ရှိ မူဆယ်ဗဟိုစီးပွား ရေးဇုန်စီမံကိန်းကို
မကြာမီနှစ်ပိုင်း အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများ၏ ၈ဝ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း အကောင်အထည်ဖော် ဆောင်...

ရွက်နေသည့် နယူးစတားလိုက် ကုမ္ပဏီမှသိရသည်။

ရွှေလီမြစ်ကမ်းနံဘေးတွင် တည်ဆောက် အကောင်အထည်
ဖော်နေသော အဆိုပါစီးပွားရေးဇုန် ကိုဖွင့်လှစ်နိုင်ပါက မြန်မာနိုင်ငံနှင့်
တရုတ်နိုင်ငံတို့အကြား ကုန်စည် စီးဆင်းမှု ပိုမိုလျင်မြန် ချောမွေ့လာ နိုင်မည်ဖြစ်ကြောင်း၊ ယခုအခါ အဆိုပါဇုန်ရှိ လူနေဆိုင်ခန်းများကို ဧရာဝတီဘဏ်နှင့် ချိတ်ဆက်ပြီး ၆ နှစ် အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကာ
လက်ရှိအချိန်အထိ ၆ဝ ရာခိုင်နှုန်း ရောင်းချထားပြီးဖြစ်ကြောင်း သိရ သည်။

''အားလုံးပြီးဖို့ကတော့ ၂ဝ၁၈ ခုနှစ်လောက်ဖြစ်နိုင်မယ်။ မကြာ
ခင်တော့ ပိုပြီး ပုံပေါ်လာပါမယ်'' ဟု စီမံကိန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

စီးပွားရေးအရ အလွန်အချက် အချာကျသည့် မူဆယ်ဗဟို စီးပွား
ရေးဇုန်စီမံကိန်းသည် ရှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ မြန်မာ တရုတ်
နယ်စပ်အနီး ရွှေလီမြစ်ဝှမ်း တွင်တည်ရှိပြီး အဆိုပါ စီမံကိန်းကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ဒေသန္တရ ဖွံ့ဖြိုးရေး စီမံကိန်းကော်မတီနှင့် နယူး စတားလိုက်ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်တို့ အကျိုးတူ ပူး ပေါင်း လုပ်ကိုင်ကြခြင်းဖြစ်သည်။

စီမံကိန်းတစ်ခုလုံးကို ဇုန် ၆ ဇုန်ပိုင်းခြား၍ အကောင်အထည် ဖော်ခဲ့ရာ ဇုန်(၁ ၊ ၂၊ ၃)သည် Commercial Zone ဖြစ်ပြီး ဇုန် (၄၊ ၅ ၊၆) သည်Residential Zone ဖြစ်သည်။ စုစုပေါင်း ၂၉၄ ဒသမ ၇၈၉ ဧကတွင်
လမ်းမကြီး၊ လမ်း သွယ်များအပါအဝင် အများနှင့် သက်ဆိုင်သောဧရိယာ
၁ဝ၆ ဒသမ ၂၅ ဧက၊ ၃၆ ဒသမ ဝ၄ ရာခိုင်နှုန်း အဆောက်အအုံဧရိယာ
၁၈၈ ဒသမ ၅၃၉ ဧက၊ ၆၃ ဒသမ ၉၆ ရာခိုင် နှုန်းဖြစ်သဖြင့် အများနှင့်
သက်ဆိုင် သောဧရိယာအား ဦးစားပေးဆောင် ရွက်ထားကြောင်း သိရသည်။

Popular News

No comments: