Sunday, September 25, 2016

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက နားလည်မှုနှင့် အပြု သဘောဆောင် ကူညီဆောင်ရွက်ပေး ရန် ဒေါ်အောင် ဆန်းစုကြည် တိုက်တွန်း

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက နားလည်မှုနှင့် အပြု သဘောဆောင် ကူညီဆောင်ရွက်ပေး ရန် ဒေါ်အောင် ဆန်းစုကြည် တိုက်တွန်း
 
24 September 2016
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ရန်ကုန်
...
ရခိုင်ပဋိပက္ခဖြေရှင်းရန် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်နှင့် ဦးဆောင်ဖွဲ့စည်းထားသည့်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက နားလည် မှုနှင့် အပြုသဘောကူညီဆောင်ရွက်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတိုက်တွန်းသည်။ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်သော(၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တွင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အထွေထွေ မူဝါဒ ရေးရာ မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတကာရှိ အစိုးရတာဝန်ရှိသူများ နှင့် အဖွဲ့အစည်းများကို ပြောဆိုခဲ့ ခြင်းဖြစ်သည်။
''ကော်မရှင်ဖွဲ့စည်းခဲ့တဲ့အပေါ် တချို့က ဆန့်ကျင်ဝေဖန်မှုများ အစဉ်တစိုက် ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ကျွန်မတို့ဟာ ရခိုင်ပြည်နယ်အတွင်း သဟဇာတရှိမှု၊ ငြိမ်းချမ်း ရေးနဲ့ ကြွယ်ဝချမ်းသာရေးအတွက် ကြိုးပမ်းမှုများကို ဆက်လက်ဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန်ချထားပြီးဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နားလည်မှုနဲ့အပြုသ ဘောကူညီဆောင်ရွက် ပေးဖို့ကိုလဲ ပြောကြားလိုပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။ ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအသိုက်အဝန်းကိုလည်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန်အတွက် ရေရှည်တည်တံ့သည့် အဖြေတစ်ရပ်ရရှိရန် ဆောင်ရွက်နေ ပြီ ဖြစ် ကြောင်း၊ ဖြေရှင်းရာတွင် ပြည့်စုံ ကောင်းမွန်စွာနှင့် ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်ရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့ စည်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ဥက္ကဋ္ဌအဖြစ် ဦး ဆောင် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကုလသမဂ္ဂ၏ အကြံပေးပုဂ္ဂိုလ်ဟောင်း ဂါဆန်ဆလမ်၊ ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီးဟောင်း မစ္စလတ်တီတီရာဗန်အာဆမ်၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း အဖွဲ့ဝင် ဒေါက်တာမြသီတာ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော် မရှင်အဖွဲ့ဝင် ဦးခင်ေ မာင်လေးနဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နာယက ဒေါက်တာသာလှရွှေ၊ မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ ငြိမ်းချမ်းမေတ္တာအဖွဲ့(မြန်မာနိုင်ငံ)တည်ထောင်သူ ဦးအေးလွင်နှင့် ရခိုင် စာပေနဲ့ ယဉ် ကျေးမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဒေါ်စောခင်တင့်တို့ဖြင့် ဖွဲ့စည်းထား ခြင်းဖြစ်သည်။
ညီတူး

No comments: