Monday, September 12, 2016

နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု မူဘောင်တွင် သုံးပွင့်ဆိုင် ပြင်ဆင်ပေးပါက NCA လက်မှတ် ရေးထိုးသွားမည်ဟု မွန်ပြည်သစ်ပါတီမှ ဒုဥက္ကဋ္ဌ နိုင်ဟံသာ ပြော

နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု မူဘောင်တွင် သုံးပွင့်ဆိုင် ပြင်ဆင်ပေးပါက NCA လက်မှတ် ရေးထိုးသွားမည်ဟု မွန်ပြည်သစ်ပါတီမှ ဒုဥက္ကဋ္ဌ နိုင်ဟံသာ ပြော

Monday, September 12, 2016
 
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုစာချုပ် NCA တွင် လက်မှတ်ထိုးရန် ကျန်ရှိသည့်အဖွဲ့များအနေဖြင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများတွင် သုံးပွင့်ဆိုင်အဖြစ် လက်ခံပေးပါက လက်မှတ်ရေးထိုး သွားရန်ရှိကြောင်း မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။ ''မူဘောင်မှာ အဓိက တော့ ငါးပွင့်ဆိုင်၊ ခုနစ်ပွင့်ဆိုင်ကို ပယ်ဖျက်ပေးဖို့ဖြစ်တယ်။ အဲဒါက အဓိကအကျဆုံးဖြစ်တယ်။ ကျန်တာ ကတော့ သေးသေးလေးအချက် တွေရှိဦးမှာပဲ။ သုံးပွင့်ဆိုင်ကို လက်ခံရင် အန်ကယ်တို့ အဲဒီမူဘောင်ကို လက်ခံနိုင်တယ်''ဟု၎င်းက ပြောသည်။
အဆိုပါ NCA တွင် လက်မှတ်ရေးထိုးထားသည့်အဖွဲ့ ရှစ်ဖွဲ့မှ ရေးဆွဲထားသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု မူဘောင်ပုဒ်မ (၂၂)တွင် ပါဝင်ရမည့်သူများမှာ အုပ်စုမှာ ၁ဝ ခုခန့်ကို ရေးသားထား ခြင်းဖြစ်သည်။ ယင်း တို့မှာ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့၏ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ၊ တရားဝင် နိုင်ငံ ရေးပါတီကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ အရပ် ဘက်အဖွဲ့အစည်းများ၊ စီးပွားရေးအသင်းအဖွဲ့များ၊ ပညာရှင်အစုအဖွဲ့များ၏ ကိုယ်စားလှယ်များနှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သည့် ကိုယ်စားလှယ်များကို သင့်တော်သည့် အချိုးအစားအလိုက် ပါဝင်ရန် ပြဋ္ဌာန်း ထားခြင်းဖြစ်သည်။
NCA တွင် လက်မှတ် ရေးထိုးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု မူဘောင် ညှိနှိုင်းမှုအပေါ် များစွာ မူတည်နေပြီး ဆွေးနွေးမှုများ ပြေလည်ပါက လာမည့် ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ မတိုင်ခင်တွင် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း နိုင်ဟံသာက ဆက်ပြောသည်။ သို့သော်လည်း NCA တွင် လက်မှတ်ရေးထိုးသည့်အဖွဲ့များမှ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဒီမိုကရေစီအင်အားစုများ ပါဝင်လာပြီဖြစ်သည့်အတွက်ကြောင့် လက်ရှိအခြေအနေအရ သင့်တော်သလို သွားသင့်ကြောင်း ချင်းအမျိုးသားတပ်ဦးမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက သတင်းမီဒီယာများအား ပြောကြားခဲ့သည်။ ''သုံးပွင့်ဆိုင်က လက် တွေ့ ကျ မကျကို ပြန်သုံးသပ်ဖို့လိုတယ်။ နှစ်ပေါင်း ၆ဝ ကျော်ဖြစ်နေတဲ့ပြဿနာကို တရားသေပုံစံနဲ့ သွားလို့မရဘူး။ သုံးပွင့်ဆိုင်နဲ့ပဲ သွားလို့လဲ အဆင်မပြေဘူး။ တချို့နေရာမှာ နှစ်ပွင့်ဆိုင်၊ တချို့နေရာမှာ သုံးပွင့်ဆိုင်၊ တချို့နေရာမှာ ငါးပွင့်ဆိုင် ဖြစ်သွားမယ်''ဟု ၎င်းက ပြောသည်။
ထို့အပြင် လက်မှတ်မထိုးရသေးသည့် EOAs များက အားလုံးပါဝင်ရေးမူဖြစ်သည့်အတွက် ကြောင့် အစိုးရဘက်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့် ကန့်ကွက်ထားသည့် ရခိုင်တပ်မတော်(AA)၊ တအာင်း လွတ်မြောက်ရေးတပ်(TNLA)နှင့် မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်(ကိုးကန့်-MNDAA)တို့ကိုလည်း ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခြင်းမရှိပါက လက်မှတ်ရေးထိုးမှုကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ ''သုံးဖွဲ့ပါလာအောင် ကြိုးစားသွားမယ်။ လောလောဆယ် အနေအထားအရ နောက်ဆုံးအခြေ အနေအထိ သုံးပွင့်ဆိုင်ကို ခဏချန်ထား၊ ရှေ့မှာ ဖြေရှင်းလို့ရသွားမယ့်အနေအထားရှိရင် သုံးပွင့်ကိုလဲ သွားမ တိုက်ဘူးလို့ လက်မှတ်ထိုး သွားရင်လဲ လက်မှတ်ထိုးသွားမယ်'' ဟု နိုင်ဟံသာက ပြောသည်။
လာမည့်တတိယပတ်တွင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု မူဘောင်ပြင်ဆင်ရေးဆွဲရေးအစည်း အဝေးကို NCA လက်မှတ်မထိုးရ သေးသည့်အဖွဲ့များနှင့် မူဘောင် ပြင်ဆင်ရေးဆွဲရေးအဖွဲ့တို့မှ တွေ့ဆုံသွားမည်ဖြစ်ေ ကြာင်း သိရသည်။ NCA တွင် လက်မှတ် ရေးထိုးရန် ကျန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၊ မွန် ပြည်သစ်ပါတီ(MNSP)၊ ရှမ်းတိုးတက်ရေးပါတီ(SSA)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့(မိုင်းလား-ND- AA)၊ 'ဝ' ပြည် သွေးစည်ညီညွတ်ရေးပါတီ(UWSP)၊ 'ဝ' အမျိုးသားအဖွဲ့ချုပ်(WNO)နှင့် ရခိုင်အမျိုးသားကောင်စီ(ANC) တို့ဖြစ်သည်။
L လုဆိုင်း

No comments: