Saturday, September 3, 2016

စာဖတ်ခြင်းဖြင့် ငြိမ်းချမ်းကြစေသား

စာဖတ်ခြင်းဖြင့် ငြိမ်းချမ်းကြစေသား

တစ်ရက်မှာ ကျွန်တော်ပါဝင် ကူညီနေတဲ့ စာကြည့်တိုက်လေးဆီသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ရွေ့လျားစာကြည့်တိုက် လာရောက်ကူညီမယ်လို့ မြို့နယ် ပြန်ဆက်ဦးစီးမှူးထံမှဆက်သွယ် အကြောင်း ကြားလာပါတယ်။ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းဆိုတာဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဇနီးဒေါ်ခင်ကြည်ကို ဂုဏ်ပြုကာသမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဦးစီးတည် ထောင်ထားတဲ့ ဖောင်ဒေးရှင်းတစ် ခုပါ။ ကော့မှူးမြို့နယ်ထဲက ငှက် အော်စမ်းဘက်ကို သွားတဲ့လမ်း ပေါ်မှာ ဖောင်ဒေးရှင်းက သင်တန်းကျောင်းဖွင့်ပြီး လူငယ်တွေအတွက်အသက်မွေးဝမ်းကျောင်း ပညာတွေသင်ပေးနေတာ တွေ့ဖူး၊ ကြားဖူးပါတယ်။
ယခုလို မြန်မာပြည်ရဲ့ အ ထင်ကရ ဖောင်ဒေးရှင်းတစ်ခုက ကျွန်တော်တို့ ရပ်ကွက်စာကြည့် တိုက်လေးကို ၀ိုင်းဝန်းကူညီမယ် ဆိုလို့ စာကြည့်တိုက်အဖွဲ့သား တွေလည်း အားတက်ရပါတယ်။ အားလုံးသိတဲ့အတိုင်း ရပ်ကွက် ကိုယ်ထူကိုယ်ထ စာကြည့်တိုက် တစ်ခုတည်ထောင်ရတဲ့ ကိစ္စဟာ မလွယ်ကူပါဘူး။ မြေနေရာ၊ အ ဆောက်အအုံ၊ စာအုပ်စင်၊ စာ အုပ်ဘီရိုကအစ စာကြည့်တိုက် တစ်ခုရဲ့ အင်္ဂါနဲ့ ညီညွတ်မယ့်စာ အုပ်စာတမ်းတွေ ထားရှိနိုင်ဖို့ဟာ ၀ိုင်းဝန်းကြိုးစားရတဲ့ကိစ္စပါ။ စာ ကြည့်တိုက်ပြီးတော့လည်း စာ ကြည့်တိုက်တံခါးတွေ အမြဲတမ်း ဖွင့်နိုင်ဖို့၊ စာဖတ်သူ၊ စာအုပ်ငှား သူတွေဝင်ထွက်နိုင်ဖို့ကလည်း ပူ ပန်ရတဲ့သောကတစ်ခုပါပဲ။ ယခု လည်း ကူညီတဲ့သူက လာရောက် ကူညီမှာဖြစ်ပေမယ့် စာအုပ်ငှားသူ ကကော လာရောက်ငှားရမ်းကြပါ့ မလားဆိုတဲ့ ပူပန်မှုက ရှိခဲ့ပါတယ်။
ဒီလိုနဲ့ ရွေ့လျားစာကြည့် တိုက်မော်တော်ကားကြီး ရပ်ကွက် ထဲရောက်ရှိလာခဲ့ပါပြီ။ စာကြည့် တိုက်အသင်းဝင်တချို့ကလည်း ကြိုဆိုနေကြပါတယ်။ ရွေ့လျား စာကြည့်တိုက်ရဲ့ စာအုပ်ငှားရမ်း ပုံက လူတစ်ဦးကို နှစ်သက်ရာစာ အုပ်နှစ်အုပ်နှုန်းနဲ့ နှစ်ပတ်ကြာ ငှား ရမ်းတာဖြစ်ပါတယ်။ စာအုပ်ငှား သူကို ရွေ့လျားစာကြည့်တိုက်က ငှားရမ်းခွင့်ကတ်ပြားထုတ်ပေးပြီး ထိုသူရဲ့ စာအုပ်ပြန်အပ်မှုကို ရပ် ကွက်စာကြည့်တိုက်က တာဝန်ယူ ရပါတယ်။
ရွေ့လျားစာကြည့်တိုက်မှာ အော်ပရေးရှင်းမန်နေဂျာတစ်ဦး၊ စာကြည့်တိုက်မှူး သုံးဦးပါဝင်ပါ တယ်။ ကွန်တိန်နာပုံစံကားထဲမှာ စာအုပ်ဘီဒိုတွေ သုံးဖက် သုံးတန် ပါဝင်ပါတယ်။ မီးအလင်းရောင်အ ပြည့်ရတဲ့အပြင် ပန်ကာတွေလည်း တပ်ဆင်ထားပါတယ်။ မော်တော် ကားနောက်မှာ ခေါက်ပြီးသိမ်းလို့ ရတဲ့ လှေကားထစ်ပါတဲ့ အတွက် စာအုပ်ငှားသူများ အလွယ်တကူ တက်ရောက်နိုင်ပါတယ်။ စာအုပ် ငှားစာရင်း ရေးသွင်းတဲ့စနစ်က လည်း ကွန်ပျူတာစနစ်ဖြစ်တဲ့အ တွက် လျင်မြန်ပါတယ်။
စာကြည့်တိုက်မော်တော် ကား တံခါးဖွင့်ပြီးတာနဲ့ တစ်ပြိုင် နက် စာအုပ်ငှားရမ်းသူတွေ တိုး ဝှေ့ပြီးတက်သွားကြပါတယ်။ စာ အုပ်အသစ်တွေကို စိတ်ဝင်စား တာဖြစ်သလို စာကြည့်တိုက်ကား ကြီးကို စူးစမ်းလိုတာကြောင့် လည်း ဖြစ်ပါလိမ့်မယ်။ အော်ပ ရေးရှင်းမန်နေဂျာကတော့ လှိုင် သာယာဖြစ်တဲ့အတွက် စာအုပ် ပြန်မအပ်မှာကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားလာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စာကြည့် တိုက်အသင်းဝင်တွေကလည်း အာမခံကြောင်း ပြန်လည်ပြော ကြားခဲ့ပါတယ်။ သူပြောလည်း ပြောစရာပါ။ စာအုပ်ငှားသူတွေ က အလွှာစုံပါတယ်။ ပညာတတ် တွေ၊ ကျောင်းသားတွေ၊ ဈေး သည်တွေ၊ လက်လုပ်လက်စား တွေ ပါဝင်ပါတယ်။
လူတစ်ဦးက စာအုပ်နှစ်အုပ် ကို ကိုင်ပြီး စာကြည့်တိုက်မှူးရဲ့ ရှေ့ကိုရောက်တဲ့အခါမှာ စာ ကြည့်တိုက်မှူးက ထိုသူရဲ့ကိုယ် ရေးအချက်အလက်တွေကို မေးပါ တယ်။ အလုပ်အကိုင်ကိုမေးတဲ့ အခါ ဆိုက်ကားနင်းတယ်လို့ ပြတ်ပြတ်သားသား ဖြေပါတယ်။ တခြားသူတွေတော့ မသိပါဘူး။ ကျွန်တော့်စိတ်ထဲမှာတော့ ကြည်နူးမိပါတယ်။ ဆိုက်ကားသမား ဆိုက်ကားနင်းရတာ ရှက်စရာမဟုတ်ပါဘူး။ ဖရဲသီးသည် ဖရဲသီး ဗန်းရွက်ရတာ ရှက်စရာမဟုတ်ပါဘူး။ ပန်းရန်လုပ်တဲ့သူ အုတ်သယ်ရတာလည်း ရှက်စရာမဟုတ်ပါဘူး။ စည်းစိမ်ချမ်းသာအပြည့်အ၀ရှိပြီး စာကြည့်တိုက်ကိုလာဖို့ စိတ်မ၀င် စားသူ၊ စာမဖတ်တဲ့သူကသာ ရှက်စရာကောင်းတာပါ။
ရွေ့လျားစာကြည့်တိုက် လာ ရောက်စဉ် နှစ်နာရီခန့်အတွင်း စာ အုပ်ငှားသူအယောက် ၈၀ ခန့်ရှိ ပြီး စာအုပ် ၁၅၀ လောက်ငှားရမ်း လိုက်ရတဲ့အတွက် ကျေနပ်မိပါ တယ်။ အထူးသဖြင့် ကျောင်းဆင်း လာတဲ့ ကလေးတွေပါ မော်တော် ကားပေါ် အလုအယက်တက်ကာ စာအုပ်ငှားကြတာ ပီတိဖြစ်စရာ ကောင်းပါတယ်။
မြန်မာပြည်သားကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဟောင်း ဦးသန့်က ‘စာဖတ်သော လူမျိုးသည်တိုးတက်၍ တိုးတက် သော လူမျိုးသည် စာဖတ်ကြလေ သည်’လို့ ဆိုခဲ့ပါတယ်။ အထူးသ ဖြင့် လူငယ်လူရွယ်တွေနဲ့ ကလေး တွေအတွက် စာဖတ်ခြင်းဟာ အ ကျိုးများစွာ ရရှိစေပါတယ်။ စာ ဖတ်ခြင်းဟာ ကလေးငယ်များအ တွက် ဦးနှောက်လေ့ကျင့်ခန်းတစ် ခုပါ။ အာရုံစူးစိုက်မှုကို အား ကောင်းစေပါတယ်။ တီထွင်နိုင်မှု တိုးတက်စေပါတယ်။ ဘာသာ စကားနဲ့ စကားလုံးတွေ ကြွယ်ဝ စေပါတယ်။ စာအရေးအသားတိုး တက်စေပါတယ်။ လူကြီးတွေအ တွက်ကတော့ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး နေထိုင်ကောင်းစေ ပါတယ်။ တခြားလူတွေနဲ့ မျှဝေခံ စားနိုင်စွမ်းလည်း တိုးတက်လာစေ ပါတယ်။ စာအုပ်တွေဟာ တွေး တောစဉ်းစားဖို့ မေးခွန်းတွေကိုပို ပြီး လှုံ့ဆော်လာစေပါတယ်။
စာဖတ်တဲ့ ကလေးဟာ ဗဟု သုတကြွယ်ဝတဲ့အတွက် အမှားနဲ့ အမှန်ကိုခွဲခြားသိမြင်နိုင်ပါတယ်။ ရပ်ကွက်ထဲမှာ ကော်ရှူပြီးမူးနေ တဲ့ ကလေးကို အားကျပြီး ကော် ပေတံကို ဖယောင်းတိုင်မီးနဲ့ တို့ ကာ ညှော်နံ့ကိုရှူတဲ့ ကလေးတ ချို့ရှိပါတယ်။ မူးယစ်ဆေးဝါး အန္တ ရာယ်ကြီးမားကြောင်း ဆရာတွေ က သွန်သင်ဆုံးမသော်လည်း မူး ယစ်ဆေးဝါး ဗဟုသုတမရှိတဲ့အ ခါ ကော်ပေတံမီးရှို့ပြီး ရှူရကောင်းနိုးတွေ ဖြစ်လာပါတယ်။ စာများ များမဖတ်တဲ့အခါ ဦးနှောက်ဖွံ့ဖြိုး မှု နည်းလာပြီး ဆင်ခြင်တုံတရား လည်း လျော့နည်းလာပါတယ်။ ဆင်းရဲတွင်းနက်လာတဲ့အခါ စိတ် ဖိစီးမှုများလာပြီး မပြုသင့်တဲ့အမှု၊ မလုပ်အပ်တဲ့အရာတွေကို ဒေါသ ရှေ့ထားလုပ်ကိုင်လာကြပါတယ်။ ဒီအကျိုးဆက်ကြောင့် နေ့စဉ်သ တင်းစာတွေမှာ ဖတ်ရှုနေရတဲ့ မူး ယစ်ဆေးသုံးစွဲမှု၊ လူသတ်မှု၊ လု ယက်မှု၊ မုဒိမ်းမှုတွေ ဖြစ်ပေါ်လာ ရခြင်း ဖြစ်ပါတယ်။
နောက်တစ်ချက်က ပညာ တတ်တွေနဲ့ စီးပွားဥစ္စာကုံလုံကြွယ် ၀သူတွေအတွက်ကော စာဖတ် စရာလိုသလားဆိုတဲ့အချက်ပါ။ တစ်ခါက စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဟာ ကံကြမ္မာရဲ့ ဖေးမမှု ကြောင့် လွှတ်တော်အမတ်အဖြစ် အရွေးချယ်ခံရပါတယ်။ သူဟာ မြန်မာ့နိုင်ငံရေးသမိုင်းကိုလည်း ယေဘုယျသဘောလောက်ပဲ သိပါ တယ်။
 ကမ္ဘာ့နိုင်ငံရေးဆိုရင် တော့ ဝေးရောပေါ့။ သူအမတ်ဖြစ်ခါစမှာ ကျွန်တော့်ကို လွှတ်တော် တက်ဖို့ ဘာတွေကြိုတင်ပြင်ဆင် ထားရမလဲ မေးပါတယ်။ ကျွန်တော်က ပါလီမန်ခေတ်လွှတ်တော် အမတ်ကြီး ၀ိဓူရသခင်ချစ်မောင် အကြောင်း သတိရပြီး ရသစာပေတွေလည်း ဖတ်ထားဖို့လိုကြောင်း၊ ကိုးကားလို့ရကြောင်း ပြောမိပါတယ်။ သူပြန်ပြောတဲ့ စကားကတော့ ‘‘အလုပ်ထဲမှာ စာဖတ်ရတဲ့အလုပ် ကျွန်တော်အပျင်းဆုံးပဲ’’လို့ ဖြစ်ပါတော့တယ်။ စာဖတ်ရမှာ ပျင်းတဲ့အမတ်တချို့နဲ့ တိုင်းပြည်ကိုတည်ဆောက်ခဲ့တာ ငါးနှစ်ကြာခဲ့ပါပြီ။ လွှတ်တော်အမတ်မှ မဟုတ်ပါဘူး။ စီးပွားရေး သမားပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်ပဲဖြစ်ဖြစ် စာမဖတ်ရင်တော့ ပိုက်ဆံက လွဲပြီးဘာမှမရှိတဲ့ လူတစ်ယောက် ဖြစ်နေမှာ အသေအချာပါပဲ။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း  ရဲ့ ရွေ့လျားစာကြည့်တိုက်မော် တော်ကားဟာ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းမှ ရပ်ကွက်စာကြည့် တိုက်များ၊ ကျောင်းစာကြည့်တိုက် များသို့ အလှည့်ကျစနစ်ဖြင့် သွား ရောက်ကူညီပေးနေပါတယ်။ စာ အုပ်စာတမ်းမပြည့်စုံတဲ့ စာကြည့် တိုက်များအတွက် အဆင်ပြေသ လို စာကြည့်တိုက်မှာ စာအုပ်ဖတ် ရှုရမှန်း မသိသေးတဲ့သူတွေ အ တွက်လည်း လှုံ့ဆော်မှုတစ်ရပ်ဖြစ် စေပါတယ်။ စာဖတ်မှ လူမျိုးတိုး တက်ပြီး လူမျိုးတိုးတက်မှ တိုင်း ပြည်ဖွံ့ဖြိုးမှာဖြစ်တဲ့အတွက် စာဖတ်ခြင်းဖြင့် မိမိကိုယ်ကိုယ် ငြိမ်းချမ်းစေကာ လူအဖွဲ့အစည်းတစ်ရပ်လုံး ငြိမ်းချမ်းဖို့အတွက် အားလုံးစာဖတ်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။။

http://www.7daydaily.com/story/74460

No comments: