Saturday, September 3, 2016

ညီလာခံနောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲများတွင် NCA လက်မှတ်ထိုးထားသည့် အဖွဲ့များသာ ပါဝင်ခွင့်ရမည်

ညီလာခံနောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲများတွင် NCA လက်မှတ်ထိုးထားသည့် အဖွဲ့များသာ ပါဝင်ခွင့်ရမည်
Saturday, September 3, 2016
 
၂၁ ရာစုပင်လုံညီ လာခံ ပထမအကြိမ်အစည်းအ ဝေးအပြီး ဆက်လက်ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲများအပါအ ၀င် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များသာ ပါဝင်ခွင့်ရရှိ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံပထမအ ကြိမ်အစည်းအဝေးကို သြဂုတ် ၃၁ ရက်ကစ၍ နေပြည်တော်တွင် ကျင်းပလျက်ရှိသည်။ စက်တင် ဘာ ၃ ရက်အထိ ကျင်းပမည့် ပထမအကြိမ်အစည်းအဝေးတွင် အစုအဖွဲ့ ခုနစ်ဖွဲ့မှ တက်ရောက် သူ ၇၆ ဦးက သဘောထားအမြင် များ တင်သွင်းမည်ဖြစ်သည်။
သို့သော် ပင်လုံပထမအ ကြိမ်အစည်းအဝေးတွင် ဆုံးဖြတ် ချက်များ ချမှတ်မည်မဟုတ်ဘဲ မှတ်တမ်းအဖြစ် စုစည်း၍ အစည်း အဝေးအပြီး ဆက်လက်ပြုလုပ် မည့် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပင်လုံဒုတိယ အကြိမ်အစည်းအဝေး၌ ဆွေးနွေး ပြီး ဆုံးဖြတ်ချက်ချမှတ်မည်ဖြစ် သည်။
တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များအနေဖြင့် နောင် လာမည့် နိုင်ငံရေးဆွေးနွေးပွဲများ တွင် ပါဝင်နိုင်ရန် NCA ကို လက် မှတ်ရေးထိုးရန် လိုအပ်ကြောင်း ပင်လုံညီလာခံကျင်းပရေး ပူးတွဲ ကော်မတီ ပြောရေးဆိုခွင့်ရှိသူ များက ပြောကြားသည်။
‘‘NCA လက်မှတ်ရေးထိုးဖို့ အတွက် ဒီဖြစ်စဉ်အတွက် လုံးဝ လိုအပ်ပါတယ်။ NCA လက်မှတ် ရေးထိုးမှသာ သူတို့အနေနဲ့ လုပ် ငန်းကော်မတီတွေမှာ ပါဝင်နိုင်မှာ ဖြစ်တယ်။ NCA လက်မှတ်ရေးထိုး မှသာ UPDJC မှာ အဖွဲ့ဝင်အဖြစ် နဲ့ ပါနိုင်မှာဖြစ်တယ်။ NCA လက် မှတ်ရေးထိုးထားတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း တွေပဲ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေး ခွင့်ပေးမှာဖြစ်တယ်’’ဟု ကျင်းပ ရေးကော်မတီဝင် ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်းက ပြောသည်။
ဆက်လက်၍ ‘‘အမျိုးသားအ ဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေလုပ် တော့မယ်ဆိုရင် ကျွန်တော်တို့အ နေနဲ့ သတ်မှတ်ထားတဲ့အစုအဖွဲ့ တွေထဲမှာ ကျွန်တော်တို့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း တွေအနေနဲ့ NCA လက်မှတ်ရေး ထိုးခြင်းမရှိဘဲနဲ့ အဲဒီမှာ ပါဝင် ဆွေးနွေးပြီးတော့ တိုင်ပင်တာ။ ကျွန်တော်တို့အနေနဲ့ တစ် ယောက်မှ လက်ခံလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီငြိမ်းချမ်း ရေးဖြစ်စဉ်အားလုံးက NCA အ ပေါ် မူတည်ပြီးတော့ သွားတာဖြစ် တယ်။ ကျွန်တော်တို့ သတ်မှတ် ထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံ ခုနစ်ဆင့်ထဲမှာ နံပါတ်(၁)က NCA ဖြစ်ပါတယ်။ နံပါတ်(၁)အ ဆင့် မကျော်ဘဲနဲ့ မူဘောင်မှာပါ ရမယ်။ အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲတွေမှာပါရမယ်။ ညီလာခံ တက်ရောက်ရမယ်ဆို တာ မဖြစ်နိုင်ပါဘူး’’ဟု ၎င်းက ပြောကြားသည်။
ပင်လုံညီလာခံ ပထမအ ကြိမ်အစည်းအဝေးတွင် အစိုးရ က အားလုံးပါဝင်နိုင်ရေးကို အစ ပျိုးသည့်အနေဖြင့် NCA လက် မှတ်မရေးထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ ကိုပါ တက်ရောက်ခွင့်ပေးထား ခြင်းဖြစ်သည်။
‘‘သူတို့ပါချင်ရင်တော့ သူ တို့ထိုးရင်၊ သူတို့ဘယ်တော့ထိုးမ လဲမသိသေးဘဲနဲ့ ကျွန်တော်တို့က သူတို့ထိုးမယ့်အချိန်အထိ စောင့် ပြီးတော့မှ ဒါကြီးကိုမလုပ်ဘဲနဲ့ စောင့်နေရမယ်ဆိုတဲ့အနေအ ထားတော့ ဖြစ်လာမှာမဟုတ်ပါ ဘူး။ ကြားမှာသူတို့စဉ်းစားရတော့ မှာပေါ့’’ဟု ကျင်းပရေးပူးတွဲကော် မတီမှ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးက ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လည်း NCA အပေါ် အခြေခံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်မည်ဖြစ်ပြီး NCA တွင် အဖွဲ့အားလုံးပါဝင်နိုင်ရေး ကြိုး ပမ်းမည်ဖြစ်ကြောင်း ပြောကြား ထားသည်။
NCA ကို သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ရှစ် ဖွဲ့က လက်မှတ်ရေးထိုးထား သည်။ ၂၁ ရာစု ပင်လုံပထမအ ကြိမ် အစည်းအဝေးဖွင့်ပွဲအခမ်း အနားတွင် NCA လက်မှတ်ရေး ထိုးထားသည့် အဖွဲ့ရှစ်ဖွဲ့အပြင် လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့ကိုးဖွဲ့လည်း တက်ရောက် သည်။
7Day Daily
ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယနေ့တွင် ညီလာခံ တက်ရောက် လာသော တိုင်းရင်းသားအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

No comments: