Friday, September 16, 2016

မတူ ကွဲပြားမှုများကို အပြန်အလှန် သည်းခံမှသာ ခိုင်မာရင့်ကျက်သည့် ဒီမိုကရေစီနိုင်ငံရေး ယဉ်ကျေးမှုကို တည်ဆောက်နိုင်မည် ဟု အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ နိုင်ငံတော် သမ္မတက သ၀ဏ်လွှာပေးပို့

မတူ ကွဲပြားမှုများကို အပြန်အလှန် သည်းခံမှသာ ခိုင်မာရင့်ကျက်သည့် ဒီမိုကရေစီနိုင်ငံရေး ယဉ်ကျေးမှုကို တည်ဆောက်နိုင်မည် ဟု အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ နိုင်ငံတော် သမ္မတက သ၀ဏ်လွှာပေးပို့
Friday, September 16, 2016
 
မြန်မာနိုင်ငံသည် အမျိုးသားပြန် လည်သင့်မြတ်ရေး ပြည်ထောင်စုငြိမ်း ချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်နိုင်မည့် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွဲ နိုင်ရေး၊ ဘုံသဘောတူလက်ခံသော အမျိုးသားရေးဝိသေသလက္ခဏာ တစ်ရပ်တည်ဆောက်ရေး ဦးတည် ကြိုးပမ်းလျက်ရှိနေချိန်တွင် အများစု၏အဆုံးအဖြတ်ကို အနည်းစုက လက်ခံလိုက်နာခြင်း၊ အနည်းစု၏ အခွင့်အရေးကို အများစုကလေးစားခြင်း၊ မတူကွဲပြားမှုများကို အပြန်အလှန်သည်းခံခြင်း ခိုင်မာရင့်ကျက်သော နိုင်ငံသစ်ဖြစ်သော ဒီမိုကရေစီနိုင်ငံ ရေးယဉ်ကျေးမှုကို တည်ဆောက်နိုင် မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နေပြည်တော် လွှတ် တော် အဆောက်အအုံ သဘင်ဆောင်တွင်ကျင်းပသည့် ၂၀၁၆ ခုနှစ် အ ပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားသို့ သ၀ဏ်လွှာပေးပို့ခဲ့ သည်။
၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင် ရာဒီမိုကရေစီနေ့အခမ်းအနားကို နေပြည်တော်လွှတ်တော်အဆောက်အအုံ သဘင်ဆောင်တွင် စက်တင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအခမ်းအနား သို့ နိုင်ငံတော်သမ္မတက သ၀ဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။ အဆိုပါအခမ်းအနားသို့ ပြည် ထောင်စုလွှတ်တော်နာယကဦးမန်းဝင်းခိုင်သန်းတက်ရောက် အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ယင်းနောက်နိုင်ငံ တော် သမ္မတထံ မှပေးပို့သော သ၀ဏ်လွှာကိုဖတ်ကြားခြင်း၊ ကုလသမဂ္ဂအ ထွေထွေအတွင်းရေးမှူးချုပ်မစ္စတာ ဘန်ကီမွန်းထံမှပေးပို့သော သ၀ဏ်လွှာကိုဖတ်ကြားခဲ့ကြသည်။ ယခုနှစ် ၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေ စီနေ့၏ဆောင်ပုဒ်သည် "အားလုံးပူးပေါင်းပါဝင်ဖို့ ဒီမိုကရေစီ ၂၀၃၀ သို့"" ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ၏သ၀ဏ်လွှာတွင် "မြန်မာနိုင်ငံသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည် ထောင်စုငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက် နိုင်မည့်ဖွဲ့စည်းပုံအခြေခဥပဒေပြင်ဆင် ရေး ဆွဲနိုင်ရေး၊ ဘုံသဘောတူလက်ခံသော အမျိုးသားရေးဝိသေသ လက္ခဏာတစ်ရပ်တည်ဆောက်ရေး စသည်များကို ဦးတည်ကြိုးပမ်းလျှောက်လှမ်းလျက်ရှိပါသည်။ ဤခရီးသည် နီးသည်၊ ဝေးသည်မဆိုနိုင်ဘဲ မဖြစ် မ နေ လျှောက်လှမ်းရမည့်လမ်းကြောင်း လည်းဖြစ်ပေသည်။ ဤသို့သော အ ခြေအနေတွင် အများစု၏အဆုံးအ ဖြတ်ကို အနည်းစုက လက်ခံလိုက်နာခြင်း၊ အနည်းစု၏အခွင့်အရေးကို အများစုကလေးစားခြင်း၊ မတူ ကွဲပြားမှုများကို အပြန်အလှန်သည်းခံခြင်း ခိုင်မာရင့်ကျက်သော နိုင်ငံသစ်ဖြစ် သော ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှုကို တည်ဆောက်နိုင်ပြီး ပွင့်လင်း မြင်သာ၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော လူ့အဖွဲ့ အစည်းမျိုးနှင့်တည် ငြိမ်အေးချမ်းသော လူမှုပတ်ဝန်း ကျင်မျိုးတည်ရှိမှသာလျှင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏ ရည်မှန်းချက်ပန်းတိုင်များကို ပြည့် မီအောင် ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်""ဟုဖော်ပြ ထားသည်။
ထို့အပြင် ဒီမိုကရေစီဆိုသည်မှာ ပြည်သူ့အင်အား၊ ပြည်သူ့အာဏာကို မဏ္ဍိုင်ပြုသော နိုင်ငံရေးစနစ် ဖြစ်ရာ ဒီမိုကရေစီစနစ်ဟူသည် ပြည်သူလူထု၏ခံစားချက်မျှော်လင့်ချက်များကိုဦးထိပ်ထား၍ လုပ်ကိုင်ဆောင် ရွက်ခြင်းဖြစ်ပါသည်။ ဒီမိုကရေစီစနစ်တွင် နိုင်ငံ၏အရေးအရာတို့ကို ပြည်သူအများ သို့မဟုတ် အများစုကိုကိုယ်စားပြုသူများက စဉ်းစားကြံဆဆုံးဖြတ်ကြရသည်။ သို့သော် ထိုသို့ဆုံးဖြတ်ရာတွင် အနည်းစုတို့၏ သဘောထားဆန္ဒကို လုံးဝလျစ်လျူရှုထား၍ကားမရ၊ အကြောင်းမူကား ဒီမိုကရေစီစနစ်ဟူသည် နိုင်ငံသားတစ်ဦးချင်းတို့၏ အခြေခံရပိုင်ခွင့်လွတ်လပ်ခွင့်များကိုလည်းကောင်း၊ လူနည်းစုတို့၏ အခွင့်အရေးများကို လည်းကောင်း လေးစားဂရုထားရ သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဒမိုကရေစီနိုင်ငံတို့တွင် နိုင်ငံအရေးအရာများကိုအဖြေရှာရာတွင် နိုင်ငံသားအများ ၀ိုင်းဝန်းပါဝင်ရေးကို အလေး သာကာ ပွင့်လင်းမြင်သာ စွာဆောင် ရွက်ကြရလေသည်ဟု နိုင်ငံတော် သမ္မတ၏သ၀ဏ်လွှာတွင် ဆက်လက် ဖော်ပြထားသည်။
၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးမန်း ၀င်းခိုင်သန်းက"" ပြောင်းလဲချိန်တန်၍ စနစ်တစ်ခုကို ပြောင်းလဲဖော်ဆောင် ရာမှာ အသည်းကြားမှမဲတစ်ပြားမှသည် လူထု၏တစ်ခဲနက်အားပေး ထောက်ခံမှုနှင့်အတူ ပြည်သူ့ကိုယ်စားလှယ်များကို ဆန္ဒပြုရွေးချယ်တင် မြှောက်ပေးခဲ့သည်ဖြစ်ရာ ပြည်သူတို့ ၏မျှော်လင့်ချက်များစွာတို့သည် ယနေ့ အချိန်အခါမှာ ကျွန်တော်တို့အားလုံးအတွက် တာဝန်များဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်ကြီးများကလည်း ဒီတာဝန်ကို ကျေနပ်ဂုဏ်ယူစွာလက်ခံပြီး မိမိတို့၏ကောင်း မွန်သောသမိုင်းသစ်ကို ရေးထိုး သွားရမှာဖြစ်ပါတယ်။ ပြုပင်ပြောင်းလဲရေး ကိုဖော်ဆောင်ရာမှာ မိမိတို့၏ဥပဒေ ပြုရေးကဏ္ဍသည် လွန်စွာမှပင်အ ရေးကြီးပါတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို တစ်ဖွဲ့ နှင့် တစ်ဖွဲ့အပြန်အလှန် ထိန်းကျောင်းရမှာဖြစ်ပြီး ၀င်ရောက်စွက်ဖက်ခြင်းမျိုး၊ မလျော်သြဇာသုံးခြင်းမျိုးမပြုလုပ်မိစေရန်နှင့် အပြုသဘောဆောင်သော ဝေဖန်ထောက်ပြမှုများဖြင့်တည့်မတ် ပေးသွားရမှာဖြစ်ပါတယ်"ဟု၂၀၁၆ ခုနှစ် အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီ အခမ်းအနားအဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလိုအပ်ဆုံးနှင့်အရေးအကြီးဆုံးသည် ငြိမ်းချမ်းရေးပဲဖြစ်တယ်။ မိမိတို့နိုင်ငံအတွက် ငြိမ်းချမ်းရေးသည် အဓိကလိုအပ်ချက်ဖြစ်ပြီး ငြိမ်းချမ်းမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အ တွက် ပိုမိုအာရုံစိုက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်ပြီး ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင် လုံအစည်းအဝေးကို အောင်မြင် စွာ ကျင်းပနိုင်ခဲ့ပြီးညီလာခံကြီးမှသည် ပြည်သူလူထု၏ ယုံကြည်ထောက်ခံမှုနှင့်အတူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးစည်းလုံးညီညွတ်စွာဖြင့် ပြည် ထောင်စုကြီးငြိမ်းချမ်းရေးကို ရယူနိုင်ဖို့ အားသွန်ခွန်စိုက် ဆက် လက်ကြိုး စားသွားရမှာဖြစ်ပါကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဆက်လက် ပြောကြားခဲ့သည်။
ယင်းနောက် ကျောင်းသားလူငယ်များ၏စာတမ်း၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ကိုယ်စားပြုစာတမ်း၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၏စာတမ်း၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီ ညွတ်ရေးပါတီ၏စာတမ်း၊ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီ၏စာတမ်း၊ မွန်အမျိုးသားပါတီ၏စာတမ်း၊ ၀ဒီမိုကရက်တစ်ပါတီ၏စာတမ်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏စာတမ်း၊ လီဆူးအမျိုး သားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) ၏စာတမ်း၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်စာတမ်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ စာတမ်း၊ တအာင်း(ပလောင်)အမျိုးသားပါတီ၏စာတမ်း၊ ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ်၏စာတမ်း၊ ရခိုင်အ မျိုးသားပါတီ၏ စာတမ်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏စာတမ်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏စာတမ်းများ ဖတ်ကြားခဲ့သည်။ ယင်းအခမ်းအနားတွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်က "ဒီမိုကရေစီနိုင်ငံတွေ မှာ ပြည်သူလူထုက မျက်စိပွင့်၊ နားစွင့်၊ ပါးစပ်ဖွင့်ပြီး အာဏာရှင်နိုင်ငံတွေမှာကျတော့ ပြည် သူလူထုက မျက်စိမှိတ်၊ နားပိတ်၊ နှုတ်ဆိတ်နေကြရတယ်။
ဒါကြောင့် ကျွန် တော်တို့အားလုံးဟာ ဒီမိုကရေစီအပင်ပေါက်လေးကို သင်းသတ်မခံရ အောင် မျက်ခြည်မပြတ်ဂရုစိုက်ကြပါ။ ဒီမိုကရေစီကို တစ်နည်းနည်းနဲ့ တိုက်ဖျက်နေတဲ့ အန္တရာယ်ရန်စွယ်ကိုလည်း သတိ တရားဖြင့်ကာကွယ်ကြပါ။ ဒီမိုကရေစီကို ရန်လုပ်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကိုလည်း သဘောထားကြီးကြီးသည်းခံပြီး ဆက်ဆံကြပါ။ ဒီမိုကရေစီကို ကာကွယ်ထားမှ ကျွန်တော်တို့ကိုယ်နှိုက်ကလည်း အမှားကင်းအောင်အထူးကြိုးစားပါ""ဟု ပြောကြားခဲ့သည်။ ယင်းအပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားခြင်းအစီအစဉ်အပြီးတွင် ဧည့်ခံကျွေးမွေးခြင်းအစီအစဉ်များဆောင်ရွက် ခဲ့ပြီး မြို့ရွှေမန်းသားဖိုး ချစ်ဇာတ်အလှသဘင်က "ငါသည် အောင်ဆန်း" စင်တင်ပြဇာတ်အပါအ၀င်ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
MO, MP
Democracytoday

No comments: