Tuesday, September 20, 2016

စစ်ရှောင်ပြည်သူတွေဆီအရောက်သွားတဲ့ မယ်စကြဝဠာ မြန်မာအလှမယ်များ

စစ်ရှောင်ပြည်သူတွေဆီအရောက်သွားတဲ့ မယ်စကြဝဠာ မြန်မာအလှမယ်များ

Tuesday, September 20, 2016
 
မယ်စကြဝဠာ မြန်မာ ၂၀၁၇ ဆန်ခါတင် အလှမယ်များ ၏ လူမှုရေးခရီးစဉ်အဖြစ် ပူတာ အိုဒေသသို့ သွားရောက်ပြီး စစ် ဘေးရှောင်ပြည်သူများအား လှူ ဒါန်းမှုများ ပြုလုပ်ခဲ့သည်။
...
အဆိုပါခရီးစဉ်ကို စက်တင် ဘာ ၁၈ ရက်က သွားရောက်ခဲ့ပြီး ယင်းနေ့ နေ့လယ်တွင် ပူတာအိုမြို့ရှိ စစ်ဘေးရှောင်စခန်းတစ်ခု သို့ ဆန်နှင့် အစားအစာများ သွားရောက်လှူဒါန်းခဲ့သည်။ ထို့နောက် စစ်ဘေးရှောင်ပြည်သူများကို စိတ်ဓာတ်ခွန်အားပေးသည့် အနေဖြင့် ‘ကချင်မြေကိုလာပါ’ သီချင်းအပါအဝင် သီချင်းသုံးပုဒ် ကို စစ်ရှောင်ပြည်သူများနှင့်အတူ သီဆိုကပြခဲ့သည်။
အဆိုပါခရီးစဉ်တွင် အလှ မယ်များ၏ အခြားလှုပ်ရှားမှုအစီ အစဉ်များ ပါဝင်မည်ဖြစ်ပြီး Miss Blue Diamond နှင့် Miss Melikhaပြိုင်ပွဲများလည်း ပြုလုပ်မည်ဖြစ် သည်။
ထို့အပြင် ယင်းဒေသရှိ မိဘမဲ့ကလေးများအတွက် သွား ရောက်လှူဒါန်းမည့်အစီအစဉ် လည်း ပါဝင်မည်ဖြစ်ပြီး စက်တင် ဘာ ၂၁ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်သည်။
ယခု ပူတာအိုခရီးစဉ်တွင် အလှမယ် ၂၆ ဦးအနက် ဆန်ခါ တင်အလှမယ်နှစ်ဦးသည် စာမေး ပွဲနှင့် တိုက်နေ၍ လိုက်ပါနိုင်ခြင်း မရှိပေ။
7Day

No comments: