Friday, September 9, 2016

(၃၄) ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ယခုလအတွင်း မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည်


(၃၄) ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ယခုလအတွင်း မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည်

ရန်ကုန်၊ စက်တင်ဘာ ၉

အာဆီယံ ဒေသတွင်း စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် (၃၄) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ယခုလအတွင်း မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည်ဖြစ်ကြောင်း  စက်တင်ဘာ ၈ ရက်က နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လက် ထောက်အတွင်းဝန် ဦးမင်းမင်းဦးက ပြောသည်။ အဆိုပါဆွေးနွေးပွဲကို နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-2(MICC-2) နှင့် Horizon Lake View Hotel တို့တွင် စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပပြုလုပ်သွား မည် ဖြစ်ကြောင်း သိရသည်။
ဦးမင်းမင်းဦးက""အာဆီယံမှာ သတ်မှတ်ထားတဲ့ ရည်ရွယ်ချက်အ ပေါ်မှာ ကျွန်တော်တို့က လိုက်နာတယ်ဆိုရင် နိုင်ငံရဲ့ စက်မှုကဏ္ဍတို့ နိုင်ငံရဲ့ဝင်ငွေတိုးတက်မှုနှုန်းမြင့်တက်လာမှုတို့အပေါ်မှာ နိုင်ငံကပြည်သူ တွေ
တွေ့ရှိခံစားရမယ်လို့မြင်ပါတယ်" ဟု ဆိုသည်။ အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံတွင်ကျင်းပခြင်းကြောင့် ပြည်တွင်းစွမ်းအင် ကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အ တူ နိုင်ငံ၏စက်မှုကဏ္ဍနှင့် ၀င်ငွေတိုးတက်မှု မြင့်မားလာမှုအပေါ် ပြည်သူ များခံစားခွင့်ရရှိမည်ဖြစ်ကြောင်း လျှပ် စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက် ထောက်အတွင်းဝန် ဦးမင်းမင်းဦးက ဆိုသည်။
 
ယခုကျင်းပမည့်အာဆီယံစွမ်း အင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသည် အာဆီယံနိုင်ငံများအားလုံး ပေါင်းစည်းမှု သင်္ကေတအဖြစ် ဒေသတွင်းနိုင်ငံများ အားလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက်  ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး အာဆီယံအဆင့် သတ်မှတ်ထားသည့် ရည်ရွယ်ချက်များအား လိုက်နာပါက နိုင်ငံ၏စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်ကြောင်း သိရသည်။ အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်း အဝေးနှင့် ဆက်စပ်အစည်း အဝေးများအနေဖြင့် စက်တင်ဘာ ၁၉ ရက်မှ ၂၀ ရက်အတွင်း (၃၄) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အကြိုအစည်းအဝေးအဖြစ်  အာဆီယံအဆင့်မြင့် အရာရှိများက ဆွေးနွေး သွားမည်ဖြစ်ပြီး စက်တင် ဘာလ ၂၁ ရက်မှ ၂၂ ရက်အတွင်း ပြုလုပ်မည့် စွမ်းအင်ဝန်ကြီးများအ စည်းအဝေးအတွင်း ဆုံးဖြတ်ချက်များ အတည်ပြုချမှတ်သွားမည်ဖြစ် ကြောင်း သိရသည်။

MO
#Democracytoday
 

No comments: