Wednesday, September 21, 2016

ရန်ကုန်-ဒလ တံတား စီမံကိန်း ငါးနှစ်အတွင်း အပြီး တည်ဆောက်မည်ဟုဆို

ရန်ကုန်-ဒလ တံတား စီမံကိန်း ငါးနှစ်အတွင်း အပြီး တည်ဆောက်မည်ဟုဆို
Wednesday, September 21, 2016
 
ဦးသိန်းစိန် အစိုးရ လက်ထက်တွင် စတင် အကောင်အထည် ဖော်ခဲ့သော ရန်ကုန်- ဒလ မြစ်ကူး တံတား စီမံကိန်းကို ၅ နှစ်အတွင်း ပြီးစီးရန် ဆက်လက် လုပ်ဆောင်နေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
...
စက်တင်ဘာလ ၂ဝ က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒလ မဲဆန္ဒနယ်မှ ဒေါက်တာ စိန်မြအေးက ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် JICA တို့ပူးပေါင်းရေးဆွဲနေသော တံတား စီမံကိန်းရပ်ဆိုင်းရပါက အခြားနေရာတွင် ဒလ- ရန်ကုန်တံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းမှုကို ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
တံတားတည်ဆောက်ရန် လမ်းအူကြောင်း (၃) ခုအနက် ရန်ကုန်ဘက်တွင် လမ်းမတော်မြို့နယ်ရှိ ဘုန်းကြီးလမ်းနှင့် ဒလဘက်ကမ်းတွင် ဒလမြို့နယ်၊ ကမာကဆစ် ရပ်ကွက်ရှိ ဗိုလ်မင်းရောင် လမ်းကို ဆက်သွယ်ထားသည့် လမ်းအူကြောင်းသည် ထိခိုက်မှု အနည်းဆုံး ဖြစ်သောကြောင့် ရွေးချယ်ထားပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။
ရန်ကုန်-ဒလ တံတား စီမံကိန်းကို ၂ဝ၂ဝ-၂၁ ဘဏ္ဍာနှစ်တွင် ပြီးစီးရန် စီစဉ် ရေးဆွဲထားခြင်း ဖြစ်ပြီး တံတား တည်ဆောက်စဉ် ကာလအတွင်း ယာဉ်ကြော ကျပ်တည်းမှု အနည်းဆုံး ဖြစ်စေရေးအတွက် ကိုရီးယား အတိုင်ပင်ခံ ကုမ္ပဏီနှင့် Traffic Management ကို အသေးစိတ် တွက်ချက် စီစဉ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းတံတားမှ လွဲ၍ အခြားနေရာတွင် ဒလ-ရန်ကုန် တံတား သို့မဟုတ် မြစ်ဖြတ် လိုဏ်ခေါင်း တည်ဆောက် စီစဉ်ထားမှု မရှိကြောင်း ၎င်းက ထပ်လောင်း ပြောသည်။
ယင်းတံတား စီမံကိန်းကို ၂ဝ၂ဝ-၂ဝ၂၁ တွင် အပြီး တည်ဆောက်ရန် ယခင် အစိုးရ လက်ထက်မှ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ၂ဝ၁၃ ခုနှစ်တွင် ပြောကြားထားခဲ့ပြီး ဖြစ်သည်။
The Voice

No comments: