Saturday, September 3, 2016

'ဝ' အထူးဒေသ(၂) ဥက္ကဋ္ဌ ဦးပေါက်ယူချန်းထံ နားလည်ပေးနိုင်ပါရန် ငြိမ်းချမ်းရေးကော်မရှင် မေတ္တာရပ်ခံစာ ပေးပို့

'ဝ' အထူးဒေသ(၂) ဥက္ကဋ္ဌ ဦးပေါက်ယူချန်းထံ နားလည်ပေးနိုင်ပါရန် ငြိမ်းချမ်းရေးကော်မရှင် မေတ္တာရပ်ခံစာ ပေးပို့
+++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ စက်တင်ဘာ ၎
...
ငြိမ်း ချမ်းရေးကော်မရှင်က'ဝ'အထူးဒေသ(၂)ဥက္ကဋ္ဌဦးပေါက်ယူချန်းထံနား လည်ပေးနိုင်ပါရန်မေတ္တာရပ်ခံစာပေးပို့လိုက်ကြောင်းသိရသည်။ ယင်းသို့ မေတ္တာရပ်ခံချက်ပေးပို့ခဲ့ခြင်းနှင့်ပတ်သက်ပြီး ပြန်လည်အကြောင်းပြန် ကြားခြင်းမရှိသေး ကြောင်း စက်တင်ဘာ၂ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ(၂၁)ရာစုပင်လုံတတိယ နေ့အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်အတိုင် ပင်ခံရုံးဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောကြားခဲ့သည်။
''ငြိမ်းချမ်းရေး ကော်မရှင်က 'ဝ'အထူးဒေသ(၂)ဥက္ကဋ္ဌဦးပေါက် ယူချန်းထံမေတ္တာရပ်ခံစာပေးပို့တာမှန်ပါတယ်။ ပြန်ကြားချက်တော့ အခုအချိန်ထိ မရသေးပါဘူး''ဟု ဦးဇော်ဌေးကပြောသည်။ 'ဝ'အထူးဒေသ(၂)မှကိုယ်စား လှယ်များအနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံဖွင့်ပွဲအပြီး ဒုတိယနေ့အစည်း အဝေးသို့ နံနက်ပိုင်းကတက်ရောက်လာစဉ် နားလည်မှုလွဲမှားကာ ပြန်လည်ထွက်ခွာသွားသည်နှင့်ပတ်သက် ပြီး ငြိမ်းချမ်းရေးကော်မရှင်က စက်တင်ဘာ ၁ ရက် ရက်စွဲဖြင့် ယင်းကဲ့သို့ မေတ္တာရပ်ခံခြင်း အကြောင်းကြားစာကို ပေးပို့လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းမေတ္တာရပ်ခံပေးပို့စာတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံ-(၂၁)ရာစုပင်လုံဖွင့်ပွဲအခမ်းအနားနှင့် ညီလာခံအထိမ်းအမှတ်ဂုဏ်ပြု ညစာစားပွဲအခမ်းအနားသို့'ဝ'အထူး ဒေသ(၂)မှကိုယ်စားလှယ်အဖွဲ့ တက် ရောက်ခဲ့သည့်အတွက်များစွာ ဝမ်း မြောက်မိပါသည်ဟု ဦးစွာပါရှိသည်။
ညီလာခံတက်ရောက်လာကြသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို နိုင်ငံတော်ကတန်းတူညီတူသဘောထားပါကြောင်းနှင့် ညီလာခံအတွင်း စီမံခန့်ခွဲမှုအားနည်းချက်အချို့ကြောင့် အဆင်မပြေဖြစ် ခဲ့ရမှုများရှိခဲ့သည်ကိုနားလည်ပေးနိုင်ပါရန် ငြိမ်းချမ်း ရေးကော်မရှင်ကိုယ်စားမေတ္တာရပ်ခံအပ်ပါသည်ဟုပါရှိကာ ငြိမ်းချမ်း ရေးကော်မရှင်ဒုတိယဥက္ကဋ္ဌဦးသိန်း ဇော်ကလက်မှတ်ရေးထိုးပြီးပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စက်တင်ဘာ ၁ ရက်တွင် ကျင်းပသည့် (၂၁) ရာစုပင်လုံဒုတိယနေ့ အစည်းအဝေးကျင်းပစဉ် 'ဝ' အထူး ဒေသ(၂)မှကိုယ်စားလှယ်များ ညီလာခံမှပြန်လည်ထွက်ခွာသွားခဲ့ပြီး ယင်းသို့ ထွက်ခွာသွားမှုသည်နားလည်မှုလွဲမှားကာ ပြန်လည်ထွက်ခွာသွားခြင်း ဖြစ်ကြောင်းနှင့် အမျိုးသားသင့်မြတ် ရေးကိုမထိခိုက်အောင်ဆောင်ရွက်သွားရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ထားကြောင်း စက်တင် ဘာ ၂ ရက် ညီလာခံအပြီး သတင်း စာရှင်းလင်းပွဲတွင် တာဝန်ရှိသူများ ကပြောကြားထားသည်။
MP

1 comment:

Blogger said...

Did you know that you can shorten your long links with Shortest and earn cash for every click on your shortened links.