Saturday, September 17, 2016

ငွေလမ်းခင်းပြီး သွားရမှာပဲလို့တော့ ကျေးဇူးပြုပြီး မထင်လိုက်ပါနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ငွေလမ်းခင်းပြီး သွားရမှာပဲလို့တော့ ကျေးဇူးပြုပြီး မထင်လိုက်ပါနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
 
17 September 2016
------------------
ဝါရှင်တန်တွင် စက်တင်ဘာ ၁၅ ရက်ညက အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီနှင့် အမေရိကန်ကုန်သည်ကြီးများအသင်း တို့က တည်ခင်းသော ညစာစားပွဲ ၌ ဒေါ်အောင်ဆန်းစုကြည်က ကျင့်ဝတ်စောင့်ထိန်း ပြီး တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံ မှုမျိုးဖြင့် မြန်မာနိုင်ငံတွင် လာ ရောက်ရင်းနှီးမြှုပ်နှံကြရန် အမေရိကန်ကုမ္ပဏီများအား ဖိတ် ခေါ်ခဲ့သည်။
...
ရင်းနှီးမြှုပ်နှံရာတွင် အမေရိကန်ကုမ္ပဏီများအနေဖြင့် အကောင်းဆုံး အလေ့အထများနှင့် လုပ်ကိုင်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး ‘‘မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ ဖို့ ကြိုးစားနေကြတဲ့အချိန်မှာ ငွေလမ်းခင်းပြီး သွားရမှာပဲလို့တော့ ကျေးဇူးပြုပြီး မထင်လိုက်ပါနဲ့’’ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဒီမိုကရေစီသည် လူထု၏ အသက်မွေးဝမ်းကျောင်းကို တိုးတက်စေနိုင်ကြောင်းနှင့် နောက် ထပ်အပြောင်းအလဲများကို အားပေးထောက်ကူမြှင့်တင်ပေးနိုင်ကြောင်း သန်း ၅၀ ကျော်ပြည်သူလူထုကို ပြသနိုင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လိုအပ်ကြောင်း အမေရိကန်စီးပွားရေး လုပ်ငန်းကြီးများ လာရောက်ရင်းနှီးမြှုပ်နှံမှုက မြန်မာ့ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်တွင် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
‘‘စီးပွားရေးအရ အောင်မြင်စွာရပ်တည်ခြင်းက ဒီမိုကရေစီစနစ်ဟာ ကျွန်မတို့နိုင်ငံရှေ့ဆက်ဖို့အတွက် အကောင်းဆုံးလမ်းကြောင်းမှန် ဖြစ်တဲ့အကြောင်း တပ်မတော်အပါအ၀င် ပြည်တွင်းမှာ ရှိနေသူအားလုံးကို ဆွဲဆောင်စည်းရုံးနိုင်မယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံရေးအသွင်ကူး ပြောင်းမှု ဖြစ်မြောက်ဖို့အတွက်ဆို ရင် ကျွန်မတို့အနေနဲ့ ကျွန်မတို့ ပြည်သူတွေရဲ့ စီးပွားရေးမျှော် လင့်ချက်တွေကိုလည်းပဲ ဖြည့် ဆည်းပြီး ဖြစ်ရပါမယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
The Ladies News

No comments: