Wednesday, September 21, 2016

နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) မှ မြန်မာ ပြည်တွင်းစီးပွားရေးလုပ်ငန်းများတွင် ၂ ဆတိုး ရင်းနှီးမြှပ်နှံသွားမည်ဟု ဆို

နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) မှ မြန်မာ ပြည်တွင်းစီးပွားရေးလုပ်ငန်းများတွင် ၂ ဆတိုး ရင်းနှီးမြှပ်နှံသွားမည်ဟု ဆို
-
21 September 2016
------------
ကမ္ဘာ့ဘဏ်၏ ပုဂ္ဂလိက ငွေချေးလုပ်ငန်းဖြစ်သော နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) သည် မြန်မာနိုင်ငံအတွင်း လက်ရှိ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၈၆ သန်းခန့်ရှိရာမှ ၂၀၁၆ နှစ်ကုန်တွင် ဒေါ်လာ သန်း ၆၀၀ အထိ တိုးမြှင့်သွားရန် စီစဉ်ထားသည်ဟု IFC ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ ၀ီကရစ်ကူမာက ပြောကြားသည်။
...
မြန်မာပုဂ္ဂလိက ကဏ္ဍတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်သော IFC သည် ၂၀၁၇ ဇွန်တွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကို ဒေါ်လာ သန်း ၈၀၀ အထိ မြှင့်တင်သွားမည်ဟု ဆိုသည်။ အစိုးရပုဂ္ဂလိက ဖက်စပ်နှင့် ပုဂ္ဂလိက သီးသန့်ကဏ္ဍနှစ်မျိုးလုံးတွင် ဘဏ္ဍာရေးထောက်ပံ့မှု ပေးနေသည့် IFC သည် စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေး ကဲ့သို့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးကို အဓိက ဦးစားပေး ထောက်ပံ့လျက်ရှိသည်။
မြင်းခြံမြို့နယ်၌ Sembcorp နှင့် MMID တို့က တည်ဆောက်မည့် ၂၂၅ မဂ္ဂါဝပ်စွမ်းအားရှိ ဒေါ်လာ ၃၀၄ သန်းတန် ဂက်စ်တာဘိုင် စွမ်းအင်စက်ရုံစီမံကိန်းအတွက် IFC က အောက်တိုဘာတွင် ဒေါ်လာ သန်း ၄၀ ချေးပေးရန် စီစဉ်ထားသည်။ IFC က ထောက်ပံ့မှုများ ပြုလုပ်လျက်ရှိသည့် အခြားကဏ္ဍတစ်ခုမှာ စိုက်ပျိုးမွေးမြူရေး ကဏ္ဍ ဖြစ်ပြီး ဖြန့်ဖြူးရေး၊ သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရေးများ တိုးတက်ကောင်းမွန်စေရန် ထောက်ပံ့လျက်ရှိသည်။
မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်လျက်ရှိပြီး အခြေခံ အဆောက်အအုံကဏ္ဍအတွက် ပုဂ္ဂလိက အရင်းအနှီးများ အသုံးပြုခြင်းက အထောက်အကူ ဖြစ်စေသေည်ဟု မစ္စကူမာက ဆိုသည်။ အစိုးရအတွက် ကျန်းမာရေးနှင့် ပညာရေးကဲ့သို့ ကဏ္ဍများက ဦးစားပေးဖြစ်နေသဖြင့် ထိုသို့ အခြေခံအဆောက်အအုံများ တည်ဆောက်ထိန်းသိမ်းရေးမှာ ပြသ၁နာတစ်ရပ် ဖြစ်လျက်ရှိသည်ဟု မစ္စတာကူမာက ဆိုသည်။
ယင်းက “ဈေးသက်သာတဲ့ စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေး မရှိဘဲ စီးပွားရေးက ဘယ်တော့မှ ယှဉ်ပြိုင်နိုင်စွမ်းရှိလာမှာ မဟုတ်ပါဘူး ” ဟု ဆိုသည်။
IFC သည် ပုဂ္ဂလိကကဏ္ဍတွင် ချေးငွေနှင့် ရှယ်ယာပုံစံ နှစ်မျိုးလုံးဖြင့် ထောက်ပံ့လျက်ရှိသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိ စည်းမျဉ်းများအရ ပြည်တွင်း ကုမ္ပဏီများအား ရှယ်ယာဝင်သည့်ပုံစံဖြင့် တိုက်ရိုက် ထောက်ပံ့ရန်မှာ ရှုပ်ထွေးခက်ခဲမှုများ ရှိနေသည်။ IFC က ရှယ်ယာအဖြစ် ထောက်ပံ့ရန် အဆိုပြုထားသည့် လုပ်ငန်းများတွင် Irrawaddy Green Tower ကုမ္ပဏီအား ဒေါ်လာ သန်း ၃၀ ထောက်ပံ့ရန် ၊ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ Oway အား ဒေါ်လာ သုံးသန်းထောက်ပံ့ရန်နှင့် Yoma ကုမ္ပဏီ၏ ဒေါ်လာ သန်း ၆၆၀ တန် အဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်းတွင် ရှယ်ယာ ၅ ရာခိုင်နှုန်း ထည့်ဝင်ရန်တို့ ပါဝင်သည်။
IFC ၏ ရင်းနှီးမြှုပ်နှံမှု အများစုမှာ ချေးငွေပုံစံဖြင့်ဖြစ်ပြီး မကြာမီက အဆိုပြုထားသည့် ရင်းနှီးမြှုပ်နှံမှုများတွင် မွေးမြူရေးလုပ်ငန်း Bel Ga Myanmar အား ဒေါ်လာ ၆.၅ သန်းနှင့် Amata Hotel Group အား ဒေါ်လာ ၁၃.၅ သန်း ထုတ်ချေးရန်တို့ ပါဝင်သည်။
KHTun
The Ladies News

No comments: