Thursday, September 1, 2016

တန်းတူညီမျှမရှိသည့်အတွက် ‘၀’ကိုယ်စားလှယ်များ ၂၁ ရာစုပင်လုံညီလာခံမှ ထွက်ခွာ

တန်းတူညီမျှမရှိသည့်အတွက် ‘၀’ကိုယ်စားလှယ်များ ၂၁ ရာစုပင်လုံညီလာခံမှ ထွက်ခွာ

Thursday, September 1, 2016
 
ဖိတ်ကြားခံသူရသူတွေကြားမှာ တန်းတူညီမျမှုမရှိတဲ့အတွက် UWSA ‘၀’ကိုယ်စားလှယ်တွေ စက်တင်ဘာ ၁ ရက်နေ့က ၂၁ ရာစုပင်လုံညီလာခံကနေ ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။
...
၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်လာတဲ့ UWSA ‘၀’ ပြည်နယ်သွေးစည်း ညီညွတ်ရေးတပ်မတော်က ဆက်ဆံရေးအဖွဲ့ဟာ ဒုတိယနေ့အစည်းအဝေးကို တက်ရောက်ခြင်း မပြုဘဲ ပြန်သွားပြီဖြစ်ပါတယ်။
သူတို့အနေနဲ့ ပြန်မယ့်အကြောင်းကို ညီလာခံကျင်းပရေးကော်မတီကို အသိပေးပြီး ပြန်သွားကြတာ ဖြစ်ပါတယ်။
သူတို့ကို လေ့လာသူအဖြစ်သာ တက်ခွင့်ပြုခဲ့တဲ့အပေါ် တန်းတူညီမျမှု မရှိဘူးလို့ UWSA ‘၀’ ကိုယ်စားလှယ်အဖြစ် တက်ရောက်လာသူတဦး က ဒီဗွီဘီကို ပြောပါတယ်။
DVB

No comments: