Friday, September 30, 2016

ဒေါ်အောင်ဆန်းစုကြည် အောက်တိုဘာလလယ်တွင် အိန္ဒိယသို့ သွားမည်

ဒေါ်အောင်ဆန်းစုကြည် အောက်တိုဘာလလယ်တွင် အိန္ဒိယသို့ သွားမည်
Friday, September 30, 2016
 
နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် အောက်တိုဘာတွင် အိန္ဒိယနိုင်ငံ၌ ပြုလုပ်မည့် BRICS ညီလာခံသို့ တက်ရောက်မည်ဖြစ် ပြီး ဂျပန်နိုင်ငံသို့ သွားရောက် လည်ပတ်ရန် ညှိနှိုင်းမှုများ ပြု လုပ်နေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောသည်။
...
အိန္ဒိယနိုင်ငံတွင်ပြုလုပ်မည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက နိုင်ငံများပါဝင် သော အဓိကထွန်းသစ်စ စီးပွား ရေးနိုင်ငံများအဖွဲ့ (BRICS)ညီ လာခံသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေ ယျက ပြောကြားသည်။
‘‘ထိပ်သီးအစည်းအဝေး တက်ဖို့ တစ်နိုင်ငံရှိပါတယ်။ အိန္ဒိ ယပါ။ နောက်တစ်ခါကျ နှစ်နိုင်ငံ အပြန်အလှန် လည်ပတ်မှုကဂျပန် ပေါ့။ ဂျပန်က ကနဦးအဆင့်ပဲရှိ ပါသေးတယ်။ အိန္ဒိယကတော့ အောက်တိုဘာလလယ်မှာလုပ်ဖို့ ပြောထားတာပေါ့’’ဟု ဦးကျော်ဇေယျက 7Day Daily အား ပြော သည်။
လာအိုနိုင်ငံ ဗီယန်ကျန်းမြို့ တွင် ပြုလုပ်သည့် အာဆီယံထိပ် သီးအစည်းအဝေးသို့ တက် ရောက်ပြီး နှစ်နိုင်ငံခေါင်းဆောင် များတွေ့ဆုံစဉ် ဂျပန်နိုင်ငံဝန်ကြီး ချုပ်က ဒေါ်အောင်ဆန်းစုကြည် အား ဂျပန်နိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်ထားသော ကြောင့် သွားရောက်လည်ပတ် ရန် နှစ်ဖက်ညှိနှိုင်းမှုများ ပြုလုပ် နေကြောင်း သတင်းရရှိသည်။
စက်တင်ဘာအတွင်း ဗြိတိန် နှင့် အမေရိကန်သို့ ၁၅ ရက်ကြာ ခရီးသွားရောက်ခဲ့သော နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၂၅ ရက်က ရန်ကုန် မြို့သို့ ပြန်လည်ရောက်ရှိလာ သည်။ ခရီးစဉ်ရက်ရှည်ဖြစ်သော ကြောင့် ခရီးပန်းခြင်း၊ အစာစား ချိန်မမှန်၍ အစာအိမ်ဝေဒနာ ခံစားနေရခြင်းနှင့် ကွန်ပျူတာ အသုံးပြုချိန်များ၍ အရိုးကျီးပေါင်းတက်ခြင်း ဝေဒနာ ခံစားခဲ့ရသည်။
ရန်ကုန်မြို့နေအိမ်တွင် သုံးရက်ကြာ အနားယူပြီး စက်တင်ဘာ ၂၉ ရက်ညနေ၌ နေပြည်တော်သို့ ထွက်ခွာသွားခဲ့သည်။
7Day
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဖြိုးမင်းသိန်းတို့ စကားပြောဆိုနေစဉ်(ဓာတ်ပုံ − ဖြိုးမင်းသိန်းဖေ့စ်ဘွတ်ခ်)

No comments: