Saturday, September 17, 2016

လွိုင်ကော် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အအုံ အရည်အသွေးညံ့ဖျင်းမှုအပေါ် ကျောင်းသားသမဂ္ဂ ဆန္ဒပြ

လွိုင်ကော် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အအုံ အရည်အသွေးညံ့ဖျင်းမှုအပေါ် ကျောင်းသားသမဂ္ဂ ဆန္ဒပြ

Saturday, September 17, 2016
 
လွိုင်ကော် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဟာ သိန်းပေါင်း တစ်ထောင်ကျော် အကုန်အကျခံ ဆောက်လုပ်ခဲ့ပေမဲ့ အရည်အသွေး ညံ့ဖျင်းပြီး အဆောက်အအုံမှာ ပျက်စီးမှု အချို့ဖြစ်ပေါ်ခဲ့တာကြောင့် ပြန်လည်စိစစ်ပေးဖို့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ၃၀ လောက်ဟာ ကျောင်းဝင်းထဲမှာ ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
...
လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကို ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ပြည်နယ်အစိုးရ ဘတ်ဂျက်ကနေ ဆောက်လုပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဖွင့်လှစ်ခဲ့ပေမဲ့ နံရံကွဲအက်မှုတွေနဲ့ အောက်ခြေလှေခါး အုတ်ခံ အပါအ၀င် ပျက်စီးနေမှုတွေ တော်တော်များများ ရှိလာတာကြောင့် စိစစ်ပေးဖို့ ဆန္ဒပြရတာလို့ ဆန္ဒပြကျောင်းသားတွေက ဆိုပါတယ်။
ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ထားမှုအပေါ် ပြန်လည်စိစစ်ပေးရန် ရှိ မရှိဆိုတာနဲ့ ပတ်သက်လို့ လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စည်သူက လွှတ်တော်မှာ မေးမြန်းခဲ့ပေမဲ့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဲဒီခန်းမဟာ အရည်အသွေးပြည့်မီတယ်လို့ ဖြေကြားခဲ့ကြောင်း သတင်းမီဒီယာအချို့မှာ ဖော်ပြထားပါတယ်။
Photo - ရန်ဝင်းစိုး ဖေ့ဘုတ်
The Ladies News

No comments: