Sunday, September 18, 2016

အိမ်ဖြူတော်သို့ ဒုတိယတစ်ကြိမ်

အိမ်ဖြူတော်သို့ ဒုတိယတစ်ကြိမ်
19 September 2016
---------------
ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံကို ဦးဆောင်သူတစ်ဦးအဖြစ် အမေရိကန် ခရီးစဉ်က ပိုမိုပေါ်လွင်စေခဲ့ပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ အိုဘားမားတို့သည် မီဒီယာများရှေ့တွင် လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အသွင်ကူးပြောင်းမှုများအကြောင်း ချီးကျူးပြောကြားသော်လည်း သီးသန့်ဆွေးနွေးမှုများတွင်မူ ပြသ၁နာများ အခက်အခဲများအကြောင်း ဆွေးနွေးခဲ့သည်ဟု အမည်မဖော်လိုသည့် အိမ်ဖြူတော်အရာရှိတစ်ဦးက ၀ါရှင်တန်ပို့စ်ဂျာနယ်သို့ ပြောကြားခဲ့သည်။
...
မြန်မာနိုင်ငံအတွင်း ဆယ်စုနှစ်များစွာ စစ်အာဏာရှင် အုပ်ချုပ်ရေးနှင့် ဆွေမျိုးကောင်းစားရေး မူဝါဒကြောင့် စီးပွားရေး ယိုယွင်းပျက်စီးခဲ့ပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများလည်း ကြုံတွေ့နေရသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိုပြသ၁နာအားလုံးကို ဖြေရှင်းနေချိန်တွင် အာဏာရှိနေဆဲ စစ်ဗိုလ်ချုပ်ဟောင်း/သစ်များကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်နေရသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အလွန်ခက်ခဲသည့် ပြည်တွင်း နိုင်ငံရေး အတားအဆီးများ ရင်ဆိုင်နေရပြီး စစ်တပ်နှင့် လူထုအား လျင်မြန်စွာ ပြောင်းလဲရန် တွန်းအားပေးခြင်း မပြုနိုင်ဟု အမေရိကန်အစိုးရ အရာရှိများက ဆိုသည်။ သမ္မတအိုဘားမား၏ အကြံပေးတစ်ဦးဖြစ်သူ ဘန်ရိုဒီက “သူ (ဒေါ်အောင်ဆန်းစုကြည်) ဟာ ပြသ၁နာတွေ တစ်ခုပြီးတစ်ခု ဖြေရှင်းရမှာပါ” ဟု ပြောကြားသည်။
သမ္မတ အိုဘားမားအစိုးရအတွက် မြန်မာနိုင်ငံ နှင့် ပတ်သက်၍ လက်ရှိ အရေးအကြီးဆုံး မေးခွန်းမှာ စီးပွားရေးပိတ်ဆို့မှုများ မည်မျှ မြန်မြန်ရုပ်သိမ်းမည်နည်း ဆိုသည့် မေးခွန်းဖြစ်သည်။ အမေရိကန်အစိုးရက မြန်မာအစိုးရပိုင် ဘဏ်နှင့် လုပ်ငန်းများအပေါ် ချမှတ်ထားသည့် ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေး ပိတ်ဆို့မှုအချို့အား မေလတွင် ပယ်ဖျက်ပေးခဲ့သည်။
ထိုသို့ ပယ်ဖျက်ပေးခြင်းက အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံ၌ လာရောက်လုပ်ကိုင်ရန် အထောက်အကူဖြစ်စေသည်။ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများက မြန်မာနိုင်ငံတွင် အမေရိကန်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုအပေါ် သက်ရောက်မှုရှိပြီး အမေရိကန်ကုမ္ပဏီများက အစိုးရ၏ Black list စာရင်းပါ မြန်မာ့စီးပွားရေးသမားများနှင့် မဖြစ်မနေ ဆက်သွယ် လုပ်ကိုင်ရမည့် အခြေအနေကို စိုးရိမ်မှုများ ရှိနေသည်ဟု ရိုဒီက ပြောကြားသည်။
KHTun
The Ladies News
Ref - WSJ

No comments: