Friday, September 9, 2016

နိုင်ငံခြားသားများ ပြည်ဝင်ခွင့်ဗီဇာ ဖြေလျှော့ပေးနိုင်ရန် နိုင်ငံခြားရေးရာမူဝါဒ ကော်မတီသို့ တင်ပြထားဟုဆို

နိုင်ငံခြားသားများ ပြည်ဝင်ခွင့်ဗီဇာ ဖြေလျှော့ပေးနိုင်ရန် နိုင်ငံခြားရေးရာမူဝါဒ ကော်မတီသို့ တင်ပြထားဟုဆို
Thursday, September 8, 2016
 
မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများ ပြည်ဝင်ခွင့်ဗီဇာ ဖြေလျှော့ ပေးနိုင်ရန် နိုင်ငံခြားရေးရာမူဝါဒ ကော်မတီသို့ တင်ပြထားကြောင်း အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
...
ပြည်ဝင်ခွင့်ဗီဇာ ဖြေလျှော့မှုများတွင် ဗီဇာကြေးပြင်ဆင် သတ်မှတ်ခြင်း၊ နေခွင့် ကာလတိုးမြှင့်ခြင်း၊ ဗီဇာ လျှောက်ထားရာတွင် လိုအပ်သည့် သတ်မှတ် ချက်များ ဖြေလျှော့ခြင်းများပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
ယင်းတို့အပြင် ပြည်ဝင်ခွင့်ဗီဇာ ခြောက်မျိုးဖြစ်သည့် လုပ်ငန်းဗီဇာ၊လူမှုရေး ဗီဇာ၊ သာသနာရေးဗီဇာ၊ နိုင်ငံတကာ အဖွဲ့အစည်းများဗီဇာ၊ ပညာရေးဗီဇာနှင့် ယာဉ်အမှုအထမ်းဗီဇာတို့ကို အကြိမ်ကြိမ် ပြည်ဝင်ခွင့် ရရှိရေးအတွက်ကို နိုင်ငံခြားရေးရာမူဝါဒ ကော်မတီသို့ တင်ပြထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။
ဗီဇာကြေးကို နိုင်ငံတကာ သတ်မှတ်ချက်များနှင့် ဖြစ်သင့်သည်ကနှုန်း တစ်ခု ကို ပြင်ဆင်မည်ဖြစ်ပြီး နေခွင့်ကာလနှင့် ပတ်သက်၍ တစ်နှစ်တစ်ကြိမ် သက် တမ်း တိုးခွင့် ရရှိနိုင်ရန် ဆောင်ရွက်ပေးလျှက်သည့်အပြင် ဗီဇာလျှောက်ထား ရာလည်း မလိုအပ်ဘဲ တောင်းယူနေသည့် အထောက်အထား သတ်မှတ်ချက် များ ကို ဆက်လက်မထားရှိတော့ဘဲ ပယ်ဖျက်သွားမည်ဟု ဆိုသည်။
ယင်းသို့ ပြင်ဆင်ဖြေလျှော့မှုများ ပြုလုပ်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်များ၊ ပြည်ပရှိမြန်မာသံရုံးများနှင့် နိုင်ငံခြားသံရုံးများမှ အကြီးအကဲများကလည်း အကြံပြုခဲ့ခြင်းဖြစ်ပြီး ဖြေလျှော့မှုများကို နိုင်ငံခြား ရေးရာမူဝါဒ ကော်မတီမှ ခွင့်ပြုချက်ရရှိသည့် အချိန်မှစတင်ကာ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝသန်
The Ladies News

No comments: